တိုက်ပွဲသတင်း

နန့်ရီတောင်ကုန်းမှာရှိတဲ့ စစ်တပ်စခန်း KIA ပူးပေါင်းတပ် တိုက်ခိုက်နေ

ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာမှာ ဒီနေ့ညနေပိုင်းကစပြီး ကချင်လွတ်‌လပ်ရေးတပ်မ တော် KIA ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF နှင့် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တပ် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဖေဖော်ဝါရီလ၂၆ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က‌နေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ၂ ကြိမ်လာရောက်ပစ်ခတ်ပြီး ဖားကန့်တပ်မကုန်းကနေလည်း လက်နက်ကြီးပစ်ကူနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်တပ်စွဲထားတဲ့ နန့်ရီတောင်မှာ တိုက်ပွဲဖြစ်နေတာပေါ့၊ညနေ ခြောက်နာရီလောက်က လေယာဉ်နှစ်စီးလည်းရောက်လာပြီး ပစ်သွားခဲ့တယ်”လို့ တာမခံကျေးရွာနေ ပြည်သူတစ်ဦးက ပြောပါတယ်။

လက်ရှိချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်း‌ထန်နေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် တာမခံကျေးရွာနဲ့အနီးအနားမှ ကျေးရွာ  ၇ ရွာထက်မနည်းရှိ ဘေးလွတ်မြောက်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ခုသတင်းရေးသားနေတဲ့ ည ၇ နာရီအချိန်အထိ တာမခံကျေးရွာရှိ စကစတပ်စွဲထားရှိရာ နန့်ရီတောင်မှ လက်နက်ကြီးပစ်ခတ်နေကြောင်း သိရပြီး၊လူထိခိုက်သေဆုံးမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

တာမခံကျေးရွာဟာ ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်မှာတည်ရှိတဲ့ ကျေးရွာကြီးအဖြစ်တည်ရှိပြီး ရွှေတူး‌ ဖော်တာကို အဓိကလုပ်ကိုင်နေကြသလို၊ဖားကန့်ဒေသ ဥရုချောင်းရိုးအတိုင်း ရေလမ်းကြောင်းကတဆင့် လာရောက်နိုင်တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ရှိ တာမခံဘက်သွားရောက်နိုင်တဲ့ ကသိုဏ်းတောင် စစ်တပ်စခန်းကုန်းအား ပြီးခဲ့တဲ့နှစ် ဩဂုတ်လ ၇ ရက်နေ့က ကချင်လွတ်‌မြောက်ရေးတပ်မတော် KIAနဲ့KPDF တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမယ့် တစ်ပတ်အကြာမှာတော့ KIA နဲ့ KPDF ဘက်ကနေ စခန်းစွန့်ခွာလိုက်တာကြောင့် စစ်တပ်ဘက်က ပြန်ပြီးတပ်စွဲနေနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖားကန့် ဝှေခါစခန်းနဲ့ နန့်တိန်းစခန်းကို KIA ပူးပါင်းတပ်တွက ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွ‌င်းမှာဘဲ တိုက်ခိုက်သိမ်းပိုက်တာဖြစ်ပါတယ်။

By – NY

Show More

Related Articles

Back to top button