စစ်ပြေးဒုက္ခသည်များသတင်း

ခင်ဦး စစ်ရှောင်များ သောက်သုံးရေ အခက်တွေ့နေ

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ ပိုမိုခက်ခဲလာ‌နေကြောင်း သိရသည်။

နွေကာလ အပူအချိန်မြင့်တက်လာသည်နှင့်အမျှ မိုးခေါင်ရေရှားမူများဖြစ်လာသည့်အပြင် ကျေးရွာများအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်မှလည်း လျှပ်စစ်ထရမ်စဖော်မာများ၊ ရေဘုံဘိုင်များနှင့်ရေတွင်းများကိုဖျက်ဆီး‌ နေသောကြောင့် သောက်သုံးရေ အခက်တွေ့နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

အပူချိန်ကလည်းပိုမြင့်လာတော့ ရေခမ်းခြောက်တာတွေကရှိလာတယ် စစ်ဘေးရှောင်တွေရော ဒေသခံတွေအတွက်ကော ရေအခက်အခဲက လုံးဝအကြပ်အတည်းဖြစ်နေတာပေါ့ ။တစ်ချို့ရွာတွေမှာဆို အစာရေစာပြတ်လို့ကျွဲနွားတွေသေဆုံးတာတွေပါရှိလာတယ်ဟုခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကတာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့အပြင် တက်ဖက်တွင် စစ်ကောင်စီတပ်ကလည်း ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏဝင်ရောက်စစ်ကြောင်းထိုးမီးရှို့နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများပိုမိုများပြားလာပြီးစားနပ်ရိက္ခာများနှင့်အရေးပေါ်အကူညီများလိုအပ်နေကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံများနှင့်စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေရရှိရန်အတွက် ရေရရှိရာနေရာများသို့လှည်း၊ထော်လာဂျီများဖြင့် ရေသွားသယ်၍စုဆောင်းရသည့်အခြေအနေများကြုံနေရသည် ဟု ဒေသခံတစ်ဦးကဆိုသည်။

သောက်သုံးရေရရှိဖို့အတွက်ကို လှည်းတွေနဲ့သွားပြီး ရေသွားသယ်ရတယ် အရင်ကလည်းရေရှားပါးတာကကြုံ ရတယ်ဆိုပေမဲ့ အခုစစ်ရေးအခြေနေတွေကြောင့်ဆိုတော့ ရေအခက်အခဲကပိုပြီးသိသာလာတာပေါ့ဟုဒေသခံတစ်ဦးကဆိုသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သောက်သုံးရေအခက်အခဲပြဿနာနှင့်စားနပ်ရိက္ခာအခက်အခဲများ ကြုံနေ ရသော စစ်ဘေးရှောင်များနှင့်ဒေသခံပြည်သူများအတွက် တစ်စုံတစ်ရာကူညီလှူဒါန်းလိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးဖေ့ဘုတ်စ်ပ်ေချ်မှတစ်ဆင့်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။

Show More

Related Articles

Back to top button