တိုက်ပွဲ
-
Mar- 2024 -4 Marchသတင်း
ကောလင်းမှာ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ အကြား ၂ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်လို့ အထက်တန်းကျောင်းက ကျောင်းဆောင်တချို့နဲ့ လူနေအိမ်တချို့ပျက်ဆီးသွားတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာကိုမီးရှို့ပြီး ခံသာရွာဘက်ကို ထွက်လာတဲ့အချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ မနေ့ကလည်း တိုက်ပွဲဆက်ဖြစ်ခဲ့တာပါ။ စစ်ကောင်စီတပ်ဘက်က တိုက်ပွဲဖြစ်တဲ့နှစ်ရက်လုံး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မတ်လ ၃ ရက်နေ့ မနေ့ကတိုက်ခိုက်မှုမှာ ခံသာရွာကနေအိမ်တချို့နဲ့ ကျောင်းဆောင်တွေကိုထိမှန်ခဲ့တာလို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “ကျောက်တန်းရွာတွေဘက်ကိုမီးတွေရှို့ကြတာပေါ့ အဲ့ဒီကနေ ခံသာရွာဘက်မှာတိုက်ပွဲဖြစ်တာ အဲ့တာ ခံသာဘက်ကိုလေကြောင်းလာပစ်လို့ ခံသာအထကကျောင်းတော့ပျက်သွားတယ်လို့ သိရပါတယ်။” လို့ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ အဲ့ဒီတိုက်ပွဲကြောင့် ရွှေဘို–မြစ်ကြီးနားလမ်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ရပြီး ကားစီးရေ ၁၅၀၀ နဲ့ လူဦးရေ ၁သောင်းခွဲလောက်ပိတ်မိခဲ့သေးတယ် လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “လမ်းကတော့ ပြီးခဲ့တဲ့ရက်တွေကတော့ပိတ်တော့ပိတ်နေတာ ဒီနေ့ နေ့လည်လောက်မှလမ်းပြန် ပွင့်တယ်ပြောတယ် သူတို့လည်းထွက်သွားလောက်ပါပြီ လမ်းဖွင့်တာကတော့သေချာပါတယ်”လို့ပြောပါတယ်။ တိုက်ပွဲကြောင့် ပိတ်မိခဲ့တဲ့ ခရီးသွားပြည်သူတွေကို ကောလင်းမြို့နယ်လူသားစာနာနဲ့ ကောလင်း ပြည်သူတွေက နေ့စဥ်ထမင်းထုပ်ပို့ဆောင်ပေးတာတွေလုပ်ပေးခဲ့တယ်လို့ သူကပြောပါတယ်။ ကောလင်းခရိုင်တပ်ရင်း ၁၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်း စစ်ကြောင်း ကောလင်းမြို့နဲ့ ၁၂ မိုင်အကွာမှာရှိတဲ့ သစ်ဖုလဘုရားကုန်းတပ်စခန်းကို သိမ်းပိုက် နိုင်ဖို့ကြိုးစားနေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေထပ်ဖြည့်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ကျောက်တန်းရွာနဲ့ ငါးကြီးအိုင်ရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့ချိန်မှာလည်း အရပ်သား ၃ ယောက်ကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်အလုံးစုံထိန်းချုပ်တဲ့နေ့ကစ ကောလင်းမြို့ပေါ် နဲ့ ဘေးပတ်ဝန်းကျင်က အရပ်သား သောင်းနဲ့ချီရှိနေပြီးတော့ အကူအညီတွေလည်းလိုအပ်နေတယ်လို့ သိရပါတယ်။ ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့ရာ ၃ လအကြာထိန်းချုပ်ပြီးတဲ့နောက် ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ စတင် လည်ပတ်နေချိန် ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်မှာ စစ်ကောင်စီတပ်က ကောလင်းမြို့ကို အလုံးစုံပြန်ထိန်းချုပ်ထားတာပါ။ အဲ့ဒီလိုထိန်းချုပ်ပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ဒီကနေ့အထိကို စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်ရပ်ကွက်က နေအိမ်တွေကို နေ့စဥ်မီးပတ်ရှို့နေပြီးတော့ မြို့ရဲ့ ၈၀ ရာခိုင်နှုန်း မီးရှို့ဖျက်ဆီးခံထားရပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
4 Marchသတင်း
တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ
ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၃ ရက်နေ့ မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တို့ဟာ ဖာကန့်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့တာမခံဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဟောင်ပါးအုပ်စု မှော်လုံကျေးရွာအနီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်တွေဟာ တာမခံကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွာတွင်းဝင်ရောက်နေတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်တွေကလည်း မေလ ၄ ရက် ဒီကနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကနေ ရွာထဲမှာနှစ်ဖက်တပ်တိုက်ပွဲထပ်ပြီးဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က KNG ကိုပြောပါတယ်။ “ဒီကနေ့ အခြေအနေက ရွာထဲမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီး တပ်တွေက ရွာထဲမှာ မနေ့ကနေ မီးရှို့ပြီး ရှိနေတာကို KIA က ပိတ်ဆို့ပြီး ဝိုင်းရံ တိုက်ခိုက်နေတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ဒီမနက် ၆ နာရီလောက်ကနေ ဖြစ်တာ။ စစ်တပ်ဘက်ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ပွင့်ထုတ်နေကြတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့တော့ခက်သေးတယ်”လို့ပြောပါတယ်။ လက်ရှိ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SAN ပူးပေါင်းတပ်တွေက တာမခံကျေးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် KIA နဲ့ PDF တပ်တွေက ဒီကနေ့ မနက်ပိုင်းကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တာမခံ ခလရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တိုက်ပွဲဟာ ဒီနေ့ချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တစ်ဖက်မှာ တာမခံဘက်အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်ဖွဲ့တစ်ချို့ကလည်း ရွာထဲမှာတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာမီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ ၃ ပုံတစ်ပုံက မီးလောင်ပျက်စီးသွားပြီး ကျေးရွာအလယ်ပတ်ပတ်လည်လည်ရှိ လူနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။ တာမခံကျေးရွာအတွင်း မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကျေးရွာအနီးတဝိုက်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတစ်ချို့က ရွာထဲဝင်ရောက်ပြီး မီးသတ်ငြိမ်းဖို့ ကြိုးစားနေကြပေမယ့် စစ်ကောင်စီတပ်ဘက်နေ ပိတ်ပင်တားမြစ်ထားတယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။ “ဒေသခံတွေက ရွာထဲကို ဝင်ပြီး သူတို့ရဲ့ မီးလောင်နေတဲ့ အိမ်တွေကို သတ်ငြိမ်းဖို့ ပြောကြလို့ မီးသတ်ကားတွေနဲ့ ဝင်ခိုင်းတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ ရွာထဲကို လုံးဝမဝင်ခိုင်းဘူး။ ဝင်လာတဲ့ သူတွေကို သတ်မယ်လို့ ပြောတယ်။ အဲဒါကြောင့် ရွာသားတွေကလည်း ဘယ်သူမှ မဝင်ရဲကြဘူး။ မီးက ဒီအတိုင်းလောင်နေတာ” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက တာမခံတပ်စခန်းကို လက်မလွတ်ရအောင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နောက်ပိုင်း နေ့တိုင်းတိုင်းလိုလို လာရောက်ဗုံးကျဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံတပ်စခန်းမှာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာရှိသလို တာမခံစစ်ကောင်စီတပ်စခန်းကိုလည်း KIA ဘက်ကနေ ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်တာကြောင့် နေတိုင်းပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းတစ်ခုတည်းကိုသာ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ခမရ ၁၁၉ တပ်စခန်းကိုတော့ စစ်ကောင်စီဘက်က အဆက်မပြတ်လေကြောင်းတိုက်ခိုက်နေတကြောင့် သိမ်းပိုက်နိုင်းခြင်းမရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တာမခံဒေသခံ ၅၀၀၀ လောက်က ဟောင်ပါးအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ချို့နဲ့ ဖားကန့်မြို့ပေါ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ ခက်ခက်ခဲခဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Feb- 2024 -29 Februaryသတင်း
တိုက်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို ကူညီကြဖို့ ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့ကတောင်းဆို
ရှမ်းမြောက်မှာ တိုက်ပွဲတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ပြည်သူတွေအတွက် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့ ကူညီထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှု လူငယ်အဖွဲ့က ပြောပါတယ်။ တိုက်ပွဲကြောင့် နေအိမ်တွေပြန်ပြီးဆောက်လုပ်ဖို့လိုအပ်နေတဲ့ စစ်ရှောင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ရှမ်မြောက်ကချင်စာပေနဲ့ ယှဉ်ကျေးမှုလူငယ်အဖွဲ့က လိုက်လံကူညီပေးနေတဲ့အပြင် အားလုံးရဲ့ဝိုင်းဝန်းအားဖြည့်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။ “အခု ကျနော်တို့က အိမ်တွေပျက်စီးသွားလို့ နေစရာမရှိတော့တဲ့ စစ်ရှောင်တွေကို အဓိက ကူညီဖို့ ရည်ရွယ်ချက်နဲ့ အခုလို အွန်လိုင်းပေါ် စာတင်ထားတာဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေလည်းလူကြီးတွေတာဝန်ပေးမှုနဲ့ ဒေတာအချက်အလက်တွေ လိုက်ကောက်ပြီး လုပ်တယ်။ အခုလောလောဆယ်က ဒေတာလိုက်ကောက်တယ်။ အလှူတွေလိုက်ကောက်တယ်။အကူအညီလိုက်တောင်းတယ်။ ဒီလိုတွေပြီးပြီဆိုရင်တော့ ၂၄ ရက်ကစပြီး တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကျနော်တို့ ကိုယ်တိုင်သွားပြီး အကူအညီ လိုက်ပေးပါတယ်” လို့ SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်များ ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနဟာ ပြန်လည်ထူထောင်ရေးမှာကူညီကြဖို့ကိုလည်း လူမူကွန်ယက်စာမျက်နှာကတစ်ဆင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တောင်းဆိုထားတာဖြစ်ပြီး ကူအညီပေးချင်တဲ့သူတွေအတွက် ငွေလွှဲနိုင်တဲ့ Kpay အကောင့်ကိုလည်း ထည့်သွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး တိုက်ပွဲကြောင့် နေအိမ်မရှိတော့တဲ့သူတွေရဲ့စာရင်းတွေကောက်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေဆီသွားရောက်ပြီး ကူညီပေးနိုင်အောင်ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်ကောင်စီတပ်နဲ့ KIA တို့ကြား တိုက်ပွဲတွေကြောင့် ကျေးရွာတော်တော်များများမှာရှိတဲ့ နေအိမ်တွေပျက်စီးသွားတဲ့အထဲ နမ့်ဖတ်ကာကျေးရွာနဲ့ မုံးကိုးမြို့ကအပျက်အစီးအများဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နမ့်ဖတ်ကာမှာဆို စစ်ရှောင်တွေအများစုက ပြန်လာနေကြပြီ။ ဒါပေမဲ့ တချို့နေအိမ်တွေ အဓိက စစ်တပ်နဲ့နီးတဲ့ရပ်ကွက်က နေအိမ်တွေက ရစရာ တစ်ခုမှမရှိတော့တာ။ အိမ်ခြေ ၇၀ကျော်လောက်ရှိတယ်။ အိမ်တွေ လုံး၀ပြင်လို့လည်း မရတော့ဘူး။ သူတို့က အခု နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ ဆက်ခိုလှုံနေကြတယ်။ သူတို့လည်း ပြန်လည်ထူထောင်ဖို့ ပြင်ဆင်နေတာတွေရှိတယ်ဆိုတာလည်း ပြောပြချင်တယ်။ မုံးကိုးမြို့မှာက အိမ်ပျက်စီးသွားသူတွေက ဘုရားကျောင်းဝင်းမှာ ခိုလှုံနေကြတယ်”ဟု သူကဆက်ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက ကချင်လူမျိုးတွေရဲ့စာရင်းကို အဓိကကောက်ယူသွားမှာဖြစ်ပြီး နေအိမ်မရှိတော့တဲ့သူတွေအတွက် ဆောက်လုပ်ရေးကို အဓိကကူညီပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ “အခုလောလောဆယ် သူတို့အတွက် အရေးကြီးဆုံးက အစားအသောက်ဆိုလည်း ဘုရားကျောင်းအသင်းတော်တွေဘက်က ကူညီနေတယ်။ အသိဆွေမျိုး အသိုင်းအဝိုင်းတွေ၊ KIO အမျိုးသမီးအဖွဲ့တွေကူညီတာတွေရှိတယ်။ ဒါပေမဲ့ အခုအိမ်လုံး၀နေစရာမရှိတော့တဲ့သူတွေအတွက် အိမ်တွေ ပြန်ဆောက်ဖို့ အရေးပေါ် လိုအပ်နေတာဖြစ်တယ်”လို့ SWLHR အဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။ ဒါ့အပြင် လက်ရှိချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ ပြန်လည်တည်ထောင်ရေးမှာ ဘယ်အဖွဲ့အစည်းကမှ ကူညီထောက်ပံ့တာမရှိသေးဘူးလို့ ပြောပါတယ်။ ဒါ့ကြောင့်ခက်ခဲနေတဲ့ ကချင်လူမျိုးတွေကိုအဓိကထားပြီး ကူညီနိုင်အောင် ရှမ်းပြည်မြောက်ပိုင်း ကချင်စာပေနှင့်ရိုးရာယဉ်ကျေးမှုလူငယ်ဌာနက အားလုံးပါဝင်ကူညီနိုင်အောင် တောင်းဆိုရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ ရှမ်းမြောက်ဒေသ တိုက်ပွဲကြောင့် နေအိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့ မြို့နယ်တွေဟာ မုံးကိုးမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ နမ့်ဖတ်ကာ ၊ မုံးနဲမြို့နယ်၊ ကွတ်ခိုက်မြို့နယ်၊ သိန္နီမြို့နယ်၊ ဟိုပန်မြို့နယ်၊ ဂန်မင်းမြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ်၊ ကျောက်မြဲမြို့နယ်၊ နောင်ချိုမြို့နယ် ၊ မိုးမိတ်မြို့နယ်နဲ့ မုံးစီးမြို့နယ်တွေ ဖြစ်ကြောင်း သိရပါတယ်။ By – ဂျာဘောက်ရာ
Read More » -
28 Februaryသတင်း
ဟိုပင်မှာ တိုက်ပွဲဖြစ်နေပြီး အရပ်သားတချို့တိမ်းရှောင်နေရ
မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးတွေရှိတယ်လို့ Hopin PDF ဆီကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၈ ရက်ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာပဲ အပြန်အလှန်ပစ်ခတ်မှုတွေပြင်းထန်နေတာဖြစ်ပြီးတော့ လက်ရှိသတင်းရေးသားနေတဲ့အချိန်ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဟိုပင်…
Read More » -
28 Februaryသတင်း
တိုက်ပွဲကြောင့် သွားလာခွင့်ပိတ်ထားတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းပြန်ဖွင့်ပေး
စစ်ကိုင်းတိုင်းဒေသ ကောလင်းမြို့နယ်မှာ ဖြစ်နေတဲ့တိုက်ပွဲကြောင့် ပိတ်ဆို့ခံထားရတဲ့ အင်းတော်နဲ့ ရွှေဘိုလမ်းတစ်လျှောက် ခရီးသွားလာခွင့်ကို မနေ့ကစပြီး ပြန်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၂၃ ရက်ကနေစတင်ပြီးတော့ မန္တလေးဘက်ကနေတက်လာတဲ့ ခရီးသည်ယာဉ်အားလုံးကို ရွှေဘိုနယ် စပါယ်နံ့သာတဝိုက်နဲ့ မြစ်ကြီးနားဘက်ကနေတက်လာတဲ့ ခရီးသည်ကားတွေကို အင်းတော်နဲ့မဲဇာတောင်ခြေ တဝိုက်မှာပိတ်ဆို့ထားတာကြောင့် အတက်အဆင်းခရီးသည်ယာဉ် ရာချီလမ်းကြောင်းပိတ်မိနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ညနေ ၅ နာရီလောက်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဒီကနေ့ မနက် ၆ နာရီလောက်မှာ တစ်ကြိမ် ၂ ခွဲပြီး ကားတွေကိုပြန်လွှတ်ပေးနေတယ်လို့ ပိတ်မိနေတဲ့ ကားသမားတစ်ယောက်က KNG ကို ပြောပါတယ်။ “ဟုတ်တယ် လမ်းကြောင်းအခြေအနေက အကုန်ပြန်ပွင့်သွားပြီ။ ကားတွေက တစ်ကြောင်းပြီးတစ်ကြောင်း ပြန်လွတ်နေတယ်။ မနေ့ည ၅ နာရီလောက်မှာ တစ်ကြိမ်နဲ့ ဒီကနေ့ မနက် ၆ နာရီလောက်မှာ တစ်ကြိမ်ခွဲပြီး ဖွင့်ပေးတယ်။ ပိတ်မိနေတဲ့ ကားတွေကတော့ မရှိတော့ဘူး”လို့ပြောပါတယ်။ ခုလို လမ်းကြောင်းပြန်လည်ဖွင့်ပေးလိုက်တာဟာ ကောလင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေခဏရပ်သွားတာဖြစ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေဘက်ကနေ ပြန်ပြီးဖွင့်ပေးလိုက်တာဖြစ်နိုင်သလို လမ်းပိတ်ဆို့ခံထားရတာကြောင့် အင်းတော်နဲ့ ရွှေဘိုလမ်းကြောင်းတစ်လျှောက်မှာပိတ်မိနေတဲ့ ခရီးသည်ပြည်သူတွေက စားသောက်ရေးအခက်အခဲလာတဲ့အတွက် ပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်တယ်လို့ ကားသမားတွေကပြောပါတယ်။ အင်းတော်နဲ့ ရွှေဘိုနယ်တစ်လျှောက်မှာ ပိတ်မိနေတဲ့ ကားတွေကို ပြန်လည်သွားလာခွင့်ပေးတာနဲ့ ပတ်သက်ပြီး နန့်စီးအောင်ဂိတ်နဲ့ နီးစပ်တဲ့ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။ “ဟိုဘက်မှာ ဘယ်လိုဖွင့်ပေးလိုက်တာလဲတော့မသိဘူး။ မန္တလေးဘက်ကနေ ခရီးသည်ကားတွေက ဒီဘက်ကို ဝင်လာကြပြီ။ ဒီကမနက်ကနေ ကားတွေ အဆင်းအတက်တွေလည်း ပုံမှန်အတိုင်းမြင်နေရပြီ။ အင်းတော်မှာ ပိတ်မိနေတဲ့ ကားတွေကလည်း အထက်ကို ပြန်ကျော်တက်သွားပြီလို့အဆက်အသွယ်ရတယ်”လို့ပြောပါတယ်။ မန္တလေး – မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီး သွားလာခွင့်ကို ၄ ရက်လောက်အကြာ ပိတ်ဆို့ခံထားရတာကြောင့် ကချင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်သွားပြီး မြစ်ကြီးနားမြို့ပေါ်တွေမှာ ကုန်ပစ္စည်းပြတ်လပ်သွားတဲ့အထိဖြစ်သွားတယ်လို့ မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကိုလည်း မကြာခဏပိတ်ဆို့ခံရတာတွေရှိသလို မန္တလေး – မြစ်ကြီးနား ကားလမ်းပိုင်း ကချင်ပြည်နယ်ဘက်ခြမ်း နန့်စီးအောင်စစ်တပ်ဂိတ်မှာလည်း ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလလောက်မှာ တစ်ပတ်ခန့်အကြာ သွားလာခွင့်ပိတ်ဆို့ခံရမှုရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
26 Februaryသတင်း
နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ
ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅…
Read More » -
26 Februaryသတင်း
ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က မြို့သိမ်း တိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကိုတိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ် တယ်လို့…
Read More » -
21 Februaryသတင်း
ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ
“စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
Read More » -
12 Februaryသတင်း
နမ်တိန့်ပြန်ရဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေ
ဖားကန့်မြို့နယ် နမ်တိန့် ရွာက စစ်ကောင်စီတပ်ရဲ့တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နမ်တိန့် ပြန်ရဖို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး…
Read More » -
12 Februaryသတင်း
ဆင်ဘိုမြို့ သိမ်းပိုက်ထားပေမယ့် တိုက်ပွဲပြင်းထန်နေဆဲ
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထိန်းချူပ်ထားပြီး မြို့နဲ့ ၃ မိုင်အကွာရှိ စစ်ကောင်စီ ခမရ ၁၄၁ တပ်စခန်းကို ဝိုင်းရံထားကာ ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့…
Read More »









