စစ်ပြေးဒုက္ခသည်များသတင်း

ကန့်ဘလူတွင် သုံးရက်အတွင်း စစ်ဘေးရှောင်၂ဦး မြွေပွေးကိုက်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဇွန်လ ၆ရက်နေ့မှ ၈ရက်နေ့အထိ သုံးရက်တာအတွင်း စစ်ဘေးရှောင် အမျိူးသား၂ဦး မြွေပွေးကိုက်ခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

မြွေကိုက်ခံရသူများသည် ကိုးတောင်ဘို့တိုက်နယ်နှင့် ချပ်သင်းတိုက်နယ်က အသက် ၃၀ နှစ်အရွယ် ဒေသခံအမျိူးသားနှစ်ဦးဖြစ်ကြပြီး လက်ရှိမှာ မြွေဆိပ်ဖြေဆေး ၄ လုံးစီ ထိုးပေးထားရပြီး‌ ဆေးကုသမူခံယူလျှက်ရှိသည်ဟု ကျွန်းလှတက်ကြွလှုပ် ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ကိုးတောင်ဘို့ကတစ်ယောက်က ၆ရက်နေ့ညနေပိုင်းမှာ နွားသွားသိမ်းရင်းကိုက်ခံရတာ ချပ်သင်းက တစ်ယောက်ကတော့ သူ့စစ်ရှောင်တဲမှာပဲ သန့်ရှင်းရေးလုပ်ရင်းမြွေကိုက်ခံခဲ့ရတာပါ အခုတော့ ဆေးကုသမူ ခံယူနေပါတယ် ဟုကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရသည်။

လက်ရှိတွင် အဆိုပါအမျိုးသား ၂ ဦးသည် အခြေအနေစိုးရိမ်ရသည့်အတွက်  စောင့်ကြည့်နေရတဲ့အခြေအနေရှိနေကြောင်းသိရသည်။

ကန့်ဘလူဒေသတွင် ယခုလိုရာသီတွင် မြွေဆိုးပေါများလေ့ရှိပြီး အဆိပ်ပြင်းတဲ့ မြွေပွေးနှင့် မြွေဟောက် အများဆုံးထွက်သည့်ဒေသဖြစ်တာကြောင့် ဆေးဝါးများအဆင်သင့် ဆောင်ထားဖို့လိုသည်ဟု ကျန်းမာရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အခုက လယ်စိုက်တဲ့ကာလလည်းဖြစ်တယ် ဒီလိုအချိန် မိုးဦးကျလယ်စိုက်တဲ့အချိန်နဲ့ ကောက်ရိတ်တဲ့ အချိန်မှာ မြွေဆွေးကိုက်တာကအများဆုံးဖြစ်တာပေါ့ ဆေးဝါးအကူညီကတော့ လုံလောက်တယ်လို့တော့ မရှိပါဘူး ဆေးဝါးကတော့ကြိုပြင်ဆင်ထားသင့်တာပေါ့ဟုကျန်းမာရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် မေလအတွင်းမှာလည်း ကန့်ဘလူမြို့နယ်တွင် မြွေဆိုးကိုက်ခံရသူ ၈ဦးအထိစံချိန်တင် တွေ့ရှိခဲ့ရာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်များထဲမှ မြွေဆိုးကိုက်ခံရသူ ၇၂ဦးအထိရှိလာပြီး ကလေးငယ်၂ဦးအပါအဝင်သေဆုံးသူ၆ဦးအထိရှိခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့၏ မှတ်တမ်းများအရသိရသည်။

Show More

Related Articles

Back to top button