ဆော့လော်
- Oct- 2024 -20 Octoberသတင်းဆောင်းပါး

စိန်ခေါ်မှု များစွာရှိတဲ့ မြို့သိမ်းတိုက်ပွဲများ
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF အုပ်ချုပ်မှုစနစ် အောက် တလှည့်စီ နေထိုင်ခဲ့တဲ့ တရုတ်နယ်စပ် ပန်ဝါမြို့ကို KIA တပ် အောက်တိုဘာလ ၁၈ ရက်ညမှာ သိမ်းပိုက်ခဲ့ပါတယ်။ ပန်ဝါမြို့ကို အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီဝန်းကျင်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာကြောင့် ၄ နာရီဝန်းကျင်သာ ကြာမြင့်ခဲ့တယ်လို့ ပန်ဝါဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More » - 16 Octoberသတင်း

ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသ တိုက်ပွဲဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲမဟုတ်ဘူးလို့ KIO ပြော
ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ လူမျိုးအချင်းအချင်းတိုက်ခိုက်ကြတဲ့ တိုက်ပွဲမဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ ထောက်တိုင်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်နေတာဖြစ်တယ်လို့ KIO ပြောပါတယ်။ ကချင်လူထု မျှော်လင့်နေတဲ့ နိုင်ငံရေးပန်တိုင်ကို တည်ဆောက်နိုင်ဖို့ရန်အတွက် စစ်အာဏာရှင် သက်ဆိုးရှည်အောင်…
Read More » - 15 Octoberသတင်း

စစ်ရှုံးနေတဲ့ နယ်ခြားစောင့်တပ် တပ်သားသစ်အပူတပြင်းစုဆောင်းနေ
နှစ်ပေါင်း ၅၀ ကျော်အုပ်ချုပ်လာတဲ့ နယ်မြေတွေကို လက်လွှတ်လာရတဲ့ နယ်ခြားစောင့်တပ်ဟာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းတာတွေ အပူတပြင်းလုပ်ဆောင်နေပါတယ်။ ၂၀၂၄ ခုနှစ် မေလကနေ စတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ် KIA ရဲ့စစ်ဆင်ရေး ၃ လအကြာ ဇွန်လမှာတော့ ကချင်အထူးဒေသ ၁ နယ်မြေဘက်ထိုးစစ်ဆင်လာခဲ့ပြီး နယ်ခြားစောင့်တပ်ထိန်းချုပ်မှုအောက်ရှိ မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ဝိုင်းမော်– ကံပိုင်တည်လမ်းမပေါ် ၁၀၀၃ တပ်ရင်းရှိရာ စင်ကြိုင်ရွာအနီး ဆဒုံးမြို့ KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ဆဒုံးမြို့ကိုသိမ်းလိုက်တဲ့နောက် ဩဂုတ်လ ၅ ရက်နေ့ဝန်းကျင်စ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ မြစ်ကြီးနား– ချီဖွေ– ပန်ဝါ လမ်းသွားလမ်းလာ လူငယ်တွေအပြင် သတ္တုတူးဖော်တဲ့လုပ်ငန်းခွင်ထဲထိ လိုက်လံဖမ်းဆီးနေတယ်လို့ ချီဖွေဒေသခံတွေ ပြောပါတယ်။ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့တွေဟာ တပ်သားစတင်စုဆောင်းလာချိန် ချီဖွေ၊ပန်ဝါဒေသကို ကာကွယ်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက် ဒေသခံတွေကိုအဓိက တပ်သားစုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကချင်အထူးဒေသ ၁ နယ်မြေတွင်း နှစ်ဖက်တိုက်ပွဲပိုပြင်းထန်လာလေ တပ်သားစုဆောင်းမှုဟာ အရှိန်ဆက်မြင့်တက်လာပြီး လူမျိုးဘာသာမရွေး လူငယ်၊လူလတ်ပိုင်းတွေကို သတ္တုလုပ်ငန်းခွင်ထဲထိ ဖမ်းဆီးတာအပြင် ပန်ဝါမြို့တွင်း၊စားသောက်ဆိုင်၊တည်းခိုခန်းအထိ ဖမ်းဆီးမှုပိုဆိုးလာတယ်လို့ ပန်ဝါမြို့ခံ ပြည်သူတွေပြောပါတယ်။ “အစပိုင်းက ချီဖွေမှတ်ပုံတင်၊ပန်ဝါမှတ်ပုံတင်ကိုင်တဲ့သူတွေဘဲ ဖမ်းတယ်။ ဒါပေမယ့် ခုနောက်ပိုင်းက လူမျိုမရွေးဘူးအားလုံးဖမ်းတယ်။ အလုပ်သမားကဒ်လျှောက်မယ့်သူတွေကိုလည်း ကဒ်ကမလုပ်ပေးဘဲ လူကခေါ်သွားတယ်။ ခုပန်ဝါမှာ တွေ့ရာဆွဲသလိုဖြစ်နေတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ ဩဂုတ်လအတွင်း ဖမ်းဆီးရမိထားတဲ့ တပ်သားသစ်တွေကို ချီဖွေ–မြစ်ကြီးနားလိုင်းကားနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက် စစ်သင်တန်းတွေပို့ဆောင်နေပေမယ့် စက်တင်ဘာလ ၂၉ ရက် ချီဖွေမြို့၊ ၃၀ ရက်နေ့ ဆော့လော်မြို့ကိုထပ်ပြီး လက်လွှတ်လိုက်ရတဲ့နောက် ပြည်သူ့စစ်တပ်တွေဟာ အင်အားပိုချိနှဲ့လာပြီး ဖမ်းဆီးရမိသူတွေကို စစ်သင်တန်းမပို့နိုင်တော့ဘဲ ရှေ့တန်းကို တန်းပို့နေတယ်လို့ ပန်ဝါဒေသခံတွေပြောပါတယ်။ “ဖမ်းပြီးတာနဲ့စစ်သင်တန်းလည်းမပေးဘူးလေ တစ်ခါတည်းတန်းပို့တာ မနေ့ညလည်း မြို့ပေါ်အဆောင်တစ်ခုမှာ ၁၀ယောက်ကျော်ဖမ်းသွားတယ်။ တစ်ချို့နေရာတွေလည်း ဖမ်းမှာဘဲ ကျနော်သိတာက မနေ့က ၁၀ ယောက်ကျော်ဖမ်းခံသွားရတယ်။ ခုပြည်သူ့စစ်တွေက ဘာလုပ်နေလဲဆိုရင် ကလေးတွေကို စစ်သင်တန်းလည်း မပေးဘဲတစ်ခါတည်းရှေ့တန်းပို့နေတာ”လို့ပြောပါတယ်။ ဒါကတော့ အောက်တိုဘာလ ၁၄ ရက်ည ပန်ဝါမြို့ပေါ် ဧည့်စာရင်းစစ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်ဝါမြို့တွင်းအဆောင်ဌားပြီးနေထိုင်တဲ့ သတ္တုလုပ်ငန်းခွင်က လူငယ်တွေ အဆောင်ပြန်လာချိန် အစုလိုက်အပြုံလိုက်ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဥိီး ပြောပါတယ်။ လတ်တလော ချီဖွေမြို့နဲ့ မိုင် ၃၀ ဝန်းကျင်မှာရှိတဲ့ ပန်ဝါမြို့စောင့်တပ် ၁၀၀၂ တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၁၅ ရက်နေ့ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင် အပြီးသတ်သိမ်းလိုက်နိုင်ပြီဖြစ်ပါတယ်။ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်အောက် တပ်ရင်းဌာနချုပ်တွေဟာ ချီဖွေမြို့နဲ့ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာမှာ ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော်–ကံပိုက်တည်သွားလမ်းမကြီး စင်ကြိုင်ရွာ ၁၀၀၃ တပ်ရင်း နဲ့ ပန်ဝါမြို့အနီးဆုံး နေရာဟာ ၁၀၀၂ တပ်ရင်းဌာနချုပ်တွေဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ ၄ နှစ်တာကာလအတွင်း စစ်အာဏာရှင်ကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းရာမှာ မိမိလူမျိုးအချင်းချင်း စည်းလုံးမှုကို ပျက်ပြားပြီး သွေးထွက်သံယိုဖြစ်မယ့် တိုက်ပွဲဖော်ဆောင်မှုတွေကို အတတ်နိုင်ဆုံးရှောင်ရှားတဲ့ နည်းလမ်းဆောင်ရွက်နေတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့ ကျရောက်တဲ့ ကချင်အာဇာနည်နေ့ KIO ဥက္ကဌရဲ့ မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။ ဒါကြောင့် ကချင်အထူးဒေသ ၁ နယ်ခြားစောင့်တပ်နဲ့ KIA တပ်တို့ဟာ တိုက်ပွဲမပြင်းထန်သေးခင် နှစ်ဖက်တပ်တို့အကြား ညှိနှိုင်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေအကြားသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြေလည်မှုမရရှိတဲ့အပြင် နယ်ခြားစောင့်တပ်ဘက်က စစ်မိန့်ထုတ်ပြန်လိုက်တာကြောင့် ခုလိုတိုက်ပွဲပြင်းထန်လာတာလို့ ပန်ဝါဒေသခံပြည်သူတွေပြောပါတယ်။ ၁၉၆၅ ဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှာ တပ်မှူးနေရာထမ်းဆောင်ခဲ့တဲ့ လချိဒ်မျိုးနွယ်စုဝင် ဦးဇခုန်တိန့်ယိန်းက ၁၉၆၈ ခုနှစ်မှာ KIA သဘောထားချင်းမတိုက်ဆိုင်တော့တဲ့အတွက် ကွန်မြူနစ်ဝါဒကို လက်ခံကျင့်သုံးပြီး ကချင်အရှေ့မြောက်ဒေသ တရုတ်နယ်စပ် ပန်ဝါမြို့ကိုထူထောင်ပြီး အထူးဒေသ – ၁ နယ်မြေသတ်မှတ်ကာ ချီဖွေ၊ ဆော့လော် နဲ့ ဝိုင်းမော်၊ ဆဒုံးဒေသတွေမှာလှုပ်ရှားခဲ့ရာကနေ ၂၀၀၉ မှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ကနေ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရပ်တည်လိုက်ပါတယ်။ နယ်ခြားစောင့်တပ်အဖွဲ့အဖြစ် အသွင်ပြောင်းလိုက်ပြီးနောက် ၂ နှစ်အကြာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်အကြား တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာချိန်မှာတော့ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရောက်ရှိသွားတဲ့ ဦးဇခုန်တိန့်ယိန်း နဲ့ KIA တို့ရဲ့ဆက်ဆံရေးဟာ အရင်ထက် မကောင်းနိုင်တော့ပဲ နှစ်ဖက်တပ်ကြား ရံဖန်ရံခါတင်းမာမှုတွေ စတင်လာပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးဆိုးရွားလာပြီး ၂၀၂၄ ခုနှစ် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ရက်စွဲဖြင့် နယ်ခြားစောင့်တပ်ဘက် စစ်မိန့်ထုတ်ပြန်လာပါတယ်။ အဲဒီစစ်မိန့်ထုတ်ပြန်လိုက်ပြီးနောက် တစ်လအကြာ ဩဂုတ်လမှာ KIA ပူးပေါင်းတပ်က ဆဒုံးမြို့ကို သိမ်းလိုက်ပြီး စက်တင်ဘာလကုန်ပိုင်း ချီဖွေနဲ့ဆော့လော်ကိုထပ်သိမ်းထားပြီး လက်ရှိ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးဟာ ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိ ပန်ဝါမြို့ဦးတည်နေပြီး လက်တစ်ကမ်းအလိုမှာရောက်ရှိနေပြီဖြစ်ပါတယ်။ By…
Read More » - 14 Octoberသတင်း

ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော
ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…
Read More » - 14 Octoberသတင်း

ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ
ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွားကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရတယ်”လို့ ပြောပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ်လုပ်ပေးဖိုတောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့သူ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသမရွေးဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကားမောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့မောင်းနေရတာပေါ့”လို့ ပြောပါတယ်။ လက်ရှိ တပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေးဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။ ကချင်– တရုတ်နယ်စပ်မှာရှိတဲ့ ကန်ပိုင်တည်မြို့ဟာ ဝိုင်းမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်၂၀၈.၅၉ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအနေနဲ့ ၅၄၆၀ ဦးရှိပြီး ခရစ်ယာန်အများစုနေထိုင်တယ်ဒေသဖြစ်တယ်လို့ မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်– ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Hope
Read More » - May- 2024 -8 Mayသတင်း

ဆော့လော်မြို့နယ်မှာ မြို့တွင်းတပ်တစ်ခုသာ ကျန်ရှိ
ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလ လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ဆော့်လော်မြို့တွင်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့၊ ဆော့လော်မြို့တွင်း အခြေစိုက်…
Read More » - Apr- 2024 -29 Aprilသတင်းဆောင်းပါး

ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ
စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဆော့လောမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ မျောမော ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » - 11 Aprilသတင်း

ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား ၆ ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။ ချီဖွေမြို့ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို KIA က ဧပြီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာသွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “သူက စစ်တပ်စခန်း မဟုတ်ဘူး။ ပြည်သူ့စစ်စခန်းကို သွားသိမ်းတာဟုတ်တယ်။ ပြည်သူ့စစ်တပ်သား ၆ ယောက်ကို ဖမ်းဆီးရမိတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်းပါတယ်။ တခြား ပြည်သူ့စစ်စခန်းတွေလည်း ကျန်သေးတယ်။ အခုသိမ်းလိုက်တဲ့ ပြည်သူ့စစ်စခန်းက ဆော့လော်နဲ့ အနီးဆုံးဖြစ်တဲ့နေရာက…
Read More » - Nov- 2023 -3 Novemberသတင်း

ဆော့လော် PDF တပ်သား ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်း
ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ်မှာရှိတဲ့ ဆော့်လော် PDF တပ်သား ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်းသွားတယ်လို့ ဆော့်လော်ဒေသခံတွေဆီက ပြောပါတယ်။ အဲဒီ ဆော့လော် PDF တပ်သား ၈ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂…
Read More » - Mar- 2023 -23 Marchသတင်း

အခွန်ကောက်ခံသည့်ဂိတ် များလာသောကြောင့် ဆော့လော်ဒေသခံများ အစားအသောက် အခက်ကြုံ
ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်ကောက်ခံသည့် ဂိတ်ပိုမိုများလာသောကြောင့် ဆော့လော်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်လာသည့် အခက်အခဲကို ဒေသခံများ ရင်ဆိုင်နေရကြောင်း သိရသည်။ မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့သွားရာ လမ်းတစ်လျှောက် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီထိန်းချုပ်ရာ ဂိတ်များတွင် ဓာတ်ဆီ နဂါးပုံးတစ်ပုံးကို ၅ ထောင်ကျပ်၊…
Read More »








