ပစ်ခတ်မှု
-
Jul- 2025 -3 Julyသတင်း
ဖားကန့်မှာ နှစ်ဖက်တပ်ကြား လက်နက်ကြီးပစ်ခတ်မှု အရပ်သား နေရာတွေမှာ ကျမှန်ပေါက်ကွဲနေ
ဖားကန့်မှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့တိုက်ပွဲဖြစ်တာမရှိပေမယ့် လက်နက်ကြီး အပြန်လှန်ရမ်းသမ်းပစ်ခတ်မှုရှိနေတဲ့အတွက်လူနေထူထပ်တဲ့နေရာတွေမှာ ကျပေါက်ကွဲတာတွေရှိနေတယ်လို့ သိရပါတယ်။ ဇွန်လ ၃၀ ရက်ကနေ တိုက်ပွဲပြန်ငြိမ်သွားတဲ့ ၃ ရက်အတွင်းမှာ စစ်ကောင်စီတပ်ဘက်က ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီး ပစ်ခတ်နေသလို KIA…
Read More » -
Jun- 2025 -12 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ လမြန်ရွာမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊လမြန်ကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာတစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်မှာ တစ်ကြိမ်ပစ်ခတ်သွားတာလို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့…
Read More » -
May- 2025 -9 Mayသတင်း
တိုက်ပွဲဖြစ်နေတဲ့ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာမှာ စစ်တပ်က လေကြောင်းပစ်ကူနေ
ဖားကန့်ဘက်ကိုဦးတည်ပြီးတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဆိုင်းဖရာကျေးရွာ အရောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်ခံရတဲ့အတွက် ဆက်မတက်နိုင်ဘဲ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ကားမိုင်း – မအူပင် ကားလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်တွေက…
Read More » -
6 Mayသတင်း
ဝိုင်းမော်မှာ နှစ်ဖက်တပ်အကြား အပြန်လှန်ပစ်ခတ်မှုရှိနေ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့– ဆဒုံး–ချီဖွေ သွားလမ်းမပေါ်ရှိ လမြန်ရွာနဲ့ ဝိုင်းမော်– ဗန်းမော်သွားလမ်း ဝိုင်းမော်မြို့အထွက်နေရာမှာ မေလ ၄၊၅ ရက်နေ့မှာ အပြန်လှန်ပစ်ခတ်တာတွေရှ်ိနေပြီး နှစ်ဖက်တပ်အကြား…
Read More » -
Apr- 2025 -25 Aprilသတင်း
ဟုမ္မလင်းမှာ SNAနဲ့ PDF နှစ်ဖက်တပ်ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုရှိခဲ့
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ရွှေမှော်မှာ SNA နဲ့ PDF တပ်ကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံဆီကနေသိရပါတယ်။ ဧပြီလ ၂၃ ရက်နေ့ ဟုမ္မလင်းမြို့နယ်နောင်မိုးကျေးရွာရွှေမှော်နဲ့ ဆပ်ကယားကျေးရွာရွှေမှော်ထဲမှာ ရှမ်းအမျိုးသားများတပ်မတော်(SNA)နှင့် ဟုမ္မလင်း PDF တပ်ကြားနှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရပ်သား ၃…
Read More » -
Jan- 2025 -6 Januaryသတင်း
ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်
ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊…
Read More » -
Nov- 2024 -20 Novemberသတင်း
ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ
မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”လို့ပြောပါတယ်။ နေ့လည် ၁၂ နာရီဝန်းကျင်အထိ ကန်ပိုင်တည်မြို့အဝင်အနီး ဘာဒေါန့် မရောက်မှီ လယ်ကွင်းအနီးတဝိုက်နဲ့ မြို့ပြင် တောင်ကုန်းနေရာဘက်ကို မရပ်မနားပစ်နေတယ်လို့ ပြောပါတယ်။ စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ KIA ဘက်က နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားထပ်မံဖြည့်တင်းနေတယ်ဆိုတဲ့သတင်းအပြင် တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် ဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပစ်ခတ်မှုမစခင် နိုဝင်ဘာလ ၁၉ ရက်ည ကန်ပိုင်တည်ဒေသခံပြည်သူတွေကို KIA တပ် မြို့ထဲဝင်ဖို့ ပြင်နေတာကြောင့် လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်မယ်ဆိုတဲ့အကြောင်း ကြိုတင်ပြောဆိုထားတာရှိတဲ့အတွက် ဒေသခံအများပိုင်း လုံခြုံရေးအတွက်စိုးရိမ်ပြီး ညတွင်းချင်း ထပ်မံတိမ်းရှောင်ထားကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်အထိ KIA ဘက်ကနေ ပြန်လည်ပစ်ခတ်တာတွေမရှိသေးပေမယ့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “အခုချိန်မှာက နှစ်ဖက်စစ်တပ် တင်းမာနေတဲ့ အခြေအနေမှာတော့ ရှိနေတယ်လို့ ပြောလို့ရတယ်။ ပြောရရင် တစ်ယောက်နဲ့ တစ်ယောက်ခြိမ်းခြောက်နေကြတာပေါ့။ ဘာလို့လဲဆိုတော့ ကန်ပိုင်တည်မှာလည်း စစ်သားတွေက အများကြီး။ ပြီးရင် KIA တွေကလည်း ကန်ပိုင်တည်အနီးအနားမှာ ပြီးခဲ့တဲ့ စင်ကြိုင် နယ်ခြားစောင့်တပ်သိမ်းပြီးကတည်းက ဝေမေားရွာတွေမှာ နေရာယူထားကြတယ်ဆိုတော့ တိုက်ပွဲက ဖြစ်လာဖို့ဘဲရှိတယ်လို့ မြင်ပါတယ်”လို့ပြောပါတယ်။…
Read More » -
11 Novemberသတင်း
SNA တပ်သားသုံးဦး PDF ထိန်းချုပ်ထားတဲ့ရွာဘက် ဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေ၊ တစ်ဦးဖမ်းခံရ
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ SNA တပ်သားသုံးဦး PDF တပ်ထိန်းချုပ်ထားတဲ့နယ်မြေထဲဝင်ရောက်လာတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး SNA တစ်ဦးသေဆုံးကာ တစ်ဦးအရှင်ဖမ်းမိထားပြီး နောက်တစ်ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဟုမ္မလင်းကာကွယ်ရေးတပ်နဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂နာရီဝန်းကျင်အချိန် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ထဲက တပ်သားသုံးဦး ဟုမ္မလင်းမြို့နယ် PDF တပ်ပေါင်းစုထိန်းချုပ်ထားတဲ့ နောင်ပိုအောင်ကျေးရွာ သဲနုတ်ဆွတ်ကျေးရွာ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်လာရာကနေ ပစ်ခတ်မှုဖြစ်တာလို့ ဟုမ္မလင်းPDF နဲ့နီးစပ်တဲ့နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “SNA သုံးယောက်ကနယ်မြေကျူးကျော်လာတာ သဲနုတ်ဆွတ်က PDF တွေပိုင်နက်လေး အဲ့မှာလာစားသောက်ကြတာ PDF တွေသိသွားတော့ဝင်ပစ်တာ တစ်ယောက်ကပွဲချင်းပြီးတစ်ယောက်မိတယ် တစ်ယောက်ကထွက်ပြေးသွားတယ်”လို့ သူကပြောပါတယ်။ ပစ်ခတ်မှုအတွင်းသေဆုံးသွားတဲ့ SNA တပ်ဖွဲ့ဝင်ဟာ လက်ရှိ ဆပ်ကယားကျေးရွာမှာနေထိုင်တဲ့သဲနုတ်ဆွတ်ကျေးဇာတိဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်ရှိ အမည်(စုံစမ်းဆဲ) ဖြစ်ပြီး ဖမ်းဆီးထားသူကိုလည်း စစ်ဆေးနေတုန်းပဲလို့သိရပါတယ်။ နောင်ပိုအောင်ကျေးရွာနဲ့ ၅ မိုင်လောက်အကွာမှာရှိတဲ့ကျေးရွာချင်းဆက်နေတဲ့ ဆပ်ကယားကျေးရွာနဲ့ သဲနုတ်ဆွတ်ကျေးရွာဟာရွှေမှော်ဒေသတွေဖြစ်ပြီး လက်ရှိဆပ်ကယားကျေးရွာကို SNA ထိန်းချုပ်ထားသလို သဲနုတ်ဆွတ်ကျေးရွာကိုလည်း PDF တွေ ကထိန်းချုပ်ထားတာဖြစ်ပါတယ်။ “အဲ့နှစ်ရွာကနီးနီးလေးပဲ ဆပ်ကယားမှာက SNAနေတယ် သဲနုတ်ဆွတ်က pdfတွေနေတယ် နှစ်ရွာလုံးက ရွှေအရမ်းထွက်တာ နယ်မြေကျူးကျော်လာတော့ပစ်ကြ ခတ်ကြတာ”လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ပိုင်း ဆပ်ကယားမှာထိုင်တဲ့ SNA တပ်ကနေ ညဘက်သဲနုတ်ဆွတ်ကျေးရွာဘက်ကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နောင်ပိုအောင်ကျေးရွာအလွန် ကချင်နဲ့စစ်ကိုင်းအစပ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ ဟုမ္မလင်းနယ်ထဲက သံယောဇဉ် ရွှေမော်အနီးမှာလည်း SNA နဲ့ PDF တို့ နိုဝင်ဘာလ လဆန်းကစပြီး တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကျေးရွာနေပြည်သူအများအပြားထွက်ပြေး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
Oct- 2024 -12 Octoberတိုက်ပွဲ
ပန်ဝါမြို့အနီး ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းနဲ့ထပ်မံပစ်ခတ်နေ
ပန်ဝါမြို့စောင့်တပ်ဖြစ်တဲ့ လောက်ပြေကျေးရွာ ၁၀၀၂ တပ်ရင်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က ဒီနေ့ မနက် ၁၁ နာရီဝန်းကျင်ကနေ လေကြောင်းပစ်ခတ်မှု ပြန်စတင်နေပြီလို့ ဒေသခံတစ်ဦးပြောပါတယ်။ “Y12 တစ်စီး ပတ်ပြီးကြဲနေတာ တရုတ်နာရီ ၁၁ နာရီ ၅၀…
Read More » -
8 Octoberသတင်း
ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်”လို့ ပြောပါတယ်။…
Read More »