သတင်း

ကားတိုက်ခံရတဲ့ လူနာသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မေလ ၁၆ ရက်ည ကားတိုက်ခံရတဲ့ အမျိုးသားတစ်ဦး ဆေးရုံတင်ထားရာ ဒီမနက်ဆုံးသွားပြီဖြစ်တယ်လို့ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေး အသင်းတွေ ဆီကနေသိရပါတယ်။

မေလ ၁၆ ရက်‌ မနေ့ည ၈နာရီခွဲဝန်းကျင် အေးမြသာယာဈေးအနီး ရှမ်းရွာလမ်းက‌နေ ဈေးဘက် လမ်းလျှောက်ထွက်လာတဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ကားတစ်စီးက ဝင်တိုက်သွားခဲ့တာဖြစ်ပါတယ်။

ကားတိုက်ခံရတဲ့ အမျိုးသားကို ချီဆောင်ခြင်းလူမူကူညီရေးအသင်းအကူညီနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံပို့ဆောင်နိုင်ခဲ့ပေမယ့် အတွင်းဒဏ်ရာပြင်းထန်သွားတာ‌ကြောင့် ဒီမနက်ဆုံးသွားပြီလို့ ချီဆောင်ခြင်းလူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

မနေ့က ဆေးရုံသွားပို့တဲ့ အချိန်တော့ အကောင်းအတိုင်းဘဲ။ ဒါပေမယ့် ဒီမနက်တော့ သေသွားတယ်လို့ ကြားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားကတော့ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာကြီးကြီးမှားမှား မတွေ့ရပေမယ့် ခေါင်းထိပြီး အတွင်းကြေဒဏ်ရာနဲ့ သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်သွားတဲ့ ကားသမားကတော့ ထွက်ပြေးသွားခဲ့ပြီး လက်ရှိချိန်ထိဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ကားသမားက တိုက်ပြီးပြေးသွားတာတဲ့ ချက်ခြင်းပြေးသွားတော့ ကားနံပါတ်ရော ကားအမျိုးအစားရော ဘယ်သူမှ သေချာမသိလိုက်ဘူးလို့ ဆိုပါတယ်။

မြစ်ကြီးနား မြို့မှာ ၂၀၂၄ခုနှစ်ကစပြီး ဇန်နဝါရီလတစ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၅၀ကျော်မှာ သေဆုံးသူ ၄ဦး၊ ဖေဖော်ဝါရီလ ယာဉ်တိုက်မှုပေါင်း ၃၄ ကြိမ်မှာ သေဆုံးသူ ၄ဦး၊ မတ်လ ယာဉ်တိုက်မှုပေါင်း ၇၀ ကျော် သေဆုံးသူ ၂ ဦးထိရှိခဲ့တာဖြစ်ပြီး ဧပြီလမှာတော့ ယာဉ်တိုက်မှုပေါင်း ၅၀ ဖြစ်ပွားခဲ့တဲ့ထဲမှာ သေဆုံးသူတစ်ဦးရှိခဲ့တာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button