တိုက်ပွဲသတင်း

တာမခံတိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ရွာမီးရှို့ဖျက်ဆီးနေ

ဖားကန့်မြို့နယ် တာမခံကျေးရွာမှာ စစ်ကောင်စီတပ်က ရွာထဲကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့အပြင် နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ  ရက်နေ့ မနေ့က မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်တို့ဟာ ဖာကန့်ဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့တာမခံဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဟောင်ပါးအုပ်စု မှော်လုံကျေးရွာအနီး KIA နဲ့ PDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာကနေ စစ်ကောင်စီတပ်တွေဟာ  တာမခံကျေးရွာထဲကိုဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာတွင်းဝင်ရောက်နေတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်တွေကလည်း မေလ  ရက် ဒီကနေ့ မနက်ပိုင်း  နာရီဝန်းကျင်ကနေ ရွာထဲမှာနှစ်ဖက်တပ်တိုက်ပွဲထပ်ပြီးဖြစ်ပွားနေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က KNG ကိုပြောပါတယ်။

ဒီကနေ့ အခြေအနေက ရွာထဲမှာ မီးရှို့နေတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရှမ်းနီတပ်တွေနဲ့ ပျူစောထီး တပ်တွေက ရွာထဲမှာ မနေ့ကနေ မီးရှို့ပြီး ရှိနေတာကို KIA က ပိတ်ဆို့ပြီး ဝိုင်းရံ တိုက်ခိုက်နေတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက ဒီမနက်  နာရီလောက်ကနေ ဖြစ်တာ။ စစ်တပ်ဘက်ကနေ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ပွင့်ထုတ်နေကြတယ်။ သေဆုံးတာနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့တော့ခက်သေးတယ်လို့ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SAN ပူးပေါင်းတပ်တွေက တာမခံကျေးရွာကို မီးရှို့ဖျက်ဆီးနေတာကြောင့် KIA နဲ့ PDF တပ်တွေက ဒီကနေ့ မနက်ပိုင်းကနေ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး ကျေးရွာအတွင်း တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက တာမခံ ခလရ ၁၁၉ စစ်ကောင်စီတပ်စခန်းကို စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တိုက်ပွဲဟာ ဒီနေ့ချိန်အထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တစ်ဖက်မှာ တာမခံဘက်အင်အားဖြည့်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ KIA,PDF ပူးပေါင်းတပ်ဖွဲ့တစ်ချို့ကလည်း ရွာထဲမှာတိုက်ပွဲဖြစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ ကျေးရွာမီးရှို့ဖျက်ဆီးနေတာကြောင့် ကျေးရွာ  ပုံတစ်ပုံက မီးလောင်ပျက်စီးသွားပြီး ကျေးရွာအလယ်ပတ်ပတ်လည်လည်ရှိ လူနေအိမ် အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။

တာမခံကျေးရွာအတွင်း မီးလောင်ပျက်စီးသွားတဲ့နေအိမ်တွေကို ကျေးရွာအနီးတဝိုက်ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတစ်ချို့က ရွာထဲဝင်ရောက်ပြီး မီးသတ်ငြိမ်းဖို့ ကြိုးစားနေကြပေမယ့် စစ်ကောင်စီတပ်ဘက်နေ ပိတ်ပင်တားမြစ်ထားတယ်လို့ KIA သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ဒေသခံတွေက ရွာထဲကို ဝင်ပြီး သူတို့ရဲ့ မီးလောင်နေတဲ့ အိမ်တွေကို သတ်ငြိမ်းဖို့ ပြောကြလို့ မီးသတ်ကားတွေနဲ့ ဝင်ခိုင်းတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကနေ ရွာထဲကို လုံးဝမဝင်ခိုင်းဘူး။ ဝင်လာတဲ့ သူတွေကို သတ်မယ်လို့ ပြောတယ်။ အဲဒါကြောင့် ရွာသားတွေကလည်း ဘယ်သူမှ မဝင်ရဲကြဘူး။ မီးက ဒီအတိုင်းလောင်နေတာ” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက တာမခံတပ်စခန်းကို လက်မလွတ်ရအောင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ နောက်ပိုင်း နေ့တိုင်းတိုင်းလိုလို လာရောက်ဗုံးကျဲတိုက်ခိုက်နေပြီး ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားနေတဲ့ တာမခံတပ်စခန်းမှာ ဂျက်လေယာဉ်  စီးနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာရှိသလို တာမခံစစ်ကောင်စီတပ်စခန်းကိုလည်း KIA ဘက်ကနေ ဝိုင်းရံပိတ်ဆို့နေဆဲဖြစ်တာကြောင့် နေတိုင်းပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လက်ရှိ KIA နဲ့ PDF ပူးပေါင်းတပ်တွေက တာမခံ ရဲစခန်းတစ်ခုတည်းကိုသာ သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး ခမရ ၁၁၉ တပ်စခန်းကိုတော့ စစ်ကောင်စီဘက်က  အဆက်မပြတ်လေကြောင်းတိုက်ခိုက်နေတကြောင့် သိမ်းပိုက်နိုင်းခြင်းမရှိသေးတဲ့အခြေအနေဖြစ်နေပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ တာမခံဒေသခံ ၅၀၀၀ လောက်က ဟောင်ပါးအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ချို့နဲ့ ဖားကန့်မြို့ပေါ်ထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ ခက်ခက်ခဲခဲ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button