ဖားကန့်

  • Aug- 2023 -
    1 August
    သတင်း

    ဖားကန့်မှာ ပုပ်ပွနေတဲ့ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအနီးမှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဆိပ်မူ(ဆိုင်းတောင်ရွာဟောင်း)ဘက်သွားတဲ့ လမ်းမကြီးဘေး တောထဲမှာ အမည်မသိတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဒေသခံတွေကတွေ့ရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ယူဆရသလောက်ကြိုးဆွဲချသေတာလို့တော့ပြောလို့ရမယ်အသေအချာတော့မသိရဘူး သူ့လည်ပင်မှာက နွယ်ကြိုးနဲ့ စွပ်ထားတာ သေနေတာ…

    Read More »
  • 1 August
    သတင်း

    ဖားကန့်မှာတစ်လအတွင်း ခိုးဆိုးလုယက်ခံရမှု ၉ ကြိမ်ရှိလာ

    ဖားကန့်မှာ ဇူလိုင်လ တစ်လအတွင်း KNG သတင်းဌာနရဲ့ စုစည်းထားတဲ့ အချက်အလက်အရ ခိုးဆိုးလုယ်မှု၊ပစ်ခတ်မှု၊ဖမ်းဆီးခံရမှု  ၉ ကြိမ်ရှိခဲ့ပါတယ်။ ဒီလိုခိုးဆိုးလုယက်‌မှု‌တွေများလာပေမယ့် ဖားကန့်မြို့နယ်ထဲက တာဝန်ရှိအဖွဲ့အစည်းအစိုးရတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးတာတွေမရှိတဲ့အတွက်  ပြည်သူတွေ အချင်းချင်းသာ အားကိုးနေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ခုက အချင်းချင်းဘဲ အားကိုးနေကြရတာ တစ်ခုခုဖြစ်ရင် အော်ကြနော် ကူညီပေးကြအုံးဆိုတာတွေဘဲ…

    Read More »
  • Jul- 2023 -
    31 July
    သတင်း

    လုပ်ငန်းရှင်တွေ ပစ်မှတ်ထားဖိနှိပ်လာတဲ့ဖားကန့်

    “ဖမ်းသွားတဲ့ စက်တွေက သိန်း ၁၇၀၀၀ နဲ့ပြန်ရွေးလိုက်ရတယ် အခုတော့ဘာမလုပ်တော့ဘူးဗျ နားလိုက်ပြီ” ဒါကတော့ ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းကို ၆ နှစ်ကျော်လုပ်လာပြီးမှ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် လုပ်ငန်းရပ်နား သွားတဲ့ လုပ်ငန်းရှင်တစ်ဦးပြောပြသွားတာပါ။ သူရဲ့အမည်နာမကိုတော့လုံခြုံရေးကြောင့်ဖော်ပြခွင့်မပေးထားပေမယ့် အမည်လွှဲကိုဌေးလို့သုံးခွင့် ပေးထား ပါတယ်။ကိုဌေးက ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ငန်းလုပ်လာတာ ၆နှစ်ကျော်ရှိလာပြီဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီဝင်စီးခံရပြီးနောက် စက်ယန္တရားအသိမ်းခံလိုက်ရတာကြောင့်  လုပ်ငန်းနားထားတာ ၂လကျော်ပြီလို့သူကပြောပါတယ်။ ကမ္ဘာကျော်ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်ဒေသဟာ စစ်တပ်အာဏာမသိမ်းမှီတုန်းကတော့ အခြေခံလူတန်း စားတွေ၊ သူဌေးလောင်း၊ လောပန်းလောင်ဖြစ်ချင်တဲ့ လူငယ်…

    Read More »
  • 27 July
    သတင်းPhoto- ဖားကန့်မြို့တွင်းတစ်နေရာ

    ဖားကန့်မှာ ပစ်ခတ်ရေးအဖွဲ့နာမည်နဲ့ အွန်လိုင်းပေါ်က ခြိမ်းခြောက်ငွေတောင်းတာ ဆက်တိုက်ဖြစ်လာ

    ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုအတွင်း ပစ်ခတ်ရေးအဖွဲ့ဆိုတဲ့နာမည်နဲ့ အွန်လိုင်းပေါ်ကနေ ငွေတောင်းခံတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်ရေးအဖွဲ့ဟာ ဇူလိုင်လ ဒုတိယအပတ်ကနေထွက်ပေါ်လာတာဖြစ်ပြီး စားသောက်ဆိုင်၊လက္ဖက်ရည်ဆိုင်များ၊ ကုန်မာဆိုင်၊ ဆေးဆိုင်၊ ကိတ်မုန့်လုပ်ငန်းဆိုင်နှင့် အလှပြင်ပစ္စည်းဆိုင်ပိုင်ရှင်တွေကို ပစ်မှတ်ထားပြီး ပစ်မှတ်ထားပြီး တောင်းခံနေရကြတယ်လို့ ဖားကန့်ဒေသခံက အမျိုးသားတစ်ဦးက ပြောပါတယ်။…

    Read More »
  • 27 July
    ဆောင်းပါး

    အပျော်ကနေ ဘဝပျက်ခဲ့ရသူ

    လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။ ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။  ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို…

    Read More »
  • 21 July
    သတင်းphoto- ဖားကန့်မြို့အဝင်တစ်နေရာ

    ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်

    ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။ ”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ်…

    Read More »
  • 18 July
    သတင်းphoto- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား

    ဖားကန့်မြို့ပတ်လမ်းမကြီးမှာ ၁၂ဘီးယာဉ်တစ်စီးတိမ်းမှောက်

    ဖားကန့်မြို့ပတ်လမ်းမကြီးရဲ့အပေါ်လမ်းမှာ ယနေ့ ဇူလိုင်လ ၁၈ ရက်၊နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ကုန်ပစ္စည်းအပြည့်တင်လာတဲ့ ၁၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ ၁၂ ဘီးယာဉ်ဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိ ဈေးဆိုင်များနဲ့တံတိုင်းများ၊ဈေးဆိုင်ရှေ့ မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးနှင့်အတူ လမ်းဘေးမီးတိုင်များကိုပါ တိုက်မိထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အခုလိုပြောပါတယ်။  “လူထိခိုက်မိတာတော့ မရှိဘူး၊ကားဒရိုင်ဘာကိုတော့ ရဲစခန်းကို ခေါ်သွားတယ်လို့…

    Read More »
  • 18 July
    သတင်းPhoto- ဂိမ်းဆိုင်မှာပစ်သတ်ခံရတဲ့ ကိုဇော်သိန်းဦး

    ငါးပစ်ဂိမ်းဆိုင်ဓါးမြတိုက်ခံရပြီး ပြည်သူတစ်ဦးပစ်သတ်ခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ၆ မှာရှိတဲ့ ကိုအောင်မင်းသန့်ရဲ့ ငါးပစ်ဂိမ်းဆိုင်မှာ အမည်မသိလူတစ်စု ဓါးမြဝင်တိုက်ပြီး ဂိမ်းဆော့နေတဲ့ ပြည်သူတစ်ဦးကိုပစ်သတ်သွားတယ်လို့ မှော်ဝမ်းရပ်ကွက်ကဒေသခံတွေဆီကနေ သိရပါတယ်။ ဒီမနက် ၃ နာရီဝန်းကျင်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အမည်မသိလူငယ် ၆ ဦး ဆိုင်ကယ် ၃စီးနဲ့ဝင်ရောက်လာပြီးတော့ ဓါးမြဝင်တိုက်တာဖြစ်တယ်လို့ မှော်ဝမ်းဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “သူတို့မှာသေနတ်အတို ၃လက်ပါတယ် ဘယ်သူဘယ်ဝါဆိုတာတော့ မသိရဘူး မျက်နှာမှာဖုံးထားကြတာလို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့သူတွေကတော့ ဂိမ်းလာဆော့နေတဲ့သူဟုတ်တယ်” လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့သူဟာ အသက် ၄၃ နှစ်အရွယ် ကိုဇော်သိန်းဦးဆိုသူဖြစ်ပြီး မန္တလေးတိုင်း၊မတ္တရာဇာတိဖြစ်ကာ လက်ရှိဖားကန့် မှော်ဝမ်းရပ်ကွက်မှာ လာရောက်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ပြောဆိုချက်အရ ဓါးမြဝင်တိုက်သူတွေဟာ ဂိမ်းဆိုင်ထဲမှာရှိတဲ့ ဝန်ထမ်းတွေရဲ့လက်ဝတ်လက်စားအပြင် ဆိုင်မှာရှိတဲ့ပိုက်ဆံတွေလည်း ယူသွားတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ဝန်ထမ်းတွေရဲ့ဆွဲကြိုးတွေလည်း ဆွဲဖြုတ်သွားတယ် ပြီးတော့ ဂိမ်းဆိုင်မှာရှိတဲ့ပိုက်ဆံတွေ အကုန်လုံးယူသွားတယ်တဲ့” လို့ ပြောပါတယ်။…

    Read More »
  • 15 July
    သတင်းPhoto - ကုဋေကျေးရွာ လမ်းမကြီးမြေပြိုကျ

    မိုးရွာသွန်းမှုကြောင့် ကုဋေကျေးရွာက ရွာပတ်လမ်းမကြီးပြေပြိုပြီး လူနေအိမ် ၅အိမ်ပြောင်းရွှေ့ရ

    ဖားကန့်မြို့ မှာ ယခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် လုံးခင်းအုပ်စု ကုဋေကျေးရွာဧရိယာမှာရှိတဲ့  အများပြည်သူသုံး‌ရွာပတ်လမ်းမကြီးပြိုကျပြီးပျက်စီးပြီး လူနေအိမ် ၅လုံးပြောင်းရွှေ့ပြောင်းရွှေ့ရမယ်လို့ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ ဒီလမ်းမကြီးမြေပြိုတာဟာ ကျောက်စိမ်းတူးဖော်ပြီးနောက် မိုင်းပိတ်သိမ်းတဲ့လုပ်ငန်းများ ၊ ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်သိမ်းဆည်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ချိန် အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ကုဋေကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီ ကျေးရွာပါတ်လမ်းမကြီးဟာ လုံးခင်း-ကုဋေ-တော်မှော်အထိ ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး၊အများပြည်သူ အသုံးပြုအားထားရာလမ်းမကြီးတစ်ခုဖြစ်သောကြောင့် မြေပြိုပျက်စီးသွားတဲ့နေရာကို မြေဖို့ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ “ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့တော့ ညှိနှိုင်းပြီး လမ်းကို‌‌ပြန်ဖို့ဖို့ အတွက်လုပ်နေကြပါပြီ”ဟု ရပ်မိရပ်ဖတစ်ဦးက ကချင်သတင်းဌာန KNGကိုပြောပြသည်။…

    Read More »
  • 14 July
    သတင်းphoto- ဖားကန်မြို့ပေါ်က ပိတ်ထားတဲ့ဆီဆိုင်တစ်ချို့

    ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ဆီပန့်ဆိုင်များဓာတ်ဆီပြတ်လပ်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီတပ်က တစ်လနီးပါး ထပ်ပိတ်ထားတာကြောင့် လုံးခင်း၊ဆိုင်းတောင်တွေမှာရှိတဲ့ ဆီပန့်ဆိုင်ကြီးတွေဓာတ်ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်မကြာခနပိတ်ပင်လျက်ရှိပြီး ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းကပိတ်ထားခဲ့ရာကနေ တစ်လကျော်လာပြီဖြစ်တယ်လို့ ဖားကန့်မြို့ပေါ်က ဆီပန့်ဆိုင်ပိုင်ရှင်အမျိူးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”ဟုတ်တယ်လတ်တလောဓာတ်ဆီဆိုင်ကဘယ်လိုမှ မဖွင့်နိုင်သေးဘူး အခုဖွင့်တာလည်း ဒီဇယ်လက်ကျန်ရှိတော့ ဒီဇယ်လေးကိုပဲ…

    Read More »
Back to top button