ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ဖားကန့်မြို့နယ် အေးမြသာယာ ကျောက်စိမ်းလုပ်ကွက်ဟောင်းကျင်းထဲတွင် အိမ်စီးကားတစ်စီး ပြုတ်ကျခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ နံနက် ၉နာရီခွဲတွင် မှော်မောင်းလျှံကျေးရွာမှ ဖားကန့်ပြည်သူ့ဆေးရုံသို့ လသားအရွယ် ကလေးကို ကာကွယ် ဆေးသွားထိုး၍အပြန်တွင် အေးမြသာယာ အနီးရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတွင် ကားဘရိတ်ပေါက်၍ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ကယ်ဆယ်ရေးသမားတစ်ဦးက KNGသတင်းဌာနသို့ ပြောသည်။ "အရင်တုန်းက လုပ်ကွက်ဟောင်းပေါ့ ပေငါးရာလောက်ကတော့အနည်းဆုံးမြင့်တယ်။
ဖားကန့်မြို့ အေးမြသာယာ ကျောက်ဝိုင်းအနီးတွင် မတ် ၁၆ ရက်နေ့ညက စစ်ကောင်စီတပ်သားများ လမ်းလျှောက် လှည့်လှည်စဉ် မိုင်းပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းပေါက်ကွဲမှုမှာ ယမန်နေ့ ည ၉ နာရီ မိနစ်လေးဆယ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် အင်အား ၆၀ ခန့်သည် မြို့တွင်း လမ်းလျှောက်ကင်းလှည့်ပြီးအပြန်တွင် အေးမြသာယာကျောက်ဝိုင်းအကျော် ကုန်းတက်နေရာတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိနိုင်ကြောင်း ယင်းကျောက်ဝိုင်းအနီးနေထိုင်သူ တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။