စစ်ဘေးရှောင်

  • Jun- 2023 -
    9 June
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူတွင် သုံးရက်အတွင်း စစ်ဘေးရှောင်၂ဦး မြွေပွေးကိုက်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ဘေးရှောင် အမျိူးသား၂ဦး မြွေပွေးကိုက်ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။ မြွေကိုက်ခံရသူများသည် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်က အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိူးသားနှစ်ဦးဖြစ်ကြပြီး လက်ရှိမှာ မြွေဆိပ်ဖြေဆေး…

    Read More »
  • 5 June
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦးတွင် စစ်ဘေးရှောင်ရင်း အဘွားအိုတစ်ဦး အမောဖောက်သေဆုံး

    ခင်ဦးမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဝင်လာပြီး ကျေးရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင် ထွက်ပြေးရင်း အဘွားအိုတစ်ဦး အမောဖောက် သေဆုံးခဲ့ရသည်ဟု သိရသည်။ ဖြစ်စဉ်သည် ဇွန်လ ၄ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အမောဖောက်သေဆုံးသွားသော အဖွားအိုမှာ မရမ်းအင်းကျေးရွာမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်မြဝင်းဆိုသူဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိ သူတစ်ဦးကဆိုသည်။ “မနေ့ကမနက်ပိုင်းမှာဖြစ်သွားတာပါ…

    Read More »
  • May- 2023 -
    24 May
    မြေယာနှင့် သဘာဝပတ်ဝန်းကျင်

    မုန်တိုင်းသင့် စင်ကြိုင်စစ်ဘေးရှောင်စခန်းအတွက် နေအိမ်များပြန်လည်တည်ဆောက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေ

    ဝိုင်းမော်မြို့နယ်၊ စစ်ကြိုင်စစ်ရှောင်စခန်းအတွင်း လေပြင်းမုန်တိုင်းတိုက်ခတ်ခံရမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ရန် အကူညီများလိုအပ်နေကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် စင်ကြိုင်စစ်ဘေးရှောင်စခန်းမှ နေအိမ်များအား မိုးတွင်းကာလမရောက်မှီ ပြန်လည်တည်ဆောက်ရန် ပြင်ဆင်နေသော်လည်း အခက်ခဲများစွာရှိနေကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။ “အခုကတော့ ဖြစ်သလိုဘဲ နေနေရတာပေါ့ ၊ မိုးကာတွေ၊ လှန်သွားတဲ့ သွပ်တွေနဲ့ဘဲ ဖြစ်သလိုလုပ်ပြီး နေကြတယ်၊…

    Read More »
  • 2 May
    စစ်ပြေးဒုက္ခသည်များ

    ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။ နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး‌ နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ် “ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။ ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။ “သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့“ဟုဒေသခံတစ်ဦးကဆိုသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

    Read More »
  • Apr- 2023 -
    22 April
    သတင်း

    ကန့်ဘလူတွင် ရှစ်နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ်တစ်ဦး မြွေကိုက်ခံရလို့ သေဆုံး

    ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ် ဝက်သအင်းကျေးရွာမှ အသက်ရှစ်နှစ်အရွယ် စစ်ဘေး‌ရှောင်ကလေးငယ်တစ်ဦး တောထဲတွင် စစ်ဘေးရှောင်နေစဥ် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသည်ဟု သိရသည်။ ဖြစ်စဥ်မှာ အဆိုပါကလေးငယ်သည် မိသားစုများနှင့် တောထဲတစ်နေရာတွင်စစ်‌ဘေးရှောင်နေစဥ် ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က ထမင်းချက်ရန်ထင်းသွားရှာရင်း မြွေကိုက်ခံခဲ့ရခြင်းဖြစ်ပြီး…

    Read More »
  • Feb- 2023 -
    20 February
    စစ်ပြေးဒုက္ခသည်များ

    ကန့်ဘလူက စစ်ဘေးရှောင်၂သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းရှိ စစ်ဘေးတိမ်းရှောင်နေကြသည့် ဒေသခံပြည်သူ ၂သောင်းကျော်အတွက် သောက်သုံးရေ၊စားနပ်ရိက္ခာနှင့်ဆေးဝါးအကူညီများ လိုအပ်နေ‌ကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သောအပတ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၄ ခုဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီအဖွဲ့သည် ကန့်ဘလူတောင်ဘက်ခြမ်းရှိ…

    Read More »
  • Jan- 2023 -
    20 January
    စစ်ပြေးဒုက္ခသည်များ

    ရွေးကောက်ပွဲအတွက် စစ်ဘေးရှောင်စခန်း‌တွေမှာ လူဦးရေစာရင်း စတင်ကောက်ခံနေ

    အာဏာသိမ်းစစ်ကောင်စီတပ်ကနေ ဦးဆောင်ပြီး လာမယ့် ဩဂုတ်လမှာကျင်းပမယ့် အထွေအထွေရွေးကောက်ပွဲအတွက် မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတွေမှာ လူဦးရေစာရင်း စတင် ကောက်ခံနေပြီလို့ သိရပါတယ်။  အဲ့ဒီလူဦးရေစာရင်းကိုတော့ ဇန်နဝါရီလ ၉ ရက်ကနေ ၃၀ ရက်အတွင်းကောက်ယူပေးဖို့ စစ်ကောင်စီတပ်က စစ်ဘေးရှောင်တာဝန်ခံတွေကို ညွှန်ကြားထားတာလို့ မြစ်ကြီးနား မြို့ပေါ်က စခန်းနာမည် မဖော်လိုတဲ့ စစ်ရှောင်တစ်ဦးက…

    Read More »
  • Dec- 2022 -
    23 December
    စစ်ပြေးဒုက္ခသည်များဖားကန့်

    ဖားကန့်စစ်ရှောင်ပြည်သူများ နေရာထိုင်ခင်း အဆင်မပြေမှုကြောင့် စွန့်ပစ်မြေစာပုံများတွင် နေရာချပေးရန် လိုလား

    နေရာထိုင်ခင်း အခက်အခဲကြောင့် ဖားကန့်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို စွန့်ပစ်မြေစာပုံများပေါ်တွင် နေရာချပေး စေလိုကြောင်း စစ်ရှောင်ပြည်သူများပြောသည်။ ယခုနှစ် သြဂုတ်လကတည်းက ဖားကန့်မြို့နယ် မှော်ဘုံ(မဒဲ့ယန်)၊ မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ၊ နမ္မဖြစ်၊ လုံးခင်း စသည့်ကျေးရွာများတွင် စစ်ဘေးရှောင်လာကြသည့် ဆယ်ဇင်းပြည်သူများသည် စစ်ရှောင်ကာလ ၅လနီးပါး ကြာမြင့်လာပြီးနောက်…

    Read More »
  • May- 2022 -
    31 May
    သတင်း

    ဒီပဲယင်း စစ်ရှောင်လူဦးရေ နှစ်ထောင် အတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စစ်ဘေးရှောင်ဦး‌ရေ နှစ်ထောင် ဝန်းကျင်အတွက် စားနပ်ရိက္ခာအရေးပေါ်ကူညီထောက်ပံ့ရန် လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူများထံမှ သိရသည်။ မေလဆန်းပိုင်းမှ စကာ စစ်ကောင်စီတပ်သားများသည် ဒီပင်ယင်းမြို့နယ်၊ အရှေ့ဘက်ခြမ်း၊ တောင်ဘက်ခြမ်းများသို့ စစ်ကြောင်းထိုးလာမှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူ ပိုများလာသည့်အပြင်…

    Read More »
Back to top button