နေအိမ်

  • Jul- 2023 -
    8 July
    သတင်း

    ရှဒူးဇွပ်တိုက်ပွဲတွင် နေအိမ်အများအပြားပျက်စီးသွားပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

    ရှဒူးဇွပ်ကျေးရွာတွင် ယနေ့နံနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မင်းဇင်းသန့် ပြည်သူ့စစ်အဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအတွင်း နေအိမ်များ ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။ KIA ဘက်မှ စစ်အင်အား ၁၀၀ ကျော်ခန့်က ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်ရှိသည့်…

    Read More »
  • 5 July
    သတင်းရွှေကူအရှေ့ခြမ်းက နေအိမ်မီးရှို့ခံရပုံ

    ရွှေကူနယ်အနောက်ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့နေ

    ရွှေကူမြို့နယ်အနောက်ဘက်ခြမ်းကကျေးရွာတွေမှာ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာထဲက လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကစပြီး စစ်တပ်ရဲ့ ခလရ ၇၇ နဲ့ ခလရ ၁၀ ပူးပေါင်းထားတဲ့ စစ်အင်အား ၃၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ ရွှေကူနယ်အနောက်ခြမ်းမှာရှိတဲ့ ဘိုကုန်း၊ ချောင်းဝ၊ သပြေလှ စတဲ့ကျေးရွာဘက်မှာ စစ်ကြောင်း ၂ကြောင်းခွဲပြီး ဝင်ရောက်နေတဲ့အပြင် ဇူလိုင်လ ၄ ရက်နေ့ ညနေမှာတော့ လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ဘိုကုန်းဇာတိဒေသခံအမျိုးသားတစ်ဦးက ကKNG ကိုအခုလိုပြောပါတယ်။…

    Read More »
  • Jun- 2023 -
    14 June
    သတင်း

    ကန့်ဘလူတွင် တစ်လအတွင်း ကျေးရွာ ၁၇ ရွာမီးရှို့ခံရသည့်အပြင် အရပ်သား ၃ ဦး သေဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှင့် ကျွန်းလှမြို့နယ်တွင် မေလတစ်လအတွင်း ကျေးရွာ ၁၇ ရွာမှ နေအိမ် ၆၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံအမျိုးသမီး ၁ ဦး နှင့် အမျိုးသား ၂ ဦး အသတ်ခံလိုက်ရသည်ဟု သိရသည်။ မီးရှို့ခံရသည့် နေအိမ်…

    Read More »
  • May- 2023 -
    2 May
    သတင်း

    ကျေးရွာမှ ထွက်ပြေးသူများ၏ နေအိမ်မီးရှို့မည်ဟု စစ်တပ် ခြိမ်းခြောက်နေ

    ကချင်ပြည်နယ် ရွှေကူမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဒေသခံများကို ထွက်မပြေးရန် ကျေးရွာမှထွက်ပြေးသူများ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။ ဧပြီလ ၂၉ ရက်နေ့မှစကာ ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မိုးစစ်ကျေးရွာ၊ ရေလဲကျေးရွာ၊ဆင်တပ်ရွာနဲ့ သဘော်အင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သည် စစ်ကြောင် လေးကြောင်းခွဲ၍ ဝင်ရောက်တပ်စွဲပြီးနှောက် ယခုလိုပြောဆိုနေကြောင်း ရွှေကူမြို့မှ အမျိုးသမီးတစ်ဦးက KNG ကို ပြောသည်။ “ခြေနေကတော့မအေးဘူး လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ရေလဲ၊ မိုးစစ်ရွာတွေဘက် စစ်ကြောင်းဝင်နေတာအခုထိရွာထဲမှာပဲ တပ်စွဲ ထားတယ်။ ရွာသားတွေကိုလည်း တစ်ယောက်မှထွက်မပြေးခိုင်းဘူး ထွက်ပြေးလို့ လူမရှိတဲ့အိမ်ဆိုမီးရှို့မယ်လို့ခြိမ်းခြောက်နေတာ။ နောက်ပြီး PDF တွေကိုလုံးဝသတင်းမပေးဖို့ပေါ့ သတင်းပေးရင်မီးရှို့မယ်ဆိုပြီးလည်းခြိမ်းခြောက်နေတယ်လို့ သိရတယ်”ဟု ပြောသည်။ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၇၇၊ ခလရ ၈၈ နှင့် ခလရ ၁၀ ပူးပေါင်းတပ် အင်အား ၄၀၀ ဝန်းကျင်သည် ဧပြီ ၂၉ ရက်နေ့မှစကာ ရွှေကူအနောက်ခြမ်းရှိ အထက်ဖော်ပြပါကျေးရွာများအတွင်းဝင်ရောက်တပ်စွဲ နေခြင်းဖြစ်ပြီး ကျေးရွာသားများလည်း စိုးရမ်ထိတ်လန့်နေရကြောင်း ဆင်တပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။ “ညဆိုရင်ရွာသားတွေအားလုံးကို ဘုန်းကြီးကျောင်းမှာ စုပြီးအိပ်ခိုင်းတယ် မနက်ဆိုရင်တော့ကိုယ့်အိမ်ကိုပြန်လွတ်ပေးတယ်။ ထွက်မပြေးကြနဲ့ သူတို့လုပ်ချင်ရာလုပ်မယ်ဆိုပြီးပြောခဲ့တာ”ဟု ပြောသည်။ ရေလဲ၊ မိုးစစ်၊ ဆင်တပ်နှင့် သင်္ဘောကျေးရွာများသည် ဧရာဝတီမြစ်ကမ်းတစ်လျောက်တည် ထားသည့် ကျေးရွာများဖြစ်ပြီး အိမ်ခြေ ၅၀၀ အထက်ရှိသည့်ကျေးရွာကြီးများဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ဧပြီလမှစပြီး ရွှေကူ အရှေ့တောင်ဘက်ခြမ်းရှိ စီမူလေး၊ စီမူကြီး၊ နောင်လတ်ကြီး၊ မံဝန်း၊စီသာ၊စီသောင်၊ မန်ခါး၊ ငှက်တံတား စသည့်ကျေးရွာပေါင်း ၁၂ ရွာတွင် ရက်ပေါင်း ၂၀ နီးပါးကြာစစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာ ၁၁ရွာ တိတိကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံသောင်းချီ အိုးမဲ့ အိမ်မဲ့ဖြစ်နေဆဲ ဖြစ်သည်။

    Read More »
  • Apr- 2023 -
    3 April
    သတင်း

    မော်လူးကျေးရွာတွင် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ် အများအပြားပျက်စီး

    အင်းတော်မြို့နယ် မော်လူးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။ အင်းတော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသော မော်လူးကျေးရွာတွင် ယမန့်နေ ညနေပိုင်း ၄ နာရီဝန်းကျင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက  KNG ကို ပြောသည်။ ”နေအိမ်တွေ…

    Read More »
  • Mar- 2023 -
    23 March
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်အာဏာသိမ်းကာလ ၂ နှစ်အတွင်း ကချင်တွင် မီးရှို့ခံရသည့် အိမ် ခြေ ၄၀၀ ကျော်အထိရှိပြီး ဖားကန့်မြို့နယ်မှ အများဆုံးပါဝင်

    စစ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၄၀၀ ကျော်အထိ ရှိလာပြီး အများဆုံးမှာ ဖားကန့်မြို့နယ်ထဲမှ ဖြစ်ကြောင်းသိရသည်။ Data For Myanmar ၏ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ မီးရှို့ခဲ့သည့်…

    Read More »
  • Feb- 2023 -
    16 February
    စစ်ပြေးဒုက္ခသည်များ

    ရွှေဘိုနယ်တွင် ၅ ရက်အတွင်း ကျေးရွာ ၆ ခုမီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၅၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရ

    စစ်ကိုင်းတိုင်းဒေသ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ယနေ့အထိ ၅ ရက်ခန့်အကြာ ကျေးရွာနေအိမ်များကို လိုက်လံမီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၁၄ ခုမှ ဒေသခံပြည်သူ ၅ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု  ဒေသသတင်းအရင်းအမြစ်များက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီး…

    Read More »
Back to top button