သတင်း

ပူတာအိုကို ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့သိရ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG ရဲ့အကူအညီနဲ့ ကုန်ပစ္စည်းတစ်ချို့တင်ပို့ဖို့အတွက် ကုန်ကားတစ်ချို့တက်ခွင့်ရမယ်လို့ မြစ်ကြီးနားပူတာအို ကားပြေးဆွဲတဲ့ကားသမားတွေဆီက သိရပါတယ်။

မြစ်ကြီးနားပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကစ ဆွမ်ပရာဘွမ်မြို့မှာဖြစ်ပွားခဲ့တဲ့ချိန် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်ရဲ့တိုက်ပွဲအခြေနေတွေကြောင့် နှစ်ဖက်တပ်တွေက အဲ့ဒီကားလမ်းပိုင်းသွားလာခွင့်ကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကားလမ်းပိတ်ထားတဲ့  လဝန်းကျင်ကြာလာချိန် ပူတာအိုမြို့နယ်မှာတော့ ကုန်ပစ္စည်းတွေပြတ်လပ်နေပြီဖြစ်တာကြောင့်  ပူတာအိုမြို့နယ်ဒေသခံတွေအတွက်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေကို ကုန်ကားတစ်ချို့နဲ့ တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။

သို့သော် ဒီအခြေနေဟာ ကားလမ်းကို တရားဝင်လွတ်လပ်စွာသွားလာခွင့်ဖွင့်ပေးတာမျိုးမဟုတ်ဘဲ အကန့်အသတ်နဲ့သာသွားခွင့်ရတာဖြစ်တယ်လို့ မြစ်ကြီးနားပူတာအို ကားပြေးဆွဲတဲ့ကားသမားတစ်ဦးကအခုလိုပြောပါတယ်

“ လမ်းက ဖွင့်တာမျိုးတော့မဟုတ်ဘူး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေပေါင်းပြီးတော့ ကားအသေးတစ်ချို့ရယ် ကုန်ကားတစ်ချို့သွားလို့ရအောင်ပေါ့ ကားတွေဘာတွေကတော့ပြင်ဆင်ပြီးသွားပြီ တစ်ကြောင်းတက်သွားမှာပေါ့ တင်ရမယ့်ကုန်တွေကလည်းအကန့်အသတ်ရှိတယ် အဓိကက စားသောက် ကုန်တွေပေါ့ ပြောချင်တာကတော့ ပူတာအိုကို ရိက္ခာသွားပို့ပေးတဲ့သဘောမျိုးပဲ တစ်ကြောင်းစာ ပုံစံမျိုးပဲ

ပူတာအိုဒေသခံတွေအတွက် လိုအပ်တဲ့အခြေခံစားသောက်ကုန်တစ်ချို့သာတင်ပို့မယ်လို့သိရပြီး စက်သုံးဆီတွေတော့တင်ပို့မယ့်အခြေနေမတွေ့ရသေးဘူးလို့ ကားသမားတွေကပြောပါတယ်။

တစ်ဖက်မှာ လက်ရှိပူတာအိုကိုတက်မယ့်ကုန်ကားတစ်ချို့အတွက်လည်း စစ်ကောင်စီရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့အတူတင်ပို့ရမယ့်အခြေနေဖြစ်တယ်လို့သိရပါတယ်။

နယ်လုံတွေဘာတွေတောင်းပြီးသွားလို့ရမယ်ပြောတယ် ဒါပေမဲ့ တက်ခွင့်ပေးပေမဲ့စာတွေတော့ ရောက်မလာ သေးဘူး စာတွေတော့တောင်းထားတာ မနေ့ကတော့မကျသေးဘူးတဲ့ ဒီနေ့ညနေ ပိုင်းတော့ကျမလား မသိဘူး “အထက်မှာဖော်ပြတဲ့ ကားသမားက ဆက်ပြောပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် PCG ကို KNG ကဆက်သွယ်ချိန်မှာတော့ PCG ရဲ့တာဝန်ရှိသူ တစ်ဦးကအခုလိုပြောပါတယ်။

ဘယ်လိုအခြေနေမှန်းလည်းသိသေးဘူး အခုလောလောဆယ်ကတော့ ဘာမှပြောလို့တော့မရသေးဘူး အခြေနေအရထွက်သွားတဲ့အခါမှာပဲပြောလို့ရမယ် ကြိုးစားနေတာတော့မှန်ပါတယ်။ ဒါပေမဲ့လည်း ဘယ်နေ့ဘယ်အချိန် ဘာဖြစ်မယ် ဘယ်လိုထွက်သွားဘယ်လိုလုပ်မယ်ဆိုတာပြောလို့မရသေးဘူးလို့ပြောပါတယ်။

မြစ်ကြီးနားပူတာအို လမ်းပိုင်းကို ပြီးခဲ့တဲ့ မတ်လ  ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ရဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေက မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကိုပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က မြစ်ကြီးနားပူတာအိုလမ်းပိုင်းကို ဖွင့်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းခဲ့ပေမဲ့ စစ်ကောင်စီတပ်ဘက်က လက်မခံဘဲ ဒီကနေ့  လနီးပါးကြာသည်အထိ လမ်းပိုင်းကပိတ်နေခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button