သတင်း

ပူတာအို ရာသီပေါ် ဂရိတ်ဖရုသစ်သီးများ တင်သွင်းရောင်းချခွင့် မရှိတာကြောင့် ဒေသခံများ ဆုံးရှုံးမှုဖြစ်ပေါ်နေ

မြစ်ကြီးနားပူတာအို ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုမြို့နယ် လုံရှာယန်ဒေသခံအများစု လုပ်ကိုင်ကြတဲ့ ရာသီပေါ် ဂရိတ်ဖရုတ်သီး လုပ်ငန်းတွေ ရပ်တန့်လိုက်ရတာကြောင့် ဒေသခံတွေရဲ့ တစ်နှစ်စာ ဝင်ငွေဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံအများပိုင်းက ဂရိတ်ဖရုသီး ‌‌စိုက်ပျိုး‌ရေးလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် အမှီအခိုပြုနေကြတာဖြစ်ပြီး အခုလို ကားလမ်းပိုင်တွေ သွားလာခွင့်အရဘဲ လရှည်ပိတ်ဆို့ထားတာကြောင့် ဂရိတ်ဖရုသီးလုပ်ငန်း လုပ်ကိုင်တဲ့သူတွေ ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုက အကုန်လုံးအမှိုက်ပုံးထဲ ရောက်ပြီပေါ့၊ အမြဲပစ်ဘဲ ပစ်နေရတယ်လေ၊ ပြောရမယ်ဆိုရင် အလုံး ၁သောင်းလှောင်ထားတဲ့သူက အလုံး ၇ထောင်လောက်ပျက်စီးသွားပြီလေ၊ ကျွန်တော်ဆိုရင်လည်း အလုံး ၄ထောင်ကျော် အခုဆို ၁ထောင်တောင် မကျန်တော့ဘူး၊ အရင်းအနှီးတွေက သိန်းလေးဆယ်ငါးဆယ်၊ ဘယ်လိုပြောရမလဲ ကိုယ့်ရဲ့ တစ်နှစ်လုံးစာ ဝင်ငွေဖြစ်တဲ့ စီးပွားရေးက ပျက်သွားရပြီလေလို့ ပြောပါတယ်။

ဒေသခံတွေဟာ ဂရိတ်ဖရုသီးတွေကို ၁၁ လပိုင်း၊ ၁၂ လပိုင်းလောက်ကနေ အရင်းအနှီးထုတ်ပြီး လိုက်ဝယ် သိုလှောင်ထားကြတာဖြစ်ပြီး ဂရိတ်ဖရုသီးတွေကို ၂ လပိုင်းကနေ ၅ လပိုင်းထိ မြစ်ကြီးနားဘက်ကို ပို့ဆောင်ရမှာဖြစ်ပေမဲ့ လက်ရှိမှာတော့ ကားလမ်းပိတ်ထားတဲ့အတွက် ပို့လိုမရတော့ဘဲ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကားလမ်းပိတ်ထားတဲ့အတွက် ဂရိတ်ဖရုတ်တွေလည်း မရောင်းရတဲ့အပြင် အကုန်ပျက်စီးသွားပြီး အရင်းအနှီးတွေလည်း ဆုံးရှုံးသွားတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ကျွန်မဆိုရင် အရင်းအနှီးအများကြီးနဲ့လုပ်တာမဟုတ်ပေမဲ့ ခက်ခဲတော့ ပိုရအောင်ဆိုပြီး ပစ္စည်းတွေပေါင် ချေးငှားပြီး ၆သိန်းကျော်ဖိုးလောက်ဝယ်ထားတာ တစ်ခုမှကိုမရောင်းရဘဲ အကုန်ပျက်စီးသွားပြီလေ၊ အခုဆို သုံးစရာလည်းမရှိတော့ဘူး၊ ဒီဇယ်တွေကလည်း ခက်၊ လယ်ကလည်း လုပ်စားရအုံးမှာနဲ့ အရမ်းစိတ်ညစ်နေရတယ်လို့ပြောပါတယ်။

အဲ့တာကြောင့် ဒေသခံတွေဟာ ကားလမ်းပိုင်းကို စားဝတ်နေရေးအတွက် အခြေခံစားသောက်ကုန် ပစ္စည်းတွေနဲ့ သွားရေးလာရေး၊ လယ်ယာလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကိုတော့ ဖြတ်သန်းသယ်ယူခွင့် ပြုစေချင်တယ်လို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ပူတာအိုဘက်က တင်သွင်းလိုက်တဲ့ ဂရိတ်ဖရုသီးတွေဟာ မြစ်ကြီးနားမှာ တစ်လုံးကို ၁ထောင်၊ တစ်ထောင့်ငါးရာ စျေးနှုန်းရရှိပေမဲ့ လက်ရှိမှာတော့ ကားလမ်းပိုင်းပိတ်ဆို့မှုတွေကြောင့် မြစ်ကြီးနားဘက်ကို ဂရိတ်ဖရုသီးတွေ တင်သွင်းခွင့်မရတဲ့အခြေအနေမှာ ဒေသခံတွေက အရှုံးပေါ်နေတာလည်းဖြစ်ပါတယ်။

ဂရိုတ်ဖရုသီးလုပ်ငန်းကို ပူတာအိုဒေသတစ်ခုလုံးမှာ လုံရှာယန်မှာတော့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နေကြတာဖြစ်ပြီး တစ်အိမ်ထောင်ကို အနည်းဆုံး အလုံးရေ ထောင်ဂဏာန်းကနေ သောင်းဂဏာန်းထိ အရင်းနှီးလုပ်ကိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေး တပ်မတော်KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIAKPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button