တိုက်ပွဲသတင်း

ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား  ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။

ချီဖွေမြို့ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို KIA က ဧပြီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း  နာရီလောက်မှာသွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။

သူက စစ်တပ်စခန်း မဟုတ်ဘူး။ ပြည်သူ့စစ်စခန်းကို သွားသိမ်းတာဟုတ်တယ်။ ပြည်သူ့စစ်တပ်သား  ယောက်ကို ဖမ်းဆီးရမိတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်းပါတယ်။ တခြား ပြည်သူ့စစ်စခန်းတွေလည်း ကျန်သေးတယ်။ အခုသိမ်းလိုက်တဲ့ ပြည်သူ့စစ်စခန်းက ဆော့လော်နဲ့ အနီးဆုံးဖြစ်တဲ့နေရာက ဟုတ်တယ်လို့ ပြောပါတယ်။

ချီဖွေကနေ ဆော့လော်ကိုသွားတဲ့ လမ်းကြောမှာပြည်သူ့စစ်စခန်း  ခုလောက်ရှိနေပြီး ဆော့လော်နဲ့ အနီးဆုံးနေရာမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို KIA တပ်တွေသွားရောက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မျောမောပြည်သူ့စစ်စခန်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ စစ်ကောင်စီတပ်သားအင်အားအများအပြား အဝင်ထွက်လုပ်နေတဲ့တပ်စခန်းဖြစ်တာကြောင့် KIA က သွားရောက်ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ သူကဆက်ဆိုပါတယ်။

အဲဒီ မျောမောပြည်သူ့စစ်စခန်းမှာက စစ်တပ်ကအဝင်အထွက်လုပ်နေသလို တစ်ခါတစ်လေရှိတယ်။ ပြီးခဲ့တဲ့ပတ်မှာပဲ စစ်ကောင်စီ စစ်သား ၃၀ လောက်အဲ့မှာရှိနေကြတယ်။ ထွက်သွားတာ  ရက်လောက်ပဲရှိသေးတယ်တဲ့။ စစ်သားတွေ ပြန်လာနေမှာစိုးလို့ သွားတိုက်တယ်လို့ သိရတယ်လို့ ပြောပါတယ်။

ချီဖွေ၊ ဆော့လော်ဒေသတွေမှာ KIA နဲ့ ပြည်သူ့စစ်တွေကြားတိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် စစ်ကောင်စီတပ်တွေအဝင်အထွက် လုပ်လာတဲ့အတွက် စခန်းနေရာတွေကို KIA ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ  ရက်နေ့မှာလည်း ဆော့လော်မြို့တွင်းအခြေစိုက်  ခလရ ၂၉၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ကျော်ကျော် ဆော့လော်မြို့ထဲသွားလာနေတဲ့အချိန်မှာ KIA တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဆော့လော်မြို့တွင််််််််််််််််််််းရှိ စစ်ကောင်စီတပ်ဟာ တနိုင်းလီဒိုလမ်းမပေါ် ဒွမ်ဘန်အခြေစိုက် ခလရ ၂၉၈ မှ လာရောက်အထိုင်ချထားတဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆော့လော်အနီးမှာရှိတဲ့ ပြည်သူ့စစ်စခန်းတစ်ခုတိုက်ခိုက်ခံရသလို တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ကျော်ကျော်ဆိုသူကိုလည်း KIA တပ်တွေ ဖမ်းဆီးသွားတာဖြစ်တဲ့အတွက် ဆော့လော်ဒေသမှာ KIA နဲ့ ပြည်သူ့စစ်ကြားမှာစစ်ရေးတင်းမာမှုတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကသုံးသပ်ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button