သတင်း

နမ့်ဆန်မှာ စစ်ကောင်စီရဲ့တပ်စခန်းတွေသိမ်းပိုက်ခံရပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် နမ့်ဆန်ရဲစခန်းအပါအဝင် စခန်းပေါင်း ၃ ခုကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဘက်က နမ့်ဆန်မြို့နယ်ဘက်ကို မန်တုံ ၁၃၀ တပ်စခန်းကနေ လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက် မှုတွေလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တအာင်းတပ်တွေဘက်က ရဲစခန်းနဲ့ထွေအုပ်ရုံးသိမ်းပြီပြောတယ် မန်တုံဘက်ကနေ လက်နက်ကြီးတွေ ပစ်တယ် နမ့်ဆန်မြို့ထဲတွေကျတာပေါ့ ပျက်ဆီးမှုတွေလည်းရှိတယ် သေဆုံးမှုတွေလည်းရှိတယ် နမ့်ဆန် ဗျူဟာကုန်းနဲ့ အနီးဆုံး မွန်ဆိုင်းရပ်ကွက်ပေါ့ ပြင်းထန်တယ် လေကြောင်းရော မြေပြင်ကနေရော တာဝေး ပစ်ဒုံးတွေသုံးနေတယ် အဓိကကတော့ မန်တုံကနေပစ်တယ် ပြီးလို့ရှိရင် လေကြောင်းတိုက်ခိုက်မှုတွေ လည်းအကြိမ်ကြိမ်လုပ်တယ်လို့ ပြောတယ် “လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် နမ့်ဆန်မြို့နယ်မှာ ဖုန်းလိုင်းရော၊ အင်တာနက်လိုင်းတွေပါပြတ်တောက်နေတဲ့အတွက် အဆက် အသွယ်တွေပြတ်တောက်နေတယ်လို့ သူကဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်ဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့ညအထိတိုက်ပွဲတွေပြင်းထန်နေပြီးတော့ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

၁၀၅ မိုင်အခြေနေက နာရီခွဲနဲ့ ၄နာရီကြားမှာ ခေါက်လောက် ဟက်စကီးနဲ့လာပစ်သွားတယ် ၅နာရီ ဝန်းကျင်မှာတော့ ဂျက်ဖိုက်တာနဲ့လာပစ်သွားတယ် ဒီနားတစ်ဝှိုက်ကတော့ ဖြစ်နေကြတာပဲလေနော့ ဒါပေမဲ့ ဒီနေ့ကတော့ နည်းနည်းပြင်းထန်တာပေါ့ “လို့ မူဆယ်ဒေသခံတစ်ယောက်ကပြောပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ရှမ်းမြောက် ဒေသတွင်းအခြေစိုက်သတင်းဌာနတွေကဖော်ပြနေပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့်အသေးစိတ်အခြေနေ ကို KNG က အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် မနေ့က ဒီဇင်ဘာ ၁၁ ရက်နေ့မှာပဲ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကိုလည်း တအာင်းတပ်မတော် TNLA က တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ နမ့်ဖတ်ကာ တပ်စခန်းကနေ နမ့်ခမ်းမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကူနေသလို မနေ့ကတစ်ရက်တည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၁၀ ကြိမ်အထိပြုလုပ်ခဲ့တယ် လို့ တအာင်းတပ်မတော် TNLA က မနေ့ညက သတင်းထုတ်ပြန်ထားပါတယ်။

ခုလို ရှမ်းမြောက်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ စစ်ရေးအခြေနေတွေကြောင့် နိုင်ငံတစ်ဝှမ်း ထွက်ပြေးနေရတဲ့အရပ်သားတွေဆက်တိုက်မြှင့်တက်နေသလို လူသားချင်းစာနာမှုဆိုင်ရာအကူညီလိုအပ် ချက်တွေဟာ ပိုမိုမြှင့်တက်လာနေပြီး လက်တလော နိုင်ငံတစ်ဝှမ်းထွက်ပြေးနေရတဲ့ အရပ်သား သိန်း ကျော် အထိရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က သတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button