သတင်း

မော်လူးကျေးရွာတွင် လေပြင်းတိုက်ခိုက်သဖြင့် နေအိမ် အများအပြားပျက်စီး

အင်းတော်မြို့နယ် မော်လူးကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ လေပြင်းတိုက်ခတ်ခဲ့သောကြောင့် လူနေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသော မော်လူးကျေးရွာတွင် ယမန့်နေ ညနေပိုင်း ၄ နာရီဝန်းကျင် လေပြင်းတိုက်ခတ်ခဲ့သဖြင့် လူနေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက  KNG ကို ပြောသည်။

နေအိမ်တွေ တော်တော်များများတော့ ပျက်စီးသွားတယ်ဗျ။ အိမ်တွေကော ယိုင်နေအရမ်းများတယ်။ အတိအကျတော့ မသိရဘူး များလို့ မင်းရာဇာရပ်ကွက်မှာဆိုစာသင်ကျောင်းအမိုးတွေကော လှန်တယ်နောက်ပြီးတော့ ကျန်တဲ့ရပ်ကွက် တွေမှာကောအတူတူပဲ ကျွန်တော်မြင်ခဲ့တာအရမ်းများတယ်ဟုပြောသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပြိုလှဲခြင်း၊ အမိုးအကာများပျက်စီးခြင်း၊ ကျောင်းဆောင်များ ပျက်စီးခြင်း ၊ လမ်းဘေးဓာတ်တိုင်များ လှဲကျခြင်းတို့ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

မော်လူးကျေးရွာအပြင် မော်လူးကျေးရွာနှင့် နီးစပ်သည့် ကျေးရွာများတွင်လည်း လေပြင်းတိုက်ခတ်ခဲ့ပြီး လူနေအိမ်အများ အပြားပျက်စီးခဲ့ရာ စာရင်းအတိအကျရရှိရန် စုံစမ်းနေဆဲ ဖြစ်သည်။

မော်လူးကျေးရွာသည် အိမ်ခြေ ၁၀၀၀ ကျော်၊ လူဦးရေ ၂၀၀၀ ကျော်ခန့်နေထိုင်သော ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button