ပူတာအို

  • Jun- 2024 -
    20 June
    သတင်း

    ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓာတ်ဆီပေပါ  အလုံး ၃၀၀ စတင်ဝင်ရောက်လာခဲ့ပြီး ဓာတ်ဆီဈေးအနည်းငယ်ကျဆင်းလာပြီလို့ သိရပါတယ်။ ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ သုံးလကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် စက်သုံးဆီတွေပြတ်လပ်ပြီး ဈေးတွေအဆမတန်မြင့်တက်နေတဲ့ ပူတာအိုမြို့နယ်မှာ မနေ့က ဇွန်လ ၁၉ရက်နေ့ ညပိုင်းမှာပဲ ဓာတ်ဆီပေးပါ သီးသန့်အလုံး ၃၀၀…

    Read More »
  • 19 June
    သတင်း

    ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြို‌နေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ သိရပါတယ်။ ပူတာအိုနဲ့ နောင်မွန်ကြား မချမ်းဘော့မြို့နယ်ထဲမှာရက်ပေါင်း  ၂၀ အကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် မချမ်းဘော့နယ်ထဲက အလန်ဂါးကျေးရွာနဲ့ ထန်ဂါးကျေးရွာကြားမှာရှိတဲ့ ကားလမ်းပိုင်းမြေပြို‌နေတာလို့ ဆိုပါတယ်။ “တောင်တွေပြိုပြီးကားလမ်းဖုံသွားတာ ပေ ၁၀၀၊ ၂၀၀…

    Read More »
  • 18 June
    သတင်းဆောင်းပါး

    တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ

    “ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

    Read More »
  • 11 June
    သတင်း

    ကုန်ကား ၁၄ စီး ပူတာအိုရောက်ရှိ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကိုတက်သွားတဲ့ ကုန်ကားတစ်ချို့ မနေ့က ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာပဲ ပူတာအိုမြို့ကိုရောက်ရှိသွားပြီလို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားဆရာတွေဆီက သိရပါတယ်။ တင်ပို့လိုက်တဲ့ကုန်ပစ္စည်းတွေကတော့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ကိုအဓိကထားတင်ပို့ခဲ့တာဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုကားလမ်းကို အပြီးသတ်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ ကုန်ကားတစ်ချို့သာတက်ခွင့်ရသေးတာလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ ညနေပိုင်းကတည်းက မြစ်ကြီးနားမြို့ကနေ အခြေခံစားသောက်ကုန်တင်ထားတဲ့ ကုန်ကား ၁၄ စီးလောက် ပူတာအိုမြို့ ကိုထွက်ခွာသွားတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာပဲရောက်ရှိသွားတာ လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲသူတစ်ယောက်ကပြောပါတယ်။ “မနေ့ကညနေပိုင်းလောက်ရောက်သွားတယ်။ အခြေနေက စစ်ဆေးရေးတွေတော့နည်းနည်းစစ်တယ်တဲ့ အဲ့လောက်ပါပဲ မူလာရှီးဒီးဂိတ်မှာတော့ စစ်ဆေးရေးကြမ်းတယ်တဲ့။ လမ်းမှာကတော့ နှစ်ဖက်အဖွဲ့တွေ များတယ်ပြောတယ်။ “ လို့ပြောပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က ကားလမ်းကိုပိတ်ခဲ့တာဖြစ်ပြီး ၃ လကျော်အကြာမှာ အခုလိုကုန်ပစ္စည်းတွေတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ကုန်ပစ္စည်းကားတွေ ပူတာအိုမြို့ကိုရောက်ပြီဆိုတဲ့သတင်းသာ ကနဦးသိရသေးပြီး ရောက်ရှိလာတဲ့ အခြေခံစားသောက်ကုန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ရောင်းချပေးမလဲဆိုတာတော့ ပူတာအိုမြို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် KNG ကအတည်မပြုနိုင်သေးပါဘူး။ ဒီအခြေနေမှာ ရောက်ရှိသွားတဲ့ ကုန်ပစ္စည်းတွေက ကုန်ပစ္စည်းလှောင်တဲ့သူတွေဆီသာရောက်ရှိသွားရင် ကုန်ပစ္စည်းသာရောက်လာပြီး ဈေးနှုန်းကတော့ကျမယ့်အနေအထားမရှိဘူးလို့ ကားဆရာ တစ်ယောက်က သုံးသပ်ပါတယ်။ “ ပစ္စည်းဈေးနှုန်းကတော့ကျမှာမဟုတ်ဘူးကျနော်တို့ထင်တာ။ ဘာကြောင့်ဆိုတော့ အခုကပူတာအိုမှာ ပိုက်ဆံရှိလည်းဝယ်လို့မရဘူးလေ။ အခုက ပစ္စည်းရောက်သွားတယ် ပိုက်ဆံရှိရင်ဝယ်လို့ရမယ် အဲ့လောက်ပဲ ဈေးကတော့ကြီးနေအုံးမယ်ထင်တယ်။ ကုန်တွေလှောင်တဲ့အဖွဲ့တွေပစ္စည်းရောက်သွားရင်ဘာမှထူးမှာ မဟုတ်ဘူး”  လို့ပြောပါတယ်။ ဒါ့ကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းမဖွင့်ခင်မှာ ရောက်ရှိသွားတဲ့ကုန်စည်တွေကို အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူပေးပြီး အကန့်အသတ်နဲ့ ရောင်းချပေးရင်တော့ အဆင်ပြေနိုင်မယ်ထင်တယ်လို့ သူကဆက်ပြော ပါတယ်။ ပူတာအိုမြို့ကို ပုံမှန်ဆိုရင် မြစ်ကြီးနားကနေ ၁၂ နာရီဝန်းကျင်ခန့်သာမောင်းရပြီး ဒီတစ်ကြိမ်တော့ လမ်းခရီး မှာ နှစ်ဖက်တပ်တွေရဲ့စစ်ဆေးရေးတင်းကြပ်တာ၊ ရာသီဥတုကြောင့်မြေပြိုတာ စတဲ့အခက်အခဲတွေကြောင့် ၂ ညအိမ် ၃ ရက် ကြာမြှင့်ခဲ့ရတယ်လို့ ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကစလို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ အကူအညီနဲ့ ပူတာအိုမြို့ကို ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့ကြိုးစားခဲ့တာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မနေ့ကပဲ ကုန်ပစ္စည်းတွေရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 7 June
    သတင်း

    ပူတာအိုကို ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့သိရ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG ရဲ့အကူအညီနဲ့ ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့အတွက် ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားသမားတွေဆီက သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစ ဆွမ်ပရာဘွမ်မြို့မှာဖြစ်ပွားခဲ့တဲ့ချိန် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ရဲ့တိုက်ပွဲအခြေနေတွေကြောင့် နှစ်ဖက်တပ်တွေက အဲ့ဒီကားလမ်းပိုင်းသွားလာခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။ ကားလမ်းပိတ်ထားတဲ့ ၃ လဝန်းကျင်ကြာလာချိန် ပူတာအိုမြို့နယ်မှာတော့ ကုန်ပစ္စည်းတွေပြတ်လပ်နေပြီဖြစ်တာကြောင့်  ပူတာအိုမြို့နယ်ဒေသခံတွေအတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေကို ကုန်ကားတစ်ချို့နဲ့ တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ သို့သော် ဒီအခြေနေဟာ ကားလမ်းကို တရားဝင်လွတ်လပ်စွာသွားလာခွင့်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့သာသွားခွင့်ရတာဖြစ်တယ်လို့ မြစ်ကြီးနား–ပူတာအို ကားပြေးဆွဲတဲ့ကားသမားတစ်ဦးကအခုလိုပြောပါတယ် “ လမ်းက ဖွင့်တာမျိုးတော့မဟုတ်ဘူး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေပေါင်းပြီးတော့ ကားအသေးတစ်ချို့ရယ် ကုန်ကားတစ်ချို့သွားလို့ရအောင်ပေါ့ ကားတွေဘာတွေကတော့ပြင်ဆင်ပြီးသွားပြီ တစ်ကြောင်းတက်သွားမှာပေါ့ တင်ရမယ့်ကုန်တွေကလည်းအကန့်အသတ်ရှိတယ် အဓိကက စားသောက် ကုန်တွေပေါ့ ပြောချင်တာကတော့ ပူတာအိုကို ရိက္ခာသွားပို့ပေးတဲ့သဘောမျိုးပဲ တစ်ကြောင်းစာ ပုံစံမျိုးပဲ” ပူတာအိုဒေသခံတွေအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်တစ်ချို့သာတင်ပို့မယ်လို့သိရပြီး စက်သုံးဆီတွေတော့တင်ပို့မယ့်အခြေနေမတွေ့ရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။ တစ်ဖက်မှာ လက်ရှိပူတာအိုကိုတက်မယ့်ကုန်ကားတစ်ချို့အတွက်လည်း စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့အတူတင်ပို့ရမယ့်အခြေနေဖြစ်တယ်လို့သိရပါတယ်။ “နယ်လုံတွေဘာတွေတောင်းပြီးသွားလို့ရမယ်ပြောတယ် ဒါပေမဲ့ တက်ခွင့်ပေးပေမဲ့စာတွေတော့ ရောက်မလာ သေးဘူး စာတွေတော့တောင်းထားတာ မနေ့ကတော့မကျသေးဘူးတဲ့ ဒီနေ့ညနေ ပိုင်းတော့ကျမလား မသိဘူး “အထက်မှာဖော်ပြတဲ့ ကားသမားက ဆက်ပြောပါတယ်။ ဒီအခြေနေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် PCG ကို KNG ကဆက်သွယ်ချိန်မှာတော့ PCG ရဲ့တာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။ “ဘယ်လိုအခြေနေမှန်းလည်းသိသေးဘူး အခုလောလောဆယ်ကတော့ ဘာမှပြောလို့တော့မရသေးဘူး အခြေနေအရထွက်သွားတဲ့အခါမှာပဲပြောလို့ရမယ် ကြိုးစားနေတာတော့မှန်ပါတယ်။ ဒါပေမဲ့လည်း ဘယ်နေ့ဘယ်အချိန် ဘာဖြစ်မယ် ဘယ်လိုထွက်သွားဘယ်လိုလုပ်မယ်ဆိုတာပြောလို့မရသေးဘူး”လို့ပြောပါတယ်။ မြစ်ကြီးနား–ပူတာအို လမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ရဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေက မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကိုပိတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်မခံဘဲ ဒီကနေ့ ၃ လနီးပါးကြာသည်အထိ လမ်းပိုင်းကပိတ်နေခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 5 June
    သတင်း

    ပူတာအို ရာသီပေါ် ဂရိတ်ဖရုသစ်သီးများ တင်သွင်းရောင်းချခွင့် မရှိတာကြောင့် ဒေသခံများ ဆုံးရှုံးမှုဖြစ်ပေါ်နေ

    မြစ်ကြီးနား – ပူတာအို ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုမြို့နယ် လုံရှာယန်ဒေသခံအများစု လုပ်ကိုင်ကြတဲ့ ရာသီပေါ် ဂရိတ်ဖရုတ်သီး လုပ်ငန်းတွေ ရပ်တန့်လိုက်ရတာကြောင့် ဒေသခံတွေရဲ့ တစ်နှစ်စာ ဝင်ငွေဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒေသခံအများပိုင်းက ဂရိတ်ဖရုသီး ‌‌စိုက်ပျိုး‌ရေးလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် အမှီအခိုပြုနေကြတာဖြစ်ပြီး…

    Read More »
  • 5 June
    သတင်း

    စက်သုံးဆီသယ်ယူနေတဲ့ ရှိန်းခေါင်လမ်း စစ်တပ်နဲ့ ပြည်သူ့စစ်ဂိတ် ၂ ခုမှာ ဂိတ်ကြေးအလွန်များတာကြောင့် ဆီစျေးမြင့်တက်နေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွက် တရုတ်ပြည်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေ ဓာတ်ဆီတွေသယ်ယူလို့ရနေပြီဖြစ်‌ပေမယ့် စစ်ကောင်စီနဲ့ပြည်သူ့စစ်ဂိတ်မှာ အခွန်ကောက်ခံနေတာကြောင့် ဓာတ်ဆီစျေးတွေဆက်လက်မြင့်တက်နေတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာကြောင့် ပြတ်လပ်နေတဲ့ ဓာတ်ဆီတစ်မျိုးထဲကို ပြီးခဲ့တဲ့အပတ်ကတည်းက တရုတ်ပြည်ထဲကနေ ရှိန်းခေါင်နယ်စပ် လမ်းကြောင်းအတိုင်း သယ်ယူနိုင်ပေမယ့် စစ်တပ်နဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေထိုင်ထားတဲ့ ရီဒမ်းကြိုးတံတားဂိတ်နဲ့…

    Read More »
  • 3 June
    သတင်း

    ပူတာအိိုမှာ ဗလာစာအုပ်တစ်ဒါဇင် ကျပ် ၄၀၀၀၀ ကျော်အထိစျေးတက်

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဗလာစာအုပ်တစ်ဒါဇင်ကျပ် ၄၀၀၀၀ ဝန်းကျင်အထိစျေးတက်နေကြောင်းသိရပါတယ်။ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတဲ့အတွက် ပူတာအိုဒေသမှာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် နှစ်စပိုင်းအတွက် ကျောင်းသုံးဗလာစာအုပ်အသစ်တွေမရောက်လာတာကြောင့် မနှစ်ကသိုလှောင်ထားတဲ့ လက်ကျန်ရောင်းချသူတွေဟာ တစ်ဒါဇင်ကို ကျပ် ၃၀၀၀၀…

    Read More »
  • 3 June
    သတင်း

    ပူတာအိုမှာ CB ဘဏ်ပိတ်ထားလို့ ငွေထုတ်၊ငွေသွင်းအခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်က တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်ဖြစ်တဲ့  CB Bank ပိတ်ထားတာ‌ကြောင့် ဘဏ်ကိုအားထားနေရတဲ့ ငွေထုတ်၊ငွေသွင်းလုပ်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာ ၂ လကျော်လာမြင့်လာပြီးနောက် မေလ လဆန်းပိုင်းလောက်ကနေစပြီး CB…

    Read More »
  • May- 2024 -
    29 May
    သတင်း

    ပူတာအိုမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၁၀၀၀၀ စျေးနဲ့ရောင်းချနိုင်ဖို့ ရှိန်းခေါင်ဘက်ကနေ သယ်ယူပေမယ့် စစ်တပ်ကအဝင်မခံပဲဖမ်းဆီးထား

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဓာတ်ဆီပြတ်တောက်နေပြီး တစ်ပုလင်းကျပ် ၇၀၀၀၀ ကျော်ဖြစ်နေချိန် လုပ်ငန်းရှင်တစ်ချို့ကတစ်ပုလင်းကိုကျပ် ၁၀၀၀၀ စျေးနှုန်းနဲ့ရောင်းချနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေသယ်ယူနေပေမယ့် စစ်ကောင်စီတပ်က ရီဒမ်းကျေးရွာဂိတ်ကနေ ဖြတ်သန်းခွင့်မပေးပဲ ဖမ်းဆီးတားမြစ်ထားတယ်လို့ ပူတာအိုသခံတွေဆီကေန သိရပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၃ လနီးပါးကြာမြင့်လာချိန် ပူတာအိုမြို့တွင်းမှာ ဓာတ််ဆီတွေပြတ်တောက်နေတာဖြစ်ပြီး လက်ရှိ ဆီပန့်ဆိုင်ကြီးတွေမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၇၀၀၀၀ နှုန်းရောင်းချနေတာကြောင့် ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရိုန်းခေါင်– ခေါင်လန်ဖူးလမ်းကြောင်းကနေ ပူတာအိုမြို့ထဲထိသယ်ယူဖို့စီစဥ်နေပေမယ့် စစ်ကောင်စီတပ်ကအဝင်မခံပဲ ရီဒမ်းစစ်တပ်ဂိတ်ကနေ ဖမ်းဆီးနေတယ်လို့ NUG အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးက KNG ကိုပြောပါတယ်။ “တရုတ်ပြည််နယ်စပ် မှတ်တိုင် (၃၁)  ရှိန်းခေါင်ရွာလမ်းကြောင်းကနေ ဆိုင်ကယ်တွေ ကားတွေနဲ့ ညီဝါးကျေးရွာထိသယ်လာတယ်အဲ့ကနေတဆင့် ခေါင်လန်ဖူးမြို့ကိုတော့မဝင်တော့ပဲနဲ့ ညီဝါးရွာကနေ လားနဲ့တင်ပြီးတော့ပူတာအိုမြို့ထဲကိုတိုက်ရိုက်သယ်လာတာဒါပေမယ့် ရီဒမ်းကြိုးတံတားစကစ ဂိတ်ကနေအဝင်မခံတော့ဘူးဗျအကုန်ဖမ်းထားလိုက်တယ်”လို့ ဝန်ကြီးကပြောပါတယ်။ ခေါင်လန်ဖူး၊ရှိန်းခေါင်ဖက်က ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ ပူတာအိုမြို့နယ်ထဲ ဓာတ်ဆီပြတ်တောက်မှုနဲ့စျေးအဆမတန်မြင့်တက်နေတာကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်ကနေ ညီဝါးကျေးရွာထိကားလမ်းအတိုင်း ဆိုင်ကယ်၊ကားနဲ့ သယ်ယူကာ ညီဝါးကျေးရွာကနေတစ်ဆင့် ဂျန်အောင်းတောင်ကြားလမ်းအတိုင်းလားနဲ့သယ်ယူပြီး ပူတာအိုမြို့ထဲဝင်ဖို့သယ်လာတဲ့ဆီတွေကို ခေါင်လန်ဖူးမြို့နယ်ထဲက ရီဒမ်းစစ်တပ်ဂိတ်ကနေဖမ်းဆီးနေတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ရီဒမ်းစစ်တပ်ဂိတ်ကနေ ဓာတ်ဆီတွေကိုပုံမှန် ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် လက်ရှိပူတာအိုဒေသခံတွေလိုအပ်နေတဲ့ စက်သုံးဆီလိုအပ်မှု ၂၀ ရာခိုနှုန်းလောက်ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ “ညီဝါးကျေးရွာကနေဒီဘက်ထိဆိုရင်တော့ လားနဲ့ပဲသယ်ရမှာလားတစ်ကောင်က နဂါးပုံးသုံးပုံးသယ်နိုင်တယ် တချို့အားနည်းတဲ့လားဆိုရင်တောင် နှစ်ပုံးတော့သယ်နိုင်တယ် အဲ့တော့လမ်းကြောင်းအခြေအနေအရ ညီဝါးရွာကနေ ပူတာအိုမြို့အထိတစ်ကျော့ကိုလေးရက်တော့ကြာမယ် ပူတာအိုမြို့ရဲ့ဓာတ်ဆီလိုအပ်မှု ၂၀ ရာခိုင်နှုန်းလောက်တော့ဖြေရှင်းပေးနိုင်တာပေါ့”လို့ ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို မတ်လ ၈ ရက်နေ့က KIAနှင့်စစ်ကောင်စီ နှစ်ဖက်တပ်တွေကပိတ်ထားခဲ့တာဖြစ်ပေမယ့် ကားလမ်းပိတ်ထားချိန် ၁ လကျော်ကြာမြင့်လာတဲ့ ဧပြီ လကုန်ပိုင်းမှာ KIAဘက်က ကားလမ်း ဖွင့်ကိုစစ်ကောင်စီတပ်နဲ့ညှိနှိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုပဲ ယနေ့ထိပိတ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကိုပိတ်ထားပြီးတော့ ဒေသခံတွေလိုအပ်နေတဲ့  အခြေခံစားသောက်ကုန်နဲ့  လယ်ယာထွန်းယက်ဖို့အရေးပေါ်လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကိုတော့ လေကြောင်းနဲ့သယ်ယူကာ သတ်မှတ်စျေးနှုန်းနဲ့ရောင်းပေးနေပြီး ဓါတ်ဆီကိုတော့ လုံးဝသယ်ယူပေးတာမရှိပါဘူး။ “ဓာတ်ဆီတော့လုံးဝကိုမတင်ပေးတာ ဒီဇယ်ကလည်းဒေသခံတွေတင်ပြကြလို့လယ်ထွန်းဖို့လိုနေလို့တင်ပေးဒါပဲရှိတယ်။ လယ်ထွန်ဖို့မဟုတ်ရင်မရဘူး မရောင်းပေးဘူး စက်သုံးဆီတွေကလုံးဝကိုပိတ်ပင်ထားတယ် အခုခြေခံစားသောက်ကုန်တွေတော့တင်ပေးတယ်လေယာဥ်နဲ့ သူတိုဂိုဒေါင်သူတို့စာရေးနဲ့ရောင်းပေးနေတယ်စျေးကတော့ ပုံမှန်ထက်ကြီးတယ်”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိပူတာအို မြို့ပေါ်က ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေဟာ ဓာတ်ဆီ တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ ၊တစ်ပေပါ ကျပ်သိန်း ၁၀၀ ကျော်အထိစျေးတင်ရောင်းနေတာဖြစ်ပါတယ်။ ပူတာအိုမှာအခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မေလ လဆန်းပိုင်းကတည်းကနေပြတ်တောက်နေပြီး လက်ရှိ အော်ရီဒူးလိုင်းတစ်ခုသာရရှိပြီးကျန်တဲ့ဖုန်းလိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့သိရပါတယ်။ မတ်လ ၈ရက်နေ့က စတင်လိုက်တဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ပူတာအိုမြို့သိမ်းတိုက်ပွဲအထိ ဦးတည်လာပြီး ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ချန်းကျေးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ပြင် စစ်ကြောင်းဟာလက်ရှိ ဆွမ်ပီယန်အထိရောက်နေပြီဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
Back to top button