မိုးမောက်

  • Apr- 2024 -
    3 April
    သတင်း

    ခဝမ်ဘန်(ကျောက်စခန်း)စစ်တပ်ဂိတ်နဲ့ မိုင်ဆပ်ကောင့် တပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်

    မိုးမောက် နဲ့ လွယ်ဂျယ်သွားလမ်းပေါ်က ဆယ်စုနှစ်တစ်ခုအကြာ ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်ပြီး ငွေကြေးကောက်ခံနေတဲ့ ကျောက်စခန်း(Hka Wan Bang) စစ်တပ်စခန်းအပါ မိုင်ဆပ်ကောင့်(Mai Sak Kawng) တပ်စခန်း ၂ ခုကို KIA က သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။…

    Read More »
  • 1 April
    သတင်း

    မိုးမောက်မှာ စစ်ရေးတင်းမာနေပြီး မြို့ခံပြည်သူအားလုံးနီးပါးတိမ်းရှောင်

    ဗန်းမော်ခရိုင် မိုးမောက်မြို့ဒေသခံအားလုံးနီးပါး စစ်ရှောင်နေကြပြီဖြစ်ပြီး စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော့ KIA တို့အကြား မြို့တွင်းစစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မိုးမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာမယ့်အခြေနေကြောင့် မြို့ခံတွေဟာ အိမ်စောင့်လောက်သာကျန်ခဲ့ပြီး အားလုံးဘေးလွတ်ရာတွေဆီ တိမ်းရှောင်သွားပြီလို့ မိုးမောက်ဒေသခံတွေပြောပါတယ်။ “မိုးမောက်က ပြည်သူအားလုံးရှောင်ပြီ။ စိန်လုံစစ်တပ်ကိုသိမ်းလိုက်ပြီဆိုတော့ အဲဒီစခန်းကနေ ထွက်ပြေးလာတဲ့…

    Read More »
  • Mar- 2024 -
    23 March
    သတင်း

    နောင်ကွန်(Nawng kawn)အမြှောက်တပ်ကြီးကို KIA သိမ်းပိုက်

    ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မားခွယ်(Mahkoi)ကျေးရွာအုပ်စု နောင်ကွန်(Nawng Kawn) ကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်ရဲ့အမြှောက်တပ်ရင်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA  ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသေးတဲ့တပ်စခန်းတွေမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ မတ်လ ၂၁ ရက်နေ့ နွမ်လန့်တပ်စခန်းသိမ်းပိုက်ပြီးနောက် နောင်ကွန်အမြှောက်တပ် ခမရ ၃၇၀ တပ်ရင်းကို မတ်လ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ နွမ်လန့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “နောင်ကွန်က ဒီမနက် ၇ နာရီခွဲလောက်မှာ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။ ကုန်းလောတပ်ရင်းကို က ဒီမနက် ၉ နာရီလောက်ကနေ ၁၂ နာရီလောက်အထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း။ ကုန်းလောက အခုချိန်ထိတော့အသိမ်းနိုင်သေးဘူး။ နွမ်လန့်ပြီးတာနဲ့ နောင်ကွန်တပ်ရင်းကို ပြန်တိုက်ယူလိုက်တဲ့ သဘောပါ”လို့ ပြောပါတယ်။ ဒါ့အပြင် နောင်ကွန်အမြှောက်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တစ်ဆက်ထဲမှာပဲ ခမရ ၃၈၇ ကုန်းလောတပ်ရင်းကို ပြန်လည်တိုက်ခိုက်နေပြီး ညနေပိုင်း ၂ နာရီဝန်းကျင်အထိ သိမ်းဆည်းနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ နောင်ကွန်အမြှောက်တပ်ရင်းဟာ မိုးမောက်မြို့နယ်ထဲမှာ စစ်တပ်ရဲ့အကြီးဆုံး အမြှောက်တပ်တစ်ခုဖြစ်ပြီး ဒေါ့ဖုန်းယန်အောက်ဖက်ခြမ်း မိုးမောက်မြို့နယ်ထဲမှာရှိတဲ့ နွမ်လန့်၊ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း၊ စီဟတ် စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံးခြုံရေးယူပေးနေတဲ့ အမြှောက်တပ်ရင်းလည်းဖြစ်ပါတယ်။ ဒီတပ်စခန်းတွေထဲက နွမ်လန့် တပ်စခန်း ၂ ခုနဲ့ နောင်ကွန်မြှောက်တပ်ကို KIA တပ်တွေက မတ်လ ၂၁ ရက်နေ့တစ်ရက်အတွင်း သိမ်းပိုက်ထားနိုင်တဲ့အပြင် တစ်ဆက်ထဲမှာပဲကျန်ရှိနေသေးတဲ့ ကုန်းလော၊ မြို့သစ်၊ စလောင်းကုန်း တပ်စခန်းနေရာတွေကို KIA က ဆက်လက်တိုက်ပွဲဖော်ဆောင်နေပါတယ်။ လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ ကုန်းလောဖက်မှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဒီကနေ့ မနက်ပိုင်းမှာတင် ၃ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ မတ်လ ၇ ရက်နေ့ကစပြီး KIO လိုင်ဇာဗဟိုဌာနချုပ်အနီး ဒေါ့ဖုန်းယန်အပါ စစ်ကောင်စီတပ်စခန်း နေရာတွေကို တစ်ခုပြီးတစ်ခု KIA က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ၁၀ ရက်ကျော်အတွင်းမှာ စခန်းအကြီးအငယ် တပ်စခန်း အကြီးအငယ် ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 16 March
    သတင်းNmawk

    ခလရ ၂၃၇ တပ်ကနေထွက်ပြေးလာတဲ့စစ်သားတစ်ဦးကို ဆိုင်ကယ်နဲ့လိုက်ပို့တဲ့ ရွာသားတစ်ဦးပစ်သတ်ခံရ

    မိုးမောက်မြို့နယ် ခလရ ၂၃၇ ဒါဆိုင်းတပ်ကနေ ဗန်းမော်မြို့နယ် ခူးလီ၊ နန့်လှိုင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်သားတစ်ဦးကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့ ခူးလီရွာသားတစ်ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ မိုးမောက်မြို့နယ် ဒါဆိုင်းစစ်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စခန်းဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စခန်းစွန့်ခွာထွက်ပြေးတဲ့စစ်သားတစ်ချို့ ဒါဆိုင်းတပ်စခန်းနဲ့ ၁၀ မိုင်ဝန်းကျင်ဝေးတဲ့ ဗန်းမော်မြို့နယ် နန့်လှိုင်နဲ့ခူးလီရွာဘက်ကို ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ထွက်ပြေးလာတဲ့ စစ်သားတွေဟာ အရပ်ဝတ်ဆင်ထားတဲ့ စစ်သားတွေပါသလို စစ်ယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေအများပြားထွက်ပြေးလာတယ်လို့သိရပြီး အဲဒီစစ်ကောင်စီတပ်တွေဟာ ခူလီ၊နန့်လှိုင်ရွာထဲက ပြည်သူတစ်ချို့ကို ဗန်းမော်မြို့အဝင် နန့်ဖားဂိတ်ကို ပို့ဆောင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီစစ်သားတွေထဲက အသက် ၇၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ စစ်သားတစ်ဦးအမောဆို့နေတာကြောင့် ခူးလိီရွာသားက ဆိုင်ကယ်နဲ့လိုက်ပို့ပေးချိန်  နန့်လိုင်ရွာစျေးမှာတင် ပစ်ခံလိုက်တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “စစ်သားတွေက အရပ်ဝတ်တွေရော ပြီးတော့ ဖားတစ်ပိုင်း ငါးတစ်ပိုင်း စစ်အင်္ကျီယူနီဖောင်း ဘောင်းဘီတိုဝတ်တာတွေရော ထွက်ပြေးလာကြတာ အဲမှာ လမ်းသွားလာတဲ့သူတွေကို တားပြီးတော့ စစ်သားတွေက ဗန်းမော် နန့်ဖားဂိတ်ကို ပို့ခိုင်းတာလည်းရှိတယ်။ ရွာဘက်ကို စစ်သားတွေကို ကစဉ့်ကလျားပြေးလာကြတော့ ရွာသားတွေကလည်း ချောင်းကြည့်တာနေမှာပေါ့ အာ့မှာအသက်အရမ်းကြီးတဲ့ စစ်သားအိုတစ်ယောက်ကိုတွေ့တော့ အဲခူးလီရွာသားက  ဆိုင်ကယ်နဲ့မောင်းပြီးလိုက်ပို့ပေးတာလို့ သိရတယ်။ နန့်လှိုင်စျေးနားမှာဘဲ  ပြောက်ကျားပစ်သတ်ခံလိုက်ရတာ။ကျနောတ်ို့အထင်တော့ နှစ်ယောက်စလုံးစစ်သားလို့ထင်လို့ဖြစ်မယ်။ နောက်မှာလည်း စစ်သားကထင်ထားတော့လေ”လို့ ပြောပါတယ်။ ခူးလိီကျေးရွာနဲ့ နန့်လှိုင်ကျေးရွာဟာ တစ်ဆက်တည်းရှိတာဖြစ်ပြီး ပစ်သတ်ခံရသူဟာ ခူးလီရွာသား အသက် ၄၀ ဝန်းကျင် ဦးကျော်နိုင်ဆိုသူလို့သိရပြီး နေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်နောက်မှာလိုက်စီးတဲ့ စစ်သားကိုတော့ နှာခေါင်းမှာရှပ်ထိသွားပြီး ဒဏ်ရာရရှိတဲ့စစ်သားတွေကို သူ့ရဲ့အပေါင်းအပါ ခြုံထဲကနေ စစ်သားတွေထွက်လာပြီး ဆွဲခေါ်သွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ ဦးကျော်နိုင်ရဲ့အလောင်းကိုတော့ ဗန်းမော်မြို့ ဆေးရုံကြီး ရင်ခွဲရုံကနေ ကြက်ပေါင်ခြံသုသာန်မှာ ဒီနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ မြေချသဂြိုလ်လိုက်ပြီလို့် သိရပါတယ်။ ဒါ့အပြင် ခလရ ၂၃၇ ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်မ ၈၈ နဲ့ ခလရ ၂၃၇ တပ်တို့ပူးပေါင်းထိုင်ထားတဲ့တပ်ဖြစ်ပြီး ထွက်ပြေးလာချိန်မှာလည်း ၂ ဖွဲ့ခွဲကာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ “သူတို့အချင်းချင်းမှာလည်း အဖွဲ့တွေကွဲနေကြတာတဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့က သပ်သပ်စီပြေးလာကြတယ်ဆိုဘဲ ရွာဘက်ကိုထွက်လာတဲ့ စစ်သားတွေက အင်အားဘယ်လောက်ရှိလဲ တိတိကျကျတော့ မသိရဘူး မနေ့ကထိ လမ်းမှာတွေ့တဲ့စျေးသည်ဖြစ်ဖြစ် တားဆီးတောင်းစားနေကြတာလည်းရှိတယ်လို့ သိရတယ်”လို့ ဗန်းမော်ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါဆိုင်းတပ်စခန်းကို မတ်လ ၈ ရက်နေ့ကတည်းကနေ ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ထားတာဖြစ်ပြီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ တပ်စခန်းအထဲဝင်ရောက်နိုင် သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ဒါဆိုင်း စစ်တပ်စခန်းဟာ နောင်လိုက်နဲ့ တာပိန်မြစ်တံတား ၂ခုကြား တစ်မိုင်လောက်အကွာမှာရှိတဲ့ တပ်ချထားတဲ့ တပ်စခန်းအကြီးတစ်ခုဖြစ်ပြီး စစ်အင်အား ၁၀၀ ကျော်ခန့်နဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ဝန်းကျင်မှာ လာရောက်တပ်ချ နေရာယူထားတဲ့ စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည်တစ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ဒါဆိုင်းတပ်စခန်းဟာ ဧက တစ်ထောင် ဝန်းကျင်လောက် ကျယ်ဝန်းတဲ့ တပ်စခန်းဖြစ်ပြီးတော့ ဒါဆိုင်းကျေးရွာရဲ့ အနောက်ဘက်ခြမ်း ကိုက် ၂၀၀ ဝန်းကျင်အကွာမှာရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ခဲယမ်းများစွာကို KIA  ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး စစ်သားအများအပြားလည်းသေဆုံးခဲ့တဲ့အပြင် ထွက်ပြေးသွားသူလည်း များစွာရှိတာဖြစ်ပါတယ်။ မိုးမောက်မြို့နယ်ဟာ ဗန်းမော်ခရိုင်မှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ပြီး ဒါဆိုင်းစစ်တပ်စခန်းဟာလည်း အခိုင်မာတပ်စွဲထားတဲ့စခန်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိဗန်းမော်မြို့ထဲမှာ စစ်တပ်ဘက်က မြို့တွင်းမြို့ပြင်စစ်ဆေးရေးတင်းကြပ်နေတယ်လို့လည်း သိရပါတယ်။ By – ဇမီ

    Read More »
  • 14 March
    သတင်း

    မိုးမောက်မှာလက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလို့ ဒေသခံများလုံခြုံရေးစိုးရိမ်နေရ

    ဗန်းမော်ခရိုင် မိုးမောက်မြို့မှာ လက်နက်ကြီးမကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံတွေလုံခြုံရေးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ မိုးမောက်မြို့ထဲ ဒါဆိုင်းကျေးရွာအနီးမှာရှိတဲ့ ခလရ (၂၃၇) တပ်စခန်းကို KIA ဘက်က မနေ့ညမှာ သိမ်းပိုက်ထားပြီဖြစ်ပေမယ့် စစ်တပ်ဘက်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်နေတာကြောင့် လုံခြုံရေးစိုးရိမ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒါဆိုင်းစခန်းမသိမ်းမီ  မတ်လ ၁၂ ရက်နေ့ စစ်တပ်ဘက်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ မိုးမိတ်စစ်ရှောင်စခန်းက လူငယ်တစ်ဦးနဲ့ အမှုဆောင်ဆရာတစ်ပါး ထိခိုက်ဒဏ်ရာရ ရှိခဲ့တဲ့အပြင် နေအိမ်တစ်လုံးပေါ် လည်းကျရောက်ပေါက်ကွဲတာတွေလည်း ရှိတယ်လို့ မိုးမောက်မြို့ဒေသခံအမျိုးသား တစ်ယောက်က KNG ကိုပြောပါတယ်။ “စစ်ရှာင်စခန်းထဲကျတာတော့မဟုတ်ဘူး၊ အနီးအနားမှာကျတာပေါ့၊ အဲ့တာ စစ်ရှောင်စခန်းက လူငယ်တစ်ယောက်ထိပြီး အခုဆေးရုံတင်ထားရတယ်၊ ပြီးတော့ မနေ့တနေ့ကကျတော့ အမှုတော်ဆောင်ဆရာတစ်ယောက် လက်မောင်းမှာထိသွားတယ်၊ မနေ့ညကကျတော့ နေအိမ်တစ်ခုမှာ ကျတာ ပေါ့၊ ကျည်တွေက နေရာတကာမှာအရမ်းကျတယ်၊ လမ်းပေါ်မှာတွေရော”လို့ပြောပါတယ်။ ဒါ့အပြင် လူမနေတော့တဲ့ RC စစ်ရှောင်စခန်းမှာလည်း လက်နက်တွေ မကြာခဏ ကျရောက်တာမျိုးတွေရှိပြီး မူကြိုကျောင်းမှာလည်း လက်နက်ကျတာတွေရှိပေမဲ့ ကျောင်းပိတ်တဲ့အချိန်ဖြစ်တာကြောင့် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလို လက်နက်ကြီး၊ လက်နက်ငယ်တွေ ကျရောက်ပေါက်ကွဲနေတဲ့အပြင် တစ်ဖက်မှာ လုံခြုံရေးအရ စျေးဆိုင်တွေလည်းဖွင့်လှစ်ရောင်းချတာတွေမရှိတော့တဲ့အတွက် စားဖို့သောက်ဖို့အတွက်လည်း ခက်ခဲမှုတွေရှိလာတယ်လို့ မိုးမိတ် KBC စစ်ရှောင်စခန်းက အမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုက အဲ့လိုလက်နက်သံတွေကြားနေရတော့ အပြင်ထွက်ဝယ်ဖို့ကလည်း ကြောက်ရတယ်၊ ရောင်းတဲ့သူတွေကလည်း ကြောက်လို့ ဆိုင်မဖွင့်တော့တဲ့သူတွေရှိတော့ ကျွန်မတို့က စားဖို့သောက်ဖို့ကို လည်းစိုးရိမ်နေရတာပေါ့၊ သေနတ်သံ၊ လက်နက်သံတွေကြားပြီးဆိုရင်လည်း ကလေးတွေအတွက်က စိုးရိမ်ရနဲ့ တစ်ခါကြားရင် တစ်ခါကြောက်ရနဲ့ ဘယ်အချိန်မှာဘယ်လိုကျလာမလဲဆိုတာကိုဘဲ စောင့်ပြီးစိုးရိမ်နေကြရတာပေါ့”လို့ပြောပါတယ်။ မိုးမောက်မြို့တွင်း ဒေသခံပြည်သူတွေကို လမ်းတွေမှာ ဖမ်းဆီးစစ်ဆေးတာ၊ ဖမ်းဆီခေါ်ဆောင်တာမျိုးမရှိပေမဲ့ လက်နက်ကြီး လက်နက်ငယ်သံတွေမကြာခဏ ကျရောက်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာရေးအခက်အခဲကြုံနေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မိုးမောက်မြို့တွင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၀ ကြိမ်မနည်း ကျရောက်ပေါက်ကွဲခဲ့ပြီး လက်ရှိချိန်ထိလည်း လက်နက်တွေ ကျရောက်နေပေမဲ့  လက်နက်ထိသေဆုံးတာမျိုးတော့မရှိသေးဘူးလို့ သိရပါတယ်။ မိုးမောက်မြို့နယ်ဟာ ဗန်းမော်ခရိုင်ထဲမှာပါဝင်ပြီး အထိုင်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃၇ ဒါဆိုင်းတပ်စခန်းကိုတော့ KIA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 7 March
    သတင်း

    မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒေသခံတစ်ချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာမှာကိုစိုးရိမ်ကြတဲ့ အတွက် မြို့ခံပြည်သူအများအပြားဟာ ရိက္ခာတွေပြေးဝယ်နေကြပြီး တစ်ချို့မြို့ပြင်ဘက်ကို တိမ်းရှောင်သွားကြတာတွေရှိတယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာ မြစ်ကြီးနား–ဗန်းမော်ကားလမ်းပိုင်း ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင်စစ်ကောင်စီတပ် စခန်းနဲ့ မိုးမောက်နယ်ထဲက နွမ်လန်း၊…

    Read More »
  • 7 March
    သတင်း

    ဒေ့ါဖုန်းယန်နဲ့ မြို့သစ်ကြားက ကျေးရွာ ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

    KIO လိုင်ဇာအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပွားနေတာကြောင့် ဒေါ့ဖုန်းယန် နဲ့ မြို့သစ် ကုန်းလောတစ်လျှောက်မှာရှိတဲ့ ကျေးရွာအားလုံးက မိုးမောက်မြို့နယ်နဲ့ နီးတဲ့ မန်နောင်နဲ့ နမ့်ရီ ကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ မြစ်ကြီးနား –…

    Read More »
  • 5 March
    သတင်း

    တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ

    ကချင်ပြည်နယ်  မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက‌နေ သိရပါတယ်။ မိုးမောက်မြို့နယ်ထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေဖြေဆိုပြီးတာ နဲ့ ကချက်လွတ်လပ်ရေးတပ်မတော်  KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မိုးမောက်မြို့နဲ့နီးတဲ့ကျေးရွာအများစုက…

    Read More »
  • Dec- 2023 -
    15 December
    သတင်း

    KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေ

    မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲအနီး တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်နက် စစ်ကောင်စီတပ်ဟာ KIO ထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့နဲ့မိုင်ဂျာယန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မနက်ပိုင်း ၁၁ နာရီဝန်းကျင်လောက်ကစပြီး လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ်ဘက်ကနေ မုန်လိုက်ခက်ဘက်ကို လက်နက်ကြီး ၃ လုံးထက်မနည်းပစ်ခတ်လိုက်တယ်လို့ လိုင်ဇာဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် မုန်လိုင်ခက်ဘက်ကမှာကျတာ ကျနော်သိရလောက် မနက်ကနေ ပစ်နေတာ ခုဆိုရင် ၃ လုံးလောက်ရှိပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မိုင်ဂျာယန်မြို့ဘက်မှာလည်း နေ့လည် ၁၂ နာရီလောက်ကနေ စတင်ပစ်ခတ်နေပြီး မိုင်ဂျာယန် ရပ်ကွက် ၅ နဲ့ မိုင်ဂျာယန်ကောလိပ်ရှိတဲ့ဘက်ကို ကျရောက်ပေါက်ကွဲတာတွေရှိတယ်လို့ သိရပါတယ်။ ဒေသခံတွေပြောတာကတော့ စစ်ကောင်စီဟာ လွယ်ဂျယ်မြို့အထက်မှာရှိတဲ့ ယော်ယုံဘွမ် (Yaw Yung Bum ) အထိုင်ချထားတဲ့ စခန်းကနေ မြို့ထဲကိုပစ်ခတ်နေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြတဲ့အပြင် လက်နက်ကြီးကျရောက်ပေါက် ကွဲတာကြောင့် ကလေးငယ် ၂ ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့လည်း ပြောပါတယ်။ “ဘယ်ကပစ်သလဲ တိတိကျကျမသိရသေးဘူး ခန့်မှန်းတာတော့ ယော်ယုံဘွမ် (Yaw Yung Bum ) ကုန်းဘက်ကဘဲ။ ခုလည်း တစ်လုံးထပ်ကျလာပြီ ထိခိုက်တာတော့ ကလေး ၂ယောက်ထိထားလည်း စိုးရိမ်စရာတော့မလိုဘူးလို့ သိရတယ်” လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ရပ်ကွက်် ၅ မှာနေထိုင်တဲ့ မိုင်ဂျာယန်ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း…

    Read More »
  • Nov- 2023 -
    11 November
    သတင်းNmawk

    မိုးမောက်မြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံရ

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကြံခင်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကြံခင်းကျေးရွာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင် အသက် ၅၀ ကျော်ကို နိုဝင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးက လာရောက် ပစ်သတ်သွားတာဖြစ်တယ်လို့ မိုးမောက်မြို့ ခါနန်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အုပ်ကြီးက လက်ဖက်ရည်ထိုင်သောက်နေတာ မနက်အစောပိုင်းပေါ့ အဲ့မှာ အမျိုးသားတစ်ယောက်ကလာပြီးမှ…

    Read More »
Back to top button