ထီးချိုင့်

  • Jan- 2024 -
    16 January
    သတင်း

    ထီးချိုင့်မှာ စစ်တပ်နဲ့ KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ပြင်းထန်နေဆဲ

    စစ်ကိုင်း နဲ့ ကချင် အစပ်ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ကနေ…

    Read More »
  • Dec- 2023 -
    6 December
    သတင်း

    ထီးချိုင့်မြို့လက်မလွတ်ရေး စစ်တပ်က အစွမ်းကုန်ခုခံနေ

    ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ ခုဆိုရင်တစ်လနီးပါးရှိလာပြီး စစ်တပ်ဘက်ကလည်း ထီးချိုင့်မြို့ လက်မလွတ်ရေး မီးကုန်ယမ်းကုန် ခုခံနေတာလည်းဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ ကောလင်းမြို့ကိုတိုက်ခိုက်သိမ်းယူလိုက်တဲ့ KIA,PDF တွေက…

    Read More »
  • Nov- 2023 -
    13 November
    သတင်း

    အင်းတော် – ထီးချိုင့်လမ်းပိုင်းမှာ ခရီးသွား ပြည်သူတွေ ၅၀၀ လောက် ပိတ်မိနေဆဲ

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော် – ထီးချိုင့် လမ်းပိုင်းကို စစ်ရေးအခြေနေတွေအရ ပိတ်ထားတာ ၇ ရက်ကြာ ရှိလာပြီး လမ်းပိုင်းတစ်လျှောက်မှာ ရီးသွားပြည်သူ ၅၀၀ ဝန်းကျင်လောက် ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ထီးချိုင့်မြို့ပေါ်မှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ…

    Read More »
  • 9 November
    သတင်း

    ထီးချိုင့်မှာတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီးတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ယောက်ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မနေ့ကတည်းက ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်း မှာ…

    Read More »
  • 8 November
    သတင်း

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့မနက်ပိုင်းကစလို့ ကာကွယ် ရေးပူးပေါင်းတပ်ဘက်က တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက် က လေကြောင်း အသုံးပြုတိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ထီးချိုင့်မြို့ပေါ် ရပ်ကွက် ၂ ဥယျာဥ်ကုန်းရပ်ကွက်ထဲက ဘောလုံးကွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကို…

    Read More »
  • Oct- 2023 -
    27 October
    သတင်းထီးချိုင့်

    တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ထပ်မံပစ်ခတ်

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြစ်ကြီးနားကနေလာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်သာ၊ ဒိုးပင် နဲ့ မိချောင်းအိုက်ကျေးရွာတွေထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၃ နာရီဝန်းကျင်လောက်က မြစ်ကြီးနားဘက်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်သွားတယ် ၁၅ မိနစ် လောက်ကြာမယ်ထင်တယ် ပထမဆုံးပစ်တာကတော့ ညောင်ပင်သာဆေးရုံကိုအရင်ပစ်လိုက်တာပါ နောက်ထပ် ဒိုးပင်ရွာထဲကိုတော့ ၂လုံးကျတယ် နွားနှစ်ကောင်သေတယ် ပြည်သူတစ်ယောက်လည်း ထိခိုက် တယ် ပြီးတော့ နေအိမ်၂လုံးထိမှန်ပျက်ဆီးသွားတယ်”လို့ ထီးချိုင့်ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက ၃နာရီလောက်ကနေ နေ့လည်ပိုင်းအထိ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ရွာအနီးတစ်ဝှိုက်ကိုလည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးတော့ ထိခိုက်မှုတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ကျေးရွာနဲ့ ၁၀မိုင် လောက်အကွာအဝေးက မင်းဝံတောင်ရိုးတစ်လျှောက်ကိုလည်း Mi35 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်နေ့တည်းကို နှစ်ကြိမ်တိုင်တိုင် လေကြောင်းအသုံးပြုတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ လက်ရှိလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာ နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ ထီးချိုင့်မြို့နယ် အနောက် တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်း စစ်ရေးလှုပ်ရှားနေသလို အရပ်သားထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။ By – အမိုး

    Read More »
  • 27 October
    သတင်းphoto - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

    ထီးချိုင့်မှာ စစ်ကောင်စီတပ်နဲ့KIA+PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းပစ်ကူ

    စစ်ကိုင်း– ကချင်အစပ် ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ် နဲ့ KIA+PDF ပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ထီးချိုင့်မြို့ပေါ်ကနေထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ထီးချိုင့် အနောက်တောင်ဘက်ခြမ်းက ကြက်သွန်ခင်းရွာ နဲ့ မိချောင်းအိုင်ရွာအကြားမှာ တိုက်ပွဲပြင်းထန်နေတာလို့…

    Read More »
  • 13 October
    သတင်းထီးချိုင့်

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား…

    Read More »
  • Aug- 2023 -
    21 August
    သတင်း

    ထီးချိုင့်နယ် တိုက်ပွဲမှာ စစ်တပ်ဘက်ကအထိနာပြီး လေယာဥ်နဲ့ဗုံးကျဲ

    စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဇီးကုန်းကျေးရွာဘက်မှာ ဩဂုတ်လ ၂၀ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော်  KIA၊ ထီးချိုင့်PDF ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချိူ့ကိုလည်း ကာကွယ်ရေးတပ်ဘက်ကသိမ်းဆည်းရမိခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ကနေ သိရပါတယ်။ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဇီးကုန်းကနေ ကွင်းကြီးဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား…

    Read More »
  • Jun- 2023 -
    1 June
    သတင်း

    စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိသည့် အမျိုးသမီးတစ်ဦး လက်နှစ်ဖက်ဖြတ်လိုက်ရ

    ထီးချိုင့်-ကသာအစပ်တွင် ဧရာဝတီမြစ်ကြောင်း သံခွန်မော်တော်ယာဉ်မှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးထိမှန်ပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ စစ်အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ ထီးချိုင့်မြို့နယ် နှင့် ကသာမြို့နယ်အစပ်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရောက်ရှိလာပြီး ကမ်းဘက်သို့ လက်နက်ကြီးပစ်ခတ်နေသောကြောင့် အမျိုးသမီးတစ်ဦး…

    Read More »
Back to top button