တိုက်ပွဲ

  • Jan- 2024 -
    29 January
    သတင်း

    မိုးမိတ်တိုက်ပွဲ KIA နဲ့ပူးပေါင်းတပ်တွေဆုတ်သွားပြီး မြို့ကိုစစ်ကောင်စီတပ်ထိန်းချုပ်ထား

    ကချင် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ် မိုးမိတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ တပ်ပြန်ဆုတ်သွားပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က မြို့တွင်းကိုပြန်လည်ထိန်းချုပ်ထားတယ်လို့ စစ်ဘေးရှောင်နေတဲ့ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က KIAနဲ့ကာကွယ်ရေးတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ မိုးမိတ်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပေမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့မှာတော့ တပ်ဆုတ်သွားပြီဖြစ်ပြီး မြို့တွင်းကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်နေတယ်လို့ ဘေးလွှတ်ရာရောက်နေတဲ့ စစ်ဘေးရှောင်တစ်ယောက်ကပြောပါတယ်။ “လက်တလောက ဟိုဘက်အဖွဲ့အစည်းတွေကပြန်ဆုတ်သွားတယ်လို့ပြောတယ်ဗျ တပ်ကတော့ မြို့ထဲ ဝင်ပြီး ရှင်းလင်းရေးတွေလုပ်တယ်လို့ သတင်းရပါတယ် မနေ့က ကယ်ဆယ်ရေးလုပ်နေတဲ့ တစ်ယောက် ကဖုန်းဆက်လာတယ် မြို့ထဲကို ပေးမဝင်ဘူးလို့ပြောတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ပိုင် ရုပ်သံချန်နယ်လ်တွေနဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်လ်တွေမှာလည်း မိုးမိတ်မြို့ကို စစ်ကောင်စီတပ်ဘက်ကပြန်လည်ထိန်းချုပ်ထားပြီလို့ ဓာတ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကို ဝင်လာနိုင်တဲ့နေရာတွေအားလုံးကို လုံခြုံရေးတွေချပြီးနေရာယူထားသလို မြို့ရှောင်လမ်း၊ အုန်းချောရွာသစ် နဲ့ မြို့ပတ်ပတ်လည်နေရာတချို့ကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ မြို့တွင်းမှာ နယ်မြေရှင်းလင်းရေးလုပ်နေလို့ပေးမဝင်တာဖြစ်တယ်လို့ပြောပေမဲ့ စစ်ကောင်စီတပ်ဘက်က မြို့တွင်းထဲကဆိုင်တွေထဲဝင်ပြီးတန်ဖိုးကြီးပစ္စည်းတွေသယ်ယူ တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “သူတို့ဘက်ကပြောတာပေါ့နော် မြို့ထဲ ဗုံးတွေဘာတွေထောင်ထားထဲ့မှာစိုးလို့ ပြည်သူတွေထိမှာစိုးလို့ ပြောတာပေါ့နော် ဒါပေမဲ့ ခံစားရတဲ့ပြည်သူတွေကတော့ အကုန်လုံးကပြောတာပေါ့နော် မြို့တွင်းထဲက ပစ္စည်းတွေဆိုရင် ထော်လာဂျီတွေနဲ့တိုက်ပြီးကိုယူတယ်တဲ့ ဆိုင်ကယ်ဆိုင်တွေကလည်း တစ်စီးပြီးတစ်စီး ယူတယ်လို့ ပြောတယ်ဗျ” လို့  ပြောပါတယ်။ မိုးမိတ်မြို့နယ်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး KIA နဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးတော့ တိုက်ပွဲစတင်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလည်း ခရိုင်အဆင့်ရှိတဲ့ မိုးမိတ်မြို့ကို လက်မလွှတ်ရရေး လေကြောင်းနဲ့ပစ်ခတ်တာအပြင်၊ လက်နက်ကြီးတွေနဲ့ အစွမ်းကုန်ခုခံခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့သလို နေအိမ်မီးရှို့ဖျက်ဆီးတာတွေလည်း ဆက်တိုက်ပြုလုပ်ခဲ့လို့ မြို့တွင်းရဲ့ ၄ ပုံ ၃ ပုံလောက်ကပျက်ဆီးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ မြို့တွင်းအရပ်သားသေဆုံးမှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပေမယ့် အသေးစိတ်အခြေနေကို ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲကြောင့် KNG က အတည်မပြုနိုင်သေးပါဘူး။ ဒါ့အပြင် တစ်ဖက်မှာ တိုက်ပွဲစဖြစ်လာပြီး ၄ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာတော့ မြို့တွင်း ဖုန်းနဲ့အင်တာနက်လိုင်းတွေလုံးဝပြတ်တောက်သွားခဲ့ရာ ဒီကနေ့အထိ အဆက်အသွယ်မရပျောက်ဆုံးနေတဲ့ အရပ်သားကလည်း ရာနဲ့ချီရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေဆီကသိရပါတယ်။ မိုးမိတ်မြို့နယ်ထဲမှာတော့ ခလရ ၂၂၃ ၊ခလရ ၂၇၆ တပ်ရင်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၄၈ တပ်ရင်းတို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ် ဗျူဟာတစ်ခု တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာ သူတွေကသုံးသပ်ကြပါတယ်။ By – အမိုး

    Read More »
  • 29 January
    သတင်း

    နမ့်ဖတ်ကာ ဒေသခံများအနေနဲ့ ခွင့်ပြုချက်ရမှသာ နေရပ်ပြန်လာဖို့  KIA ပြောဆို

    ရှမ်းမြောက် နမ်ဖတ်ကာမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ဖို့လိုအပ်သေးတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ခွင့်ပြုချက်ရမှသာ ဒေသခံစစ်ရှောင်ပြည်သူတွေ နေအိမ်ပြန်လာကြဖို့ KIA ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေပြောပါတယ်။ KIA  တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်တဲ့ နမ့်ဖတ်ကာမှာ စစ်တပ်ဘက်ကတိုက်ပွဲမဖြစ်ခင်ကတည်းက တပ်စခန်းပတ်ပတ်လည်နဲ့နေရာတော်တော်များများမှာ မိုင်းထောင်ထားတာတွေရှိတာကြောင့် KIA ဘက်က ရွာသားတွေကို အဝင်အထွက်ခွင့်မပြုသေးတာဖြစ်တယ်လို့ သိရပါတယ်။ “ဘေးပတ်ဝန်းကျင် မိုင်းထောင်ထားတာတွေ အများကြီးရှိသေးတယ်။ KIA ဘက်က အဲ့ဒါတွေကို ရှင်းလင်းရေးပြုလုပ်ရအုံးမယ်လို့ပြောတယ်။ ပြီးတော့ ရွာသားတွေကိုလည်း လုံး၀အဝင်အထွက်ခွင့်မပြုသေးကြောင်းပြောတယ်။ ဒါကြောင့် ရွာသားတွေလည်း KIA ဘက်က ဝင်လာတော့ ဝင်လာလို့ရပြီဆိုမှ ဝင်လာကြရအောင်လို့ ပြောချင်တယ်။ အိမ်တွေ အများကြီး ပျက်စီးသွားတော့ KIA ဘက်က အဲ့လိုအပျက်အစီးတွေကို ရှင်းလင်းရေးလုပ်ဆောင်အုံးမယ်ပေါ့။ သူတို့ ခွင့်ပြုမှ ဝင်လာကြဖို့ ရွာသားတွေကို အကြောင်းကြားထားခိုင်းတာဖြစ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်ကမှ နမ့်ဖတ်ကာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၂၉) ရက်နေ့ကစပြီး စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ တစ်လနီပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၂၄) ရက်နေ့မနက်မှာတော့ အပြီးစီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။  နမ်ဖတ်ကာ ခ.လ.ရ (၁၂၃) စစ်တပ်ကို လက်မလွတ်ရေးအတွက် စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ အပြင်းအထန်ခုခံခဲ့ပေမဲ့ တပ်ရင်းမှူးနဲ့ကျန်ရှိတဲ့တပ်သားတစ်ချို့တပ်ဆုတ်ခွာထွက်ပြေးသွားတာကြောင့် အပြီးဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ဖတ်ကာစခန်းသိမ်းတိုက်ပွဲဟာ KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်သလို ရှမ်းမြောက် ကွတ်ခိုင်အထက်ဘက်အချက်အချာကြတဲ့ နေရာတစ်ခုကို KIA ဘက်က ရရှိလိုက်ခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ “ဒီရှမ်းမြောက်အထက်ဘက် မြို့အဆင့်ရှိ ရွာကြီးကို KIA ဘက်က ပထမဆုံးသိမ်းပိုက်ခြင်းတယ်။ ဒီနေရာဟာ အားလုံးအတွက် အရမ်းအရေးကြီးတဲ့နေရာတစ်ခုဖြစ်တာကြောင့် KIA အတွက် အကျိုးမြတ်ကြီးတစ်ခုဖြစ်တယ်။ တရုတ်နယ်စပ် မူဆယ် – ၁၀၅ မိုင် – နမ့်ခမ်း အားလုံးက နမ့်ဖတ်ကာမှာ လာဆုံတယ်။ ဆိုတော့ တရုတ်နယ်စပ်က ဖြတ်လာသမျှအားလုံး နမ့်ဖတ်ကာမှာ လာဆုံတာဖြစ်တာကြောင့် အဝင်–အထွက် အားလုံးအတွက် အလွန်အရေးပါတဲ့နေရာကို KIA သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ မြင်ပါတယ်”ဟုနမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့သလို  KIA ဘက်ကလည်း ထိခိုက် သေဆုံးမှုများတယ်လို့ ဒေသခံတွေပြောပါတယ်။  ဒါ့အပြင် နမ်ဖတ်ကာတိုက်ပွဲအတွင်း နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ပြည်သူတွေ ထိခိုက်မှုနဲ့ အရပ်သားထိခိုက်သေဆုံးမှုစုစုပေါင်း ၃၀ ခန့်ရှိတယ်လို့ သိရတယ်။  အခုချိန် နမ်ဖတ်ကာ ဒေသခံပြည်သူတွေက တောတောင်တွေထဲ၊ နီးစပ်ရာကျေးရွာတွေမှာ ဆက်လက်ရှောင်တိမ်းနေရဆဲဖြစ်ပြီး နမ်ဖတ်ကာတိုက်ပွဲပြီးစီးပြီ ဖြစ်ပေမယ့် စိတ်ချရတဲ့အခြေအနေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ နမ့်ဖတ်ကာဒေသကို ထိန်းချူပ်ဖို့အတွက် ဒေသခံပြည်သူတွေနဲ့ KIA ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားပြီး အုပ်ချူပ်ရေးယန္တရားလည်ပတ်သွားဖို့ စီစဉ်နေဆဲဖြစ်သလို KIA ခွင့်ပြုမှသာ ဒေသခံပြည်သူတွေလည်း နေရပ်ပြန်လို့ရမဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 25 January
    သတင်း

    မဘိန်းမြို့ တပ်စခန်းက ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်

    ရှမ်းမြောက် မဘိန်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကုန်းမခံရှေ့တန်းတပ်စခန်းကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ကောင်စီတပ်သားအယောက် ၄၀ ဝန်းကျင် နဲ့  ကချင်လွတ်လပ်ရေးတပ်တော် KIA တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြတယ်လို့ မံစီမြို့နယ်ဒေသခံ တစ်ဦးကပြောပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ မနေ့ည ၉နာရီဝန်းကျင် အချိန်လောက်မှာ အဲဒီစစ်ကောင်စီတပ်သားတွေဟာ မဘိမ်းမြို့အစပ်ဖြစ်တဲ့ မံစီမြို့နယ် ကောင်လွင်ကျေးရွာအနောက်ဘက် ၅မိုင်အကွာက တောအုပ်တစ်နေရာမှာ ထွက်ပြေးသိမ်းရှောင်လာတဲ့ချိန် KIA  တပ်ရင်း ၁၂ တပ်ဖွဲ့ဝင်တွေ လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြတာလို့ ကောင်လွင်ဒေသခံ တစ်ဦးကခုလိုပြောပါတယ်။ “မနေ့ည သူတို့ တောအုပ်ကထွက်လာတဲ့အချိန် ကေအိုင်အေတပ်ရင်း၁၂က လိုက်ပစ်တယ် ပြီးတော့ စစ်ကောင်စီဘက်ကပြန်ပြေးသွားတယ်။ ဒီမနက် မိုးလင်းတာနဲ့ ကေအိုင်အေဘက်က သူတို့ကို ဝိုင်းရံပိတ်ဆို့ပြီး ပြန်လိုက်ရှာနေကြတယ်”လိုသူကဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ထွက်ပြေးလာကြတဲ့အချိန် ကောင်လွင်ကျေးရွာဘက် တောင်ပေါ်တစ်ခုမှာ သစ်ခုတ်နေကြတဲ့ ဒေသခံသုံးယောက်ကိုလည်း  စစ်ကောင်စီတပ်တွေက လူသားဒိုင်းအဖြစ် ဖမ်းစီးသွားပြီး တစ်ယောက်က ထွက်ပြေးလွတ်မြောက်လာတယ်လို့ ပြန်လည်လွတ်မြောက်လာသူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးကခုလိုပြောပါတယ်။ “သူတို့စစ်ကြောင်းနဲ့ ပြန်လာတဲ့ချိန်ဖမ်းသွားတာတဲ့ ကချင်ကနှစ်ယောက် ရှမ်းဗမာကတစ်ယောက်သုံးယောက်ပေါ့ အဲဒီပြန်လွတ်လာတဲ့ တစ်ယောက်က ကချင်ကောင်လေးဟုတ်တယ် ကျွတ်တော်တို့စီအူကျေးရွာကဘဲ သူကတော့ စစ်ကြောင်းနားနေတဲ့အချိန်မှာ ထွက်ပြေးလာတာလို့ ပြောတယ်”လို့ဆိုပါတယ်။ ကချင် – ရှမ်းနယ်အစပ်မှာရှိတဲ့ မဘိမ်းမြို့ကို KIA,KPDF,ABSDF ပူးပေါင်းတပ်တွေဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်တပ်စခန်းမှ စစ်သုံ့ပန်းတစ်ချို့ကိုလည်း ဖမ်းဆီးရမိထားသလို တပ်စခန်းကနေ ထွက်ပြေးသွားသူတွေရှိခဲ့တာဖြစ်ပါတယ်။ အလားတူးဘဲ မံစီမြို့နယ် စီခမ်းကြီးကျေးရွာကို ဝင်သိမ်းတော့မယ်ဆိုတော့ သတင်းကြောင့် စီခမ်းကြီးကျေးရွာက ရွာသားတွေ ၄ပုံ ၃ပုံခန့် ဗန်းမော်ဘက်ကို ထွက်ပြေးကြကုန်ပြီး စီခန်းကြီးကျေးရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ စီကော်ကျေးရွာက ရွာသားအချို့လည်းထွက်ပြေးသိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ တစ်ဖက်မှာလည်း ခုလို စစ်တပ်နဲ့ KIA တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာအပြင် ခုရက်ပိုင်း မံစီမြို့နယ်တစ်လျှောက် စစ်ရေးတင်းမာနေတဲ့အတွက် ကောင်ရွန်ကျေးရွာအပြင် စီကော်ကျေးရွာက အလယ်တန်းကျောင်းကို ဒီကနေမှာဘဲအတန်းတင်စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေကြပြီလို့ ဒေသခံတွေကပြောပါတယ်။ By…

    Read More »
  • 21 January
    သတင်း

    မဘိမ်းမြို့ကို KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်

    ကချင်– ရှမ်းအစပ်မှာရှိတဲ့ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KPDF တပ်ဖွဲ့တွေက ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KPDF တာဝန်ရှိသူက ခုလိုပြောပါတယ်။…

    Read More »
  • 19 January
    သတင်း

    မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားသေဆုံးမှုရှိ

    ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က မိုးမိတ်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၅ နာရီခွဲကစလို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး လက်ခုပ်တန်းရွာနဲ့ မိုးမိတ်မြို့နယ် မြောက်ပိုင်းဘက်မှာတိုက်ပွဲဖြစ်နေတာလို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “အခုကို လေယာဥ်ကကြဲချနေတယ် မနက် ၅ နာရီခွဲကတည်းကစဖြစ်နေတာ လေယာဥ်ကတော့ အဆက်မပြတ်ကိုလာပြီးတော့ကြဲနေတာ မနေ့ကကော ဒီနေ့ကော အရပ်သားသေဆုံးမှုတွေရှိတယ် ဒီနေ့မနက်က တော့လေယာဥ်ကြောင့်ထိပြီး အမျိုးသမီးတစ်ယောက် သေဆုံးတယ်”လို့ ပိတ်မိနေတဲ့အမျိုးသမီးကပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဟာ နမ့်ခမ်းအင်းရွာကလို့ သိရပေမယ့် အသေးစိတ်ကို KNG က အတည်ပြုနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မနေ့က တိုက်ပွဲအတွင်းမှာ‌တော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုတွေအကြား အရပ်သား ၃ ယောက် သေဆုံးတယ်လို့ သိရပေမယ့် တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲဖြစ်တာကြောင့် သေဆုံးသူတွေရဲ့ အခြေနေကို အတည်မပြုနိုင်သေးဘူးလို့သူကဆိုပါတယ်။  တစ်ဖက်မှာ လက်ရှိ မိုးမိတ်တိုက်ပွဲဟာ အတော်လေးပြင်းထန်နေလို့ ပိတ်မိနေတဲ့အရပ်သားတွေ အတော်လေးစိုးရိမ်နေကြရတယ်လို့လည်း ပိတ်မိနေတဲ့ဒေသခံတွေကပြောပါတယ်။ “အခုက အခြေနေက အရမ်းကိုစိုးရိမ်ရတဲ့အနေအထားဖြစ်နေတာ ပြည်သူတွေက အိမ်ထဲမှာရှိနေကြတာ သက်ကြီးရွယ်အိုတွေကော အခြေနေတွေကြောင့် မသွားနိုင်သူတွေကလေးငယ်တွေအကုန် ကိုယ်အိမ်နဲ့ ဗုံးခိုကျင်းတွေထဲနေ နေရတဲ့အခြေနေပေါ့” လို့ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီးကဆိုပါတယ်။ မိုးမိတ်မြို့နယ်ထဲက ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်းတွေကို မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ် ပါတယ်။ By – အမိုး

    Read More »
  • 19 January
    သတင်း

    မံစီမြို့နယ် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မန်ဝန်းကြီးအနီး ဂေါက်ငူယန်မှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အဲဒီတပ်စခန်းဟာ ခမရ ၄၂၄ တပ်ရင်းအောက်မှာရှိစခန်းဖြစ်ပြီး ဇန်နဝါရီလ ၁၉ရက်နေ့  ဒီမနက် ၈နာရီဝန်းကျင်လောက်က စတင်တိုက်ခိုက်ခဲ့ရာကနေ နေ့လည် ၁၁ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အသံကတော့ အမြဲကြားနေရတာတော့ ဟုတ်တော့ ဒီမနက်က ပိုဆိုးတာပေါ့ စစ်ဖြစ်နေတဲ့ အချိန်ဆိုဖုန်းလိုင်းတွေလည်း ဆက်လို့မရတော့ဘူး ပြီးတော့ နေ့လည်လောက်မှာကသိမ်းနိုင်ပြီကြားတယ်”လို့ ဆိုပါတယ်။ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တို့် သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းမှာတော့ စစ်အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတာဖြစ်ပြီး KIA တပ်မဟာ ၃ အောက်မှာရှိတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်ကျဆုံးသူများခဲ့တဲ့အပြင် စစ်သုံ့ပန်းတစ်ချို့နဲ့လက်နက်ခဲယမ်းအားလုံးကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “သိမ်းလိုက်နိုင်တာတော့ သေချာတယ် ဟုတ်တယ် သုံ့ပန်းအချို့လည်းဖမ်းမိတယ် အသေးစိတ်တော့ ပြောပြလိုတော့ မရသေးဘူး”လို့ သူကပြောပါတယ်။ KIA  တပ်ရင်း ၂၇ ဘက်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းဦးရေ တိတိကျကျပြောဆိုထားတာမရှိပေမယ့် ရှေ့တန်းသတင်းရင်းမြစ်ရဲ့ပြောဆိုချက်အရ စစ်သုံ့ပန်း ၂၀ ထက်မနည်းဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ကချင်ပြည်နယ် မံစီမြို့နယ်အပါအဝင် မံစီမြို့နဲ့ အစပ်ဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း KIA,PDF တပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို ဖားကန့်မြို့ ဝှေခါမှာလည်း တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ By – Hope

    Read More »
  • 18 January
    သတင်း

    မိုးမိတ်မြို့ ရဲစခန်းအလံဖြူထောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး

    ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ KIA၊PDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့တိုက်ပွဲမှာ မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကတော့ အလံဖြူထောင်ပြီး တပ်သားတွေထွက်ပြေးသွားကြပြီ လို့ဒေသခံတွေ ဆီကသိရပါတယ်။ ဒီကနေ့မနက်ပိုင်း ၆…

    Read More »
  • Dec- 2023 -
    12 December
    သတင်း

    နမ့်ဆန်မှာ စစ်ကောင်စီရဲ့တပ်စခန်းတွေသိမ်းပိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

    ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဆန်ရဲစခန်းအပါအဝင် စခန်းပေါင်း ၃ ခုကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဘက်က နမ့်ဆန်မြို့နယ်ဘက်ကို မန်တုံ ၁၃၀ တပ်စခန်းကနေ…

    Read More »
  • 6 December
    သတင်း

    နမ့်ခမ်းမြို့မှာ စစ်တပ်နဲ့ TNLA တို့အကြား တိုက်ပွဲပြင်းထန်နေ

    “အခုသူတို့ရဲ့အနေအထားကိုကြည့်ရရင် TNLA ဘက်က နမ့်ခမ်းမြို့ကို အရကို ယူချင်တဲ့အခြေအနေဖြစ်တယ်။ တစ်ခါတိုက်တာ မနိုင်လို့ ပြန်ပြီး ပူးပေါင်းတပ်ဖွဲ့တွေ ပြန်ပေါင်းပြီး အခုအပြင်းအထန် ပြန်တိုက်နေတာပေါ့။” လို့ ဆက်ပြောပါတယ်။

    Read More »
  • 6 December
    သတင်း

    ထီးချိုင့်မြို့လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ခုခံနေ

    ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ခုဆိုရင်တစ်လနီးပါးရှိလာပြီး စစ်တပ်ဘက်ကလည်း ထီးချိုင့်မြို့ လက်မလွတ်ရေး မီးကုန်ယမ်းကုန် ခုခံနေတာလည်းဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ ကောလင်းမြို့ကိုတိုက်ခိုက်သိမ်းယူလိုက်တဲ့ KIA,PDF တွေက…

    Read More »
Back to top button