သတင်း

မိုးမောက်မြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကြံခင်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ကြံခင်းကျေးရွာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင် အသက် ၅၀ ကျော်ကို နိုဝင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးက လာရောက် ပစ်သတ်သွားတာဖြစ်တယ်လို့ မိုးမောက်မြို့ ခါနန်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အုပ်ကြီးက လက်ဖက်ရည်ထိုင်သောက်နေတာ မနက်အစောပိုင်းပေါ့ အဲ့မှာ အမျိုးသားတစ်ယောက်ကလာပြီးမှ ၃ ချက်လောက်ဝင်ပစ်သွားတာ အုပ်ကြီးခေါင်းကိုတေ့မှန်တော့အဲ့မှာပဲလှဲကျသွားတာလို့သူကပြောပါတယ်။

သေနတ်ကိုင်ဆောင်ထားသူရဲ့ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးသေဆုံးခဲ့တဲ့အပြင် လက်ဖက်ရည်ဆိုင်ထဲရှိနေတဲ့ ဆိုင်ဝန်ထမ်းတစ်ဦးလည်း ခြေထောက်ကျည်မှန်ဒဏ်ရာရရှိသွားကြောင်းသူကဆက်ပြောပါတယ်။

ပစ်သတ်ခံရတဲ့အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီထောက်ခံvသူတွေနဲ့ အများဆုံးပတ်သက်ဆက် နွယ်နေသူဖြစ်ကြောင်းသိရပြီး ကြေးနန်းရပ်ကွပ်ထဲက လက်ဖက်ရှည်ဆိုင်ထဲမှာပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတွေကဆိုပါတယ်။

အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားသူကတော့ နှာခေါင်းစည်တပ်၊ ဦးထုပ်ဆောင်းထားတာကြောင့် မည်သူမည်ဝါဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေပြောပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button