ဆွမ်ပရာဘွမ်
-
Mar- 2024 -25 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ
မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉…
Read More » -
20 Marchသတင်း
ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ တိမ်းရှောင်နေသူ ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang) ၊ မိုင်ထောင်း( Mai Htawng) ၊ ခဂရန်းယန်(Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ ၄ ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင်အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “မြို့မှာက အခုဘယ်သူမှမရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက ကိုယ်သိသလို မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေက အသိအိမ်တွေ ၊ မိတ်ဆွေတွေရဲ့ အိမ်တွေထဲ နှစ်အိမ်ထောင်၊ ၃ အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက် နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရေးအတွက် လေယာဉ်နဲ့ နေ့တိုင်းနီးပါး အပြင်းအထန်ဗုံးကြဲတိုက်ခိုက် ကာကွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေ လေကြောင်းနဲ့အပါအဝင် မြေပြင်နဲ့ပါစစ်အင်အားထပ်ဖြည့်နေပြီး စစ်ရေးတင်းမာလျက်ရှိနေတာကြောင့် တိုက်ပွဲအတွင်း KIA ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြားသေဆုံးမှုရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပိတ်ထားတာလည်း တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ထဲက ဒေသခံပြည်သူ တစ်ဦးမကျန် ဘေးလွတ်ရာတွေတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
15 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
9 Marchသတင်း
ဆွမ်ပရာဘွမ့်မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA တပြိုင်နက် KIA ဝင်ရောက်တိုက်ခိုက်
ဆွမ်ပရာဘွမ် – ကချင်ပြည်နယ် ဆွမ်ပရာဘွမ့် (Sumpra Bum) မြို့တွင်းအခြေစိုက် ခလရ ၄၆ တပ်ရင်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်ရင်းမဟာ ၁ ၊ တပ်ရင်း ၇ တို့က မနေ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။…
Read More » -
Sep- 2023 -25 Septemberသတင်း
ဆွမ်ပရာတိုက်ပွဲမှာ အထိနာခဲ့တဲ့စစ်ကောင်စီတပ် ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်
မြစ်ကြီးနား- ဆွမ်ပရာဘွမ်လမ်းမ တန်ဖရဲကျေးရွာတစ်လျှောက် စစ်ကောင်စီတပ်တွေဟာ စစ်အင်အားဖြည့်တင်းပြီး ရွာအဝင်အထွက်မှာ တပ်စွဲနေရာယူထားတဲ့အပြင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန်ဖရဲ -ကျိန်ခရန် – ဝိုင်ရှီ – ဖုန်အင်ယန် စတဲ့လမ်းကြောင်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၂၄ ရက်က စပြီး အခုလို လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ တန်ဖရဲကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။…
Read More » -
20 Septemberသတင်း
ဆွမ်ပရာဘွမ် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်
မြစ်ကြီးနား- ဆွမ်ပရာဘွမ် ကားလမ်းမပေါ်ရှိ ဒရူချောင်း ( Daru Hka) စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KPF ပူးပေါင်းတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရမိသလို အရာခံဗိုလ်တစ်ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။…
Read More » -
Jun- 2023 -8 Juneသတင်း
ဆွမ်ပီယန်တွင် တောဆင်ရိုင်း လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံး
ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့က လူငယ်သုံးဦးအား တောဆင်ရိုင်း(အထီး) လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။ ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ကျေးရွာအနီး ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲတွင် လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင်ရောက်လာသဖြင့် ယင်းလူငယ်…
Read More » -
Mar- 2023 -13 Marchသတင်း
ဆွမ်ပရာဘွမ့်တွင် ဒေသခံပြည်သူ ၂ ဦးကို စစ်ကောင်စီအဖွဲ့ လူသားဒိုင်းဖမ်းဆီးခေါ်ဆောင်သွား
ကချင်ပြည်နယ် ဆွမ်ပရာဘွမ့်မြို့နယ် ခင်ဒူယန်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာပြည်သူ ၂ ဦးကို လူသာဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ မတ်လ ၁၃ ရက်နေ့ ယနေ့နံနက်ပိုင်း စစ်အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းက…
Read More » -
Dec- 2022 -1 Decemberမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ
ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် ကျေးရွာနယ်နမိတ်တွင် ရွှေတူးဖော်မည့်အစီစဉ်ကို ကန့်ကွက်သည့် ဒေသခံများနှင့် ခွင့်ပြုခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေတူးဖော်ရန်သာ ခွင့်ပြုခဲ့သည်ဟု ဒေသခံများဆိုသည်။ ဖုန်အိန်ယာန်ကျေးရွာ အနောက်ဘက်ခြမ်း ဖုန်အိန်ချောင်းတစ်ကမ်းရှိ ဒေသခံပြည်သူများ ရာသီအလိုက် တောင်ယာအခင်း လုပ်ကိုင်စားသောက်နေသည့်…
Read More » -
Aug- 2022 -31 Augustသတင်း
မြစ်ဆုံအထက် တောင်ယာစပါးခင်း သုံးပုံနှစ်ပုံအထိကို ကြွက်ဘေးကျရောက်ပြီး ဖျက်ဆီးခံရ
ဆွမ်ပရာဘွမ် နှင့် အင်ဂျန့်ယန်မြို့နယ်တွင် အဖြစ်များသော ကြွက်ဘေးသည် မြစ်ကြီးနားမြို့နယ် အင်ဂျစ်ယာန်ကျေးရွာတွင်လည်း ဝင်ရောက်လာပြီး ကျေးရွာ တောင်သူများ၏ စပါးစိုက်ခင်း သုံးပုံနှစ်ပုံကျော် ဖျက်ဆီးခံလိုက်ရပြီဟု သိရသည်။ အင်ဂျစ်ယာန်ကျေးရွာရှိ အိမ်ထောင်စု ငါးဆယ်ကျော်သည် တောင်ယာလုပ်ကိုင်၍ နှစ်စဥ်အသက်မွေးဝမ်းကြောင်းပြုလျက်ရှိပြီး ယခုနှစ် တောင်ယာစိုက်ဧက ၈၀…
Read More »