တိုက်ပွဲသတင်း

နမ်တိန့်ပြန်ရဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေ

လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက် အရပ်သားသေဆုံးမှုရှိ

ဖားကန့်မြို့နယ် နမ်တိန့် ရွာက စစ်ကောင်စီတပ်ရဲ့တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIAKPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် စစ်တပ်ဘက်က ပြန်လည်ရယူဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့  KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နမ်တိန့် ပြန်ရဖို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး ဖားကန့်ယမ်းချက်တပ်ထဲကနေ အင်အား ၈၀ ဝန်းကျင်နဲ့ နမ်တိန့်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် နမ်တိန့်မရောက်မှီ ၆ မိုင်အနီးမှာ KIA KPDF တပ်တွေကကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

စစ်ကောင်စီတွေက နမ်တိန့် ကို ပြန်ထိုင်ချင်နေတာ မနေ့ကတည်းကအဲ့ယမ်းချက်ထဲကထွက်လာကြတာ လမ်းမှာကြားဖြတ်တိုက်ခိုက်ရေးအဖွဲ့တွေရှိတယ်။ သူတို့နဲ့ ဖြစ်နေတာ အခုထိ ဖြစ်နေတုန်းလို့ပြောပါတယ်။

နမ်တိန့် ဘက်ကို တက်လာတဲ့စစ်ကြောင်းကို KIAKPDF က ဖားကန့်ကနေ ငါးမိုင်ကျော်အကွာ(ဒေသအခေါ် ကျောက်ဖျာ)အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မနေ့က မနက် ၇ နာရီကနေ ဒီကနေ့ မွန်းလွဲပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်နေတုန်းပဲ လို့သိရပါတယ်။

လက်ရှိ ဖားကန့်နန့်ယားကြားမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဖားကန့်နန့်ယားကားလမ်းပိုင်းကိုလည်းယာယီပိတ်ထားတယ်လို့သိရပါတယ်။

လမ်းပိုင်းကခနပိတ်ထားတယ်ဗျ ဟိုဘက်က လာတဲ့ကားတွေလည်းနန့်ယားဂိတ်မှာပိတ်နေသလိုဒီဘက်ကလည်းလောလောဆယ် တက်လို့မရသေးဘူးလို့ အထက်မှာဖော်ပြေခဲ့တဲ့ဖားကန့် KPDF တာဝန်ရှိသူ ကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိတိုက်ခိုက်ခံနေရတဲ့ စစ်ကြောင်းယမ်းချက်ကနေထွက်ခွာလာတဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစပြီး နန့်ယား၊ ဖားကန့်ဗျူဟာကုန်း စတဲ့နေရာတွေကနေ လက်နက်ကြီးတွေပစ်ကူခဲ့တာကြောင့် နန့်ယားကျေးရွာအနီးမှာ ဦးအေးလှိုင် အသက် ၅၄ နှစ်အရွယ်ကားသမားတစ်ဦး မနက် ၉နာရီ ခွဲအချိန်မှာလက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။

အလားတူ ဒီနေ့မနက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၆ မိုင်ရွာနဲ့ ကျောက်ဖျာအနီးဝန်းကျင်နေရာတွေကို ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပြီး မနေ့ကတိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတစ်ဦးအပါအဝင် ၃ ဦးကို KIA,PDF ဘက်က ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။

ဖားကန့်မြို့နယ်ထဲက နမ်တိန့် ကျေးရွာစစ်တပ်ဗျူဟာကုန်းကို KIAKPDF တပ်တွေက ဖေဖော်ဝါရီလ ၂ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့သလို ဝှေခါစစ်တပ်ကုန်းကိုလည်း ဇန်နဝါရီလ ၂၀ ရက်နေ့မနက်ပိုင်းမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button