,
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် ဇီးပင်လယ်ကျေးရွာကို စစ်ကြောင်းထိုးရန် ဝင်ရောက်လာသည့် စစ်ကောင်စီ ကားနှစ်စီးကို ယမန်နေ့မနက်၅နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်များက စလစ်မိုင်း၅လုံး တူမီးရှေ့ထွက်မိုင်း၂လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့်ဒဏ်ရာရရှိသူများရှိနိုင်သည်ဟု Ayadaw Bone Naing PDF မှသိရသည်။ စစ်ကောင်စီ စီးနင်းလာသော ကား ၂စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ဒုတိယမြောက်ကား ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ဦးသေဆုံးပြီး ၈ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိနိုင်ကြောင်း အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အရာတော်
အရာတော်မြို့နယ် ဆင်တလည်ကျေးရွာမှ နေအိမ် ၃၇ လုံးကို ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်း ၁၀နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့များ ဝင်ရောက်စီးနင်းကာ မီးရှို့သွားကြောင်း Ayadaw Bone Naing PDF ထံမှ သိရသည်။ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဆင်တလည်ရွာကို လက်နက်ကြီး ၁၅ လုံး ခန့် ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ချက်ချင်းပြန်ထွက်ခွာသွားကြောင်း
စစ်ကိုင်းတိုင်း အရာတော်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ၁၃ ဦးထိ သေဆုံးသူ ရှိလာကြောင်း ဒေသ သတင်းရင်းမြစ်မှ သိရသည်။ အရာတော်မြို့နယ်တွင် မေလ ၂၀ ရက်နေ့မှစတင်ကာ ဝင်ရောက်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ၎င်းတို့ဝင်ရောက်လာသည့် ကျေးရွာတစ်လျှောက်မှ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ပစ်ခတ်မူများ ပြုလုပ်လာသည့်အတွက် တစ်ပတ်အတွင်း သတ်ဖြတ်ခံရသည့် ပြည်သူ ၁၃ ဦးထက်မနည်း ရှိလာကြောင်း သိရသည်။ "လက်နက်ကြီးနဲ့ပစ်တော့ ပြေးတဲ့သူတွေကပြေးကြတာပေါ့ ပြေးရင်းနဲ့ အဲ့ချိန်မှာ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဒီနေ့ မေလ ၃၀ ရက် ၅ရက်အတွင်းမှာ အိမ်ခြေတစ်ရာကျော် မီးရှို့ဖျက်စီးခံခဲ့ရသည်ဟု ဒေသခံတစ်ဦးထံ မှ သိရသည်။ "မေလ ၂၀ ရက်နေ့မှာ ထန်းတောကုန်းမှာ တိုက်ပွဲဖြစ်တယ်။ စပြီးစစ်ကြောင်းထိုးတာက ၂၅ရက်နေ့ကစဝင်တယ်။ ၂၆ မှာ ရွှေတွင်းကုန်းကို မီးဝင်ရှို့တယ် အရှို့ခံရတဲ့အိမ်ခြေက တစ်ရာကျော်လောက်ရှိပြီ တစ်ချို့ရွာတွေကို ၆အိမ်၇အိမ်ပဲရှို့တာ တော်လှန်ရေးလုပ်တဲ့အိမ်တွေပေါ့ ဆိုကြပါစို့ ပြည်သူတွေကမပြေးနိုင် အဲ့ပြည်သူတွေကို
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊ ရှောက်ခါးကျေးရွာရှိ လူနေအိမ် ၆၀ ကျော်ကို စစ်ကောင်စီတပ်က ယနေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း အရာတော် ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်း အင်အားအများအပြားပါဝင်သည့် စစ်ကောင်စီတပ်သားများ ရှောက်ခါး ကျေးရွာအတွင်းသို့ သေနတ်ပစ်ကာ ဝင်ရောက်လာပြီးနောက် လူနေအိမ် ၆၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး