သတင်း

ဖားကန့်တွင် KIA ဗိုလ်ကြီးတစ်ဦးနှင့် ဟိုတယ်ဝန်ထမ်း ၂ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ ရှင်းရင်ဟိုတယ်ရှေ့တွင် KIA ဗိုလ်ကြီးတစ်ဦး နှင့် ဟိုတယ်ဝန်ထမ်း ၂ ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန် ရှင်းရင်ဟိုတယ်ကို စစ်ကောင်စီတပ်ဝင်စီးပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ KIA ဗိုလ်ကြီး နောနော်ဆိုသူနှင့် ရှင်းရင်ဟိုတယ် ဝန်ထမ်း ၂ ဦးသေဆုံးသွားကြောင်း KIA နှင့် နီးစပ်သူ တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး KNG ကိုပြောကြားသည်။

ဟုတ်တယ် ညက ရှင်းရင်ဟိုတယ် ရှေ့ဖြစ်သွားတာ KIA ဘက်က ဗိုလ်ကြီးနောနော်ရယ် ဟိုတယ်က ကားပါကင် ဝန်ထမ်းကောင်လေးတစ်ယောက်ရယ်။ဟိုတယ် ဝန်ထမ်းကောင်မလေးတစ်ယောက်ရယ် ပစ်သတ်ခံလိုက်ရတယ်ဟုပြောသည်။

ဒေသခံများထံစုံစမ်းချက်အရ ယင်းဖြစ်စဥ်တွင် နှစ်ဖက် ပစ်ခတ်သည့် သေနတ်သံများထွက်ပေါ်ခဲ့ပြီး KIAဗိုလ်ကြီးနောနော်နှင့် ဟိုတယ်ဝန်ထမ်းနှစ်ဦးသည် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်နက်ထိမှန်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဟုတ်တယ် KIA ဘက်က ဗိုလ်ကြီးနောနော်ပါသွားတယ်။ ညကအဲ့ပစ်ခတ်မှုမတိုင်ခင်အထိတော့ ဖုန်းဆက်သွယ်ရသေးတယ်တဲ့ ပစ်ခတ်တဲ့နောက်ကတော့လုံးဝဖုန်းကိုဆက်သွယ်မရတော့ဘူး ဖြစ်သွားတယ်ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆက်ဆိုသည်။

သေဆုံးသူ ရုပ်အလောင်း ၃ လောင်းကို ယနေ့နံနက်ပိုင်းအထိ ဟိုတယ်ရှေ့တွင်သာရှိနေပြီး စစ်ကောင်စီတပ်ဘက်မှ အလာင်းရှိသည့်အနီးတဝိုက်တွင် စစ်အင်အားအများအဖြင့် စောင့်ကြည့်နေသဖြင့် အလောင်းကောက်၍မရဖြစ်နေကြောင်း ဆိုင်းတောင်နာရေးကူညီမှုအသင်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

နာရေးကူညီမှုအဖွဲ့တွေတောင်အနားကပ်လို့မရဘူးတဲ့ အဲ့ကြောင့်အလောင်းကအခုချိန်ထိကောက်မရသေးဘူး။သူတ်ို့ပြောတာ ဟိုတယ် ထဲမှာတော့ အပြင်မှာကော စကစ(စစ်ကောင်စီတပ်)တွေစောင့်ကြည့်နေသေးလို့ကောက်မရသေးတာတဲ့ဟုပြောသည်။

ဖားကန့်တွင် ယခုနောက်ပိုင်းစစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များဖြစ်သည် ဟုသံသယရှိ သည့်အရပ်သားပြည်သူများကို သတ်ဖြတ်မှုမကြာခဏဖြစ်ပွားလျက်ရှိနေသည်။

ထို့နောက် ယခု မေလ ၁၃ ရက်နေ့ အတွင်း KIA PDF နှင့် အရပ်သားသတ်ပစ်ခံရသူ ၈ဦးအထိရှိလာပြီဖြစ်သည်။

Show More

Related Articles

Back to top button