စစ်ပြေးဒုက္ခသည်များသတင်း

တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက် မိုးမောက် ပြည်သူများ ကြိုတင်တိမ်းရှောင်နေ

ကချင်ပြည်နယ်  မိုးမောက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားလာနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြောင့် ကျေးရွာနေပြည်သူတွေများဘေးလွတ်ရာကို ကြိုတင်ပြောင်းရွေ့တာတွေရှိနေတယ်လို့ ဒေသခံတွေဆီက‌နေ သိရပါတယ်။

မိုးမောက်မြို့နယ်ထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေဖြေဆိုပြီးတာ နဲ့ ကချက်လွတ်လပ်ရေးတပ်မတော်  KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မိုးမောက်မြို့နဲ့နီးတဲ့ကျေးရွာအများစုက ဒေသခံပြည်သူတွေဟာ လွန်ခဲ့တဲ့အပတ်ကတည်းက ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြရတယ်လို့ မိုးမောက်မြို့နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

လောလောဆယ် စစ်ကောင်စီစစ်သားတွေက မြို့တွင်းမြို့ပြင်တွေမှာစစ်ရေး လှုပ်ရှားတာရှိတယ်။ ဒီဘက် KIAဘက်ကလည်းလှုပ်ရှားလာရင်တော့တိုက်ပွဲ ဖြစ်ဖို့ပဲရှိတယ်။ဒါပေမယ့်ဒီဘက်(KIA) ဘက်ကို ကလေးတွေစာမေးပွဲ ပြီးတဲ့အထိစောင့်ပေးပါဆိုပြီးရွာသားတွေတောင်းဆိုထားလို့မဖြစ်သေးတာပဲရှိတယ်။မြို့သစ်၊ကုန်းလော တစ်လျှောက်က ပြည်သူတွေကတော့နေ့တိုင်းလိုလိုတိမ်းရှောင်သွားကြတဲ့လူရှိတယ်လို့သူကပြောပါတယ်။

အခုလိုတိုက်ပွဲ ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက် မိုးမောက်နယ်ထဲက စစ်ကောင်စီအထိုင်တပ်စခန်းတွေနဲ့နီးတဲ့ မြို့သစ်၊ ကုန်း‌ေလာ၊ ဒါဆိုင်း၊ နွမ်လန်း၊စီဟဲ့၊ပန်ချိုးဟိုင်နဲ့အနီးဝန်းကျင်ကျေးရွာတွေထဲက ပြည်သူတွေဟာ မတ်လ လဆန်း ၁ ရက်နေ့လောက်ကတည်းကနေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

ဒီမိုးမောက်နဲ့နီးတဲ့ မြို့သစ်၊ကုန်း‌လောတကြောကလူတွေကတော့ဗန်းမော်မြို့ပေါ်နဲ့ မိုးမောက်မြို့ထဲမှာတိမ်းရှောင်လာတာများတယ်။ ပြီးတော့မိုးမောက်နဲ့ဝေးတဲ့ရွာတွေကျတော့ ဟိုးဘက်စစ်တပ်နဲ့ဝေးတဲ့မန်နောင်ရွာ၊ တာပနားရွာတွေဘက်ကို တိမ်းရှောင်သွားကြတယ် အများအားဖြင့်တော့စစ်တပ်နဲ့နီးတဲ့ရွာတွေ တိမ်းရှောင်သွားကြတယ်လို့ မိုးမောက်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ဒီကနေ့ထိ မိုးမောက်မြို့ပေါ်မှာ ၂၀၀၀ ကျော်၊ ဗန်းမော်မြို့ပေါ်မှာ ၁၀၀၀ ကျော်နဲ့ မန်နောင်ကျေးရွာတွေဘက်ကို ၂၀၀၀ ကျော် တိမ်းရှာင်သွားကြတယ်လို့သိရပါတယ်။

ခုရက်ပိုင်း မိုးမောက်မြို့ပေါ်နဲ့ မိုးမောက်နဲ့နီးတဲ့ မြို့သစ်၊ကုန်းလောဘက်ကို စစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားတာတွေရှိသလို စစ်ကြောင်းနဲ့တိုးတဲ့အရပ်သားတွေကိုလည်းရမ်းသမ်းပစ်ခတ်တာမျိုးရှိနေပြီး မတ်လ ၃ ရက်နေ့ကလည်း မြို့သစ်အဝင်စစ်ဆေးရေးဂိတ်အနီးမှာ အိမ်စီးကားတစ်စီးကိုပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦး အမျိူးသမီး တစ်ဦးပြင်ထန်ဒဏ်ရာရှိသွားပြီး ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

မိုးမောက်မြို့နယ်ထဲမှာတော့ လက်ရှိစစ်ကောင်စီအထိုင်တပ်စခန်းတွေဟာ မြို့အထိုင်တပ်၊ မြို့သစ်မြို့အထိုင်တပ်၊ မြို့သစ်အနီးက ဒေသအခေါ် တာဝါတိုင်ကုန်းတပ်စခန်း၊ ဒါဆိုင်းကျေးရွာတပ်စခန်း၊ နွမ်လန်းကျေးရွာတပ်စခန်း၊ ပန်ချိုးဟိုင်အကျေးရွာတပ်စခန်းစတဲ့တပ်စခန်းတွေရှိနေသေးတာဖြစ်ပါတယ်။

မိုးမောက်မြို့နယ်နဲ့နီးတဲ့ မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIAKPDF ကဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းမှာသိမ်းယူလိုက်ပြီးနောက် မိုးမောက်၊မံစီနယ်တွေမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကျေးရွာအများအပြားစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button