ဖားကန့်

  • May- 2023 -
    15 May
    တိုက်ပွဲ

    ဖားကန့်တွင် KIA နှင့် စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

    ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် KIA နှင့် စစ်တပ်တို့ ယမန်နေ့မှစတင်ကာ ယနေ့နံနက်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ ရှိရာ နန့်တိန်းကျေးရွာဘက် စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်သည် မေလ ၁၄…

    Read More »
  • 13 May
    သတင်း

    ဖားကန့်တွင် KIA ဗိုလ်ကြီးတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂ဦး ပစ်သတ်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ ရှင်းရင်ဟိုတယ်ရှေ့တွင် KIA ဗိုလ်ကြီးတစ်ဦး နှင့် ဟိုတယ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် ရှင်းရင်ဟိုတယ်ကို…

    Read More »
  • 12 May
    သတင်း

    ဆိုင်းတောင် ရဲကင်း မီးလောင်ပြာကျ

    ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်းတောင်ကျေးရွာရပ်ကွက် ၄ ရှိ စစ်ကောင်စီတပ်၏ ရဲကင်းစခန်းသည် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်တွင် မိုင်းကွဲသံများထွက်ပေါ်လာပြီးနောက် ရဲကင်းစခန်း မီးလောင်ပြာကျသွားကြောင်း ဆိုင်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကိုပြောသည်။ “မနက်…

    Read More »
  • 11 May
    သတင်း

    ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး

    ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား…

    Read More »
  • 6 May
    လူ့အခွင့်အရေးချိုးဖောက်မှု

    သေနတ်ဒဏ်ရာဖြင့် သေဆုံး‌နေသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းထပ်မံတွေ့ရှိ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအဝင် ဖားကန့်-လုံးခင်းသွား မိန်းလမ်းမကြီးပေါ်တွင် သေနတ်ပစ်သတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက ထပ်မံတွေ့ရှိခဲ့ကြောင်း ပြောသည်။ ပစ်သတ်ခံထားရသည့် အဆိုပါ ရုပ်အလောင်းများသည် နှိပ်စက်ထားသည့်ဒဏ်ရာများလည်း ရှိပြီး ယနေ့နံနက်အစောပိုင်း၌ တွေ့ရှိခဲ့ကြောင်း လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။…

    Read More »
  • 5 May
    သတင်း

    ဖားကန့်တွင် ကချင်လူငယ် ၂ ဦးသတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းတွေ့ရှိ 

    ဖားကန့် ရှရော်ခကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်ဟု ယူဆရသည့် လူငယ်နှစ်ဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။ သတ်ဖြတ်ခံရသည့် ၂ နှစ်ဦးသည် အသက် ၂၀ နှစ်အရွယ်ရှိသူ ကချင်လူငယ်များဖြစ်ကြပြီး ၎င်းတို့…

    Read More »
  • 5 May
    သတင်း

    ဖားကန့်တွင် ဧပြီလတစ်လအတွင်း အရပ်သားဖမ်းဆီးခံရမှု ၃၀၀ ကျော်အထိရှိခဲ့

    ဖားကန့်မြို့နယ်တွင် ပြီးခဲ့သော ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးခဲ့သော အရပ်သားပြည်သူများ ၃၀၀ ကျော်ထိရှိခဲ့ကြောင်း KNG ၏ စုစည်းချက်အရ သိရသည်။ ဖမ်းဆီးမှုခံရမှုတွင် ဧပြီ ၁၀ ရက်နေ့ မှော်ဝှမ်းရပ်ကွက်နေ ဦးမင်းအောင် ဖမ်းခံရမှု၊ ၁၈ ရက်နေ့ ဆိုင်းဖရာရွာသား ၃၀ ကျော်ဖမ်းခံရမှု၊ ၂၁…

    Read More »
  • 3 May
    သတင်း

    ဉရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးနေမှုကြောင့် တွင်းရေများခမ်းခြောက်ပြီး သောက်သုံးရေပြတ်လပ်လာ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဥရုချောင်းဘေးကပ်လျက် ကျောက်ကျင်းတူးဖော်နေမှုကြောင့် တွင်းရေများ ခမ်းခြောက်ကာ အနီးပတ်ဝန်းကျင်တွင်နေထိုင်သည့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်သည့် ပြဿနာကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလပိုင်းမှစကာ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ မှော်စီကျေးရွာဘက်ခြမ်း၊ ဉရုချောင်းနှင့်ကပ်လျက်တွင် ဥရုချောင်းကူးတံတားဆောက်လုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျောက်ကျင်းတူးဖော်မှုပြုလုပ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “တွင်းတွေဆို ဖင်အနည်ထိုင်တဲ့ထိ ခမ်းတယ်။ အဲတော့ ထမ်းရောင်းတဲ့သူတွေရှိတယ် ၃ထမ်းတစ်ထောင်နဲ့ဝယ်သုံးရတယ်။ တစ်ချို့ကျတော့ ဘုံဘိုင်ရှိတယ် အဲကနေလည်းဝိုင်းသုံးကြတာရှိတယ်။ ပြီးတော့ကျောက်တူးနေရာကမှောစီဇာဘက်ခြမ်းဆိုပေမယ့် တစ်ဖက်ကမလန်းကျေးရွာနဲ့ ငြိမ်းချမ်းသာယာကျေးရွာရှိတာ၊ အဲ့ဒီနားအိမ်ခြေ(၆၀၀)ဝန်းကျင်ရှိတယ်၊ ကျင်းတူးနေတော့ သောက်သုံးရေခမ်းတာဗျ၊ ရေရရှိရေး ပြန်လုပ်ပေးမယ့်အစီအစဉ်လည်း မရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ အဆိုပါ ကျောက်ကျင်း တူးဖော်နေသည့်နေရာအနီး မှော်စီစာနှင့် ငြိမ်းချမ်းသာယာ၊ မလန်းကျေးရွာတို့ ဆက်သွယ်မည့် ဉရုချောင်းကူးတံတားဆောက်လုပ်ရန်နှင့် ဟိုတယ်ကဲ့သို့အဆောက်အဦးဆောက်လုပ်ရန်ဆိုသည့် စီမံကိန်းဖြင့် အုတ်ရိုးကာရန်အတွက် တူးဖော်နေခြင်းဖြစ်သည်ဟုအကြောင်းပြကာ တစ်ဖက်တွင် ကျောက်စိမ်းတူးဖော်နေကြောင်း သိရသည်။ သို့သော်လည်း KNG သတင်းဌာနအနေဖြင့် အဆိုပါအချက်ကို အတည်ပြုနိုင် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရသေးပေ။ ရေ ရရှိရန် လိုအပ်ချက်များကို ကုမ္ပဏီမှ ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများပြောသည်။ “ကျနော်တို့ကတော့ သောက်သုံးရေရရှိရေး စီစဉ်ပေးစေချင်တယ်၊သူတို့အနေနဲ့ ဘက်ဟိုးယန္တရားကြီးတွေနဲ့ ကျင်းတောင်တူးကြသေးတာ၊ ရေရရှိရေးလုပ်ပေးဖို့က မခက်ခဲပါဘူး၊ ကျင်းတူးကြတာတော့ တူးပေါ့ သူများတွေကို မထိခိုက်စေသင့်ဘူး”ဟု ဒေသခံ တစ်ဦး က ဆိုသည်။ လက်ရှိတူးဖော်နေသည့် အဆိုပါကျောက်ကျင်းသည် ဥရုချောင်းတွင်းသို့ တစ်ဝက်နီးပါးခန့် နိုက်ယူတူးဖော်နေသည့်အပြင် ယင်းတူးဖော်မှုမှထွက်ရှိလာသည့် မြေစာများကိုလည်း ဥရုချောင်းဘေးတွင်သာ စုပုံထားသောကြောင့် ဥရုချောင်းရေစီးလမ်းကြောင်း ပိတ်ပြီး ရေကြီးရေလျှံမှုပြသာနာများလည်းဖြစ်လာနိုင်ကြောင်း ဒေသခံများကပြောသည်။ “ဉရုချောင်းကို တစ်ဝက်လောက်နိုက်တူးနေတာ မြေဖို့တော့လည်း ချောင်းထဲပဲဆိုတော့ လာမယ့်မိုးတွင်းဆိုရင်အထက်ဘက်ဖြစ်တဲ့ လုံးခင်းတော့ ရေကြီးမယ့်အန္တရာယ်ရှိနိုင်တာပေါ့”ဟု ဒေသခံတစ်ဦးက ထောက်ပြသည်။ ယင်းကျောက်ကျင်းတူးဖော်မှုကို လက်ရှိဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ လုပ်ဆောင်နေပြီး ဒေသခံရေမဆေးများကို ရှာဖွေခွင့်မပြုကြောင်း သိရသည်။

    Read More »
  • 2 May
    သတင်း

    မှော်ဝမ်းရပ်ကွက် ရေဆေးဆီလိုက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး အရပ်သားပြည်သူ ၁၃ ဦးဖမ်းဆီးခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိသော မင်းမင်းကျော် ဆိုင်ကယ်နှင့် ကား ရေဆေးဆီလိုက် ဆိုင်ဝင်စီးခံပြီး ဆိုင်ဝန်ထမ်းအချို့နှင့် လမ်းသွားလမ်းလာပြည်သူများအပါအဝင် စုစုပေါင်း ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ မတ်လ ၂ ရက်နေ့  ၁၂ နာရီဝန်းကျင်တွင်…

    Read More »
  • 1 May
    သတင်း

    ဖမ်းဆီးခံရသည့် ဖားကန့် ဒေသခံ ၇၀ ဦးကို KIA နှင့် ဆက်စပ်သည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးထားဆဲ

    ဖားကန့်မြို့နယ် Maden Yang (မှော်ဘုံ) ကျေးရွာတွင် စစ်ကောင်စီ ဖမ်းဆီးထားသော အရပ်သား ၂၀၀ နီးပါးအနက် အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း ၇၀ ဦးကို KIA နှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားပြီး အသတ်ခံရသူအချို့လည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၁ ရက်နေ့ စစ်ကောင်စီတပ်အင်အား အလုံးအရင်းဖြင့် Maden Yang (မှော်ဘုံ) ကျေးရွာသို့ ရုတ်တရက်ဝင်စီးချိန် ဖမ်းဆီးခဲ့သောအရပ်သားကို ဧပြီလ ၂၆ ရက်နေ့…

    Read More »
Back to top button