သတင်း

ဆွမ်ပီယန်တွင် တောဆင်ရိုင်း လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံး 

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာတွင် ဇွန်လ ၅ ရက်နေ့က လူငယ်သုံးဦးအား တောဆင်ရိုင်း(အထီး) လိုက်သတ်သဖြင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဆွမ်ပီယန်ကျေးရွာ နှင့် ဖုန်ချန်ကျေးရွာကြားရှိ ဆွမ်ပီယန်ကျေးရွာအနီး ဆွမ်ပီယန်ချောင်း (ဒေသအခေါ် အခေးချောင်း) ထဲတွင် လူငယ်သုံးဦး ငါးရှာထွက်စဥ် တောဆင်ရိုင်းတစ်ကောင်ရောက်လာသဖြင့် ယင်းလူငယ် သုံးဦးကိုလိုက်သတ်ရာ တစ်ဦးသေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ကျွန်တော်တို့ က နေ့လည် ၁နာရီမှသိရတာ သူတို့သုံးယောက်က မနက်ထဲက ချောင်းထဲငါးရှာထွက်တာ ဆွမ်ပီယန်ချောင်းဖျားမှာ ဟုတ်တယ် အဲ့တောဆင်ရိုင်းက လိုက်တော့ ထွက်ပြေးတာပေါ့တစ်ယောက်က ကျင်းထဲမှာပုန်းနေတာ အဲ့တာဆင်က နင်းလိုက်တော့ အဲ့တစ်ယောက်က သေတယ်ဟု ပြောသည်။

လူငယ် ၃ ဦးတွင် အမျိုးသား ၂ဦး အမျိူးသမီး ၁ ဦးပါဝင်ပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးဖြစ်သူ ထိခိုက်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ဆွမ်ပီယန် ဒေသခံဟုသိရပြီး အမည်နာမကိုစုံစမ်းနေဆဲ ဖြစ်သည်။

ဖုန်ချန်နဲ့ ဆွမ်ပီယန်တလျှောက်မှာက တောဆင်ရိုင်းတွေရှိတယ် အများကြီးတော့မရှိဘူး တာပေမယ့် အဲ့ထဲမှာတစ်ကောင်က ရိုင်းတယ် အရင်ကလည်းအဲ့ဆင်ရိုင်းကြောင့်သေသွားတဲ့သူရှိတယ် ပြီးတော့အခင်းတဲတွေဘာတွေလည်းလိုက်ဖျက်ဆီးတယ် အဲ့ဆင်ကဟု အထက်တွင်ဖော်ပြခဲ့သည့် ဒေသခံအမျိူးသားက ပြောသည်။

ယခုနှစ် မေလ ထဲတွင်လည်း အဆိုပါ တောဆင်ရိုင်း၏သတ်ဖြတ်မှုကြောင့် ဖုန်ချန်ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတောဆင်ရိုင်းသည် ဒေသခံများကို ရံဖန်ရံခါ ရန်လိုလျက်ရှိပြီး ယင်းတောဆင်ရိုင်းတစ်ကောင်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၅ဦးခန့်ရှိလာပြီဟုသိရသည်။

Show More

Related Articles

Back to top button