မူးယစ်ဆေးဝါး
-
Apr- 2024 -18 Aprilသတင်း
နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေ နန့်ယားကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားကျေးရွာထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ ချိတ်ပိတ်ထားတဲ့နေအိမ်တွေကို ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကနေစပြီးပြန်ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နန့်ယားကျေးရွာထဲကရပ်မိရပ်ဖတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့ဒီချိတ်ပိတ်တယ်ဆိုတဲ့ဟာက ပထမလတ်တလောမှာတော့ဟုတ်ပါတယ် ချိတ်ပိတ်လိုက်တယ်။ ဒါပေမယ့်လို့အခုအုပ်ချုပ်ရေးလိုင်းကနေပြီးမှပြန်ဝင်လာတဲ့အခါမှာတော့ ဒီမူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတဲ့ဥစ္စာတွေကတော့ သူတို့ရဲ့မိဘတွေကလုပ်တယ်ဆိုရင် သားသမီးတွေက သူ့အိမ်လေးနဲ့သူလာနေပါစေ ယောင်္ကျားဖြစ်သူကလုပ်တယ်ဆိုရင် မိန်းမတွေကလာနေပါစေဆိုပြီး အကုန်လုံးကိုပြန်ဝင်ခွင့်ပေးထားပါတယ်”လို့ ပြောပါတယ်။ KIA အနေနဲ့ နန့်ယားကျေးရွာထဲမှာရှိတဲ့ နေအိမ်ဆယ်လုံးခန့်ကို မူးယစ်ဆေးဝါးရှောင်းဝယ်ဖောက်ကားမှုနဲ့ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ချိတ်ပိတ်တာကိုဖြေလျော့လိုက်ပေမယ့်…
Read More » -
Mar- 2024 -6 Marchသတင်း
မိုးကောင်းမှာ ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတချို့နဲ့ ဒေသခံတချို့က ညအချိန်မတော် အသေးစားကျောက်စိမ်းခိုးတူးတာတွေရှိနေပြီး ဒေသခံတွေကလည်း အုပ်ချုပ်ရေးမူးတွေဆီ တိုင်ကြားပေမဲ့ အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မိုးကောင်းမြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ နန့်ရင်းရပ်ကွက်က မူလတန်းကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းမြေကိုဖို့ပေးမယ်လို့ဆိုကာ ည ၁၂ နာရီဝန်းကျင်လောက်ဆိုကျောက်စိမ်းတူးတာမျိုးတွေ ရှိတယ်လို့…
Read More » -
Feb- 2024 -8 Februaryသတင်း
မံစီမြို့နယ် ကောင်လွင်မှာ ဘိန်းမဲ ၁ပိဿာ ၅၀ ကျပ်သားနဲ့ ငွေကျပ်သိန်းတစ်ရာကျော် ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ကောင်လွင်ရွာမှာ ဘိန်းမဲ၁ ပိဿာ ၂၅ကျပ်သားနဲ့ ငွေသားသိန်းတစ်ရာကျော်ဖမ်းဆီးသိမ်းဆည်းခဲ့ရတယ်လို့ ကောင်လွင်ဒေသအခြေစိုက် လူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေး တာဝန်ခံတွေဆီကနေသိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနေက နေ့လည် ၁၀နာရီဝန်းကျင်အချိန် ကောင်လွင်ဒေသ၊ လောခိုင်ရွှေမော် မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတာကို သတင်းရပြီးသွားရောက်ချိန် ဘိန်းအရောင်းအဝယ်လုပ်နေတဲ့အသက် ၆၀ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ကျော်အရွယ် အမျိုးသမီး ကိုဖမ်းဆီးခဲ့ပြီးသူတို့နဲ့ အတူငွေသား သိန်းတစ်ရာကျော်နဲ့ ဘိန်းမဲ တစ်ပိဿာနဲ့ ၅၀ကျပ်သားကို ဖမ်းဆီးရမိခဲ့တယ်လို့ ကောင်လွင်ဒေသအခြေစိုက် လူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေး တာဝန်ခံတစ်ဦးက ပြောပါတယ်။ “သတင်းပေးတဲ့ သူဆီကနေသတင်းရလို့ သွားတဲ့ချိန် အိမ်မှာရောင်းဝယ်နေတော့ သက်သေနဲ့တကွလက်ပူးလက်ကြပ်ဖမ်းမိခဲ့တာပေါ့”လို့ပြောပါတယ်။ ဒါအပြင် ဖမ်းဆီးရမိတဲ့ လူနှစ်ယောက်ဟာ ကောင်လွင်ဒေသထဲက လောခိုင်၊ ပန်တိုင်း နဲ့ ဆလပ်စတဲ့ရွှေမှော်တွေမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးနေတဲ့ သူတွေ ဖြစ်တယ်လို့ ကောင်လွင်ဒေသလူထုမူးယစ်ဆေးဝါးတိုက်ဖြတ်ရေးတာဝန်ခံက ဆက်ပြောပါတယ်။ “သူတို့နှစ်ယောက်က ရွှေမှော်တွေမှာဖြန့်တာ လောခိုင်၊ပန်တိုင်းနဲ့ ဆလပ်စတဲ့ ရွှေမှော်တွေမှာ က လူစုံတယ်လေ အဲမှာဖြန့်တာပေါ့”လို့ သူကပြောပါတယ်။ လက်ရှိဖမ်းဆီးရမိတဲ့ လူနှစ်ယောက်ကိုတော့ သက်ဆိုင်ရာ ကေအိုင်အို KIO ထိန်းချုပ်မှုအောက်က တရားရုံးကို ပို့ဆောင်ပေးထားတာဖြစ်ပြီး တရားစွဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ ကောင်လွင်မှာ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၃ရက်နေ့က ငွေကျပ်တန်ဖိုး သိန်း၂၀ ကျပ်ရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတဲ့ လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကောင်လွင်ဒေသလူထုမူးယစ်ဆေးဝါးးတိုက်ဖြတ်ရေးအဖွဲ့က သက်ဆိုင်ရာ ကေအိုင်အို ထိန်းချုပ်မှုအောက်ကတရားရုံးကိုလွဲအပ်ခဲ့ပေမယ့်လည်း ပိုက်ဆံပေးပြီး ပြန်လည်ရွေးယူသွားခဲ့တယ်လို့တာဝန်ခံတွေဆီကနေ သိရပါတယ်။ ကောင်လွင်ဒေသ လောခိုင်ရွှေမှော်ဟာ အိမ်ခြေ ၁၅၀ကျော်ရှိပြီး အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားလူမျိုးတွေလည်း ရွှေမှော်မှာ လာရောက်အလုပ်လုပ်နေကြတဲ့ နေရာ တစ်ခုလည်းဖြစ်ပါတယ်။ ကောင်လွင်ကျေးရွာကတော့ ဗန်းမော်ခရိုင် မံစီမြို့ နယ်မှာလည်းပါဝင်ပြီး ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် အစပ်နားမှာတည်ရှိကာ ကေအိုင်အေ KIA တပ်ရင်း ၁၂ နယ်မြေလည်းဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှု အများဆုံး ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODE မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope
Read More » -
Jan- 2024 -23 Januaryဆောင်းပါး
အမှောင်ဘဝထဲက အလင်းတစ်စက်ဖြစ်လာတဲ့ ကိုယေရမိ
“မေ့မရ နိုင်ဆုံးကတော့ ဗိုက်ကလည်းဆာ ဆေးကလည်း အရမ်းကွတ်(ရင်းထ) လမ်းကလည်း လုံးဝလျှောက်လို့မရတော့ဘူး အဲလို အခြေအနေမျိုးမှာ တောင်းစားခဲ့တာဘဲ”
Read More » -
2 Januaryသတင်း
ကောင်ရွန်ရွာမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစတင်နေပြီလို့ဆို
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရွန်(Gawngrun)ရွာမှ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေးကို စတင်နေပြီဖြစ်တယ်လို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ၂၀၂၂ ဒီဇင်ဘာလမှာ စပြီးဖွဲ့စည်းခဲ့ပေမယ့်လည်း၂၀၂၃ နိုဝင်ဘာလမှ ဖမ်းဆီးအရေးယူမှုတွေကို ပိုပြီးထိထိ ရောက်ရောက် လုပ်ဆောင်လာနိုင်တာဖြစ်တယ်လို့ လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံက ပြောပါတယ်။ “ကျွန်တော်တို့ဆီမှာတော့…
Read More » -
Dec- 2023 -13 Decemberသတင်း
နန်းမားမှာ နာမည်ကြီးနေတဲ့မူးယစ်ဆေးဝါးရောင်းနေတဲ့ ညီအစ်ကိုနှစ်ဦး ပစ်သတ်ခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့ ဒေသခံတွေကန့်ကွတ်ဆန္ဒပြခဲ့ရတဲ့အထိ နာမည်ကြီးနေတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်တဲ့ ညီအစ်ကိုနှစ်ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီ ညီအစ်ကိုနှစ်ယောက်ဟာ ဦးအောင်ထွန်း(ခေါ်)ထွန်းထွန်း(အစ်ကိုဖြစ်သူ)နှင့်လင်းလင်းထွန်း(ခေါ်) အစိလေး(ညီဖြစ်သူ)တို့ဖြစ်ပြီး အမည်မသိနက်လက်ကိုင်အဖွဲ့အစည်းတစ်ခုက ဒီဇင်ဘာလ ၁၂ ရက်နေ့ သေနတ်နဲ့ပစ်သတ်ခံသွားရတာဖြစ်တယ်လို့ နန်းမားမြို့နေအမျိုးသားတစ်ဦးကKNGကိုပြောပါတယ်။…
Read More » -
1 Decemberသတင်း
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း တစ်ထောင်ကျော်ရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း ၁၄၁၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ နိုဝင်ဘာလက ၂၆ရက်နေ့က ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်သစ်ရပ်ကွက် မြို့ရှောင်လမ်းမှာ ငွေကျပ် ၃၉သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြားနဲ့ နိုဝင်ဘာ၂၂ရက်နေ့ကလည်း ငွေကျပ်တန်ဖိုး သိန်း ၁၃၇၅တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးချိန် ၅.၅ကီလိုကို မိုးညင်းမြို့နယ် နန့်စီးအောင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နည်နေရာအနှံ့မှာ မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာပြီး အဲဒီထဲမှာ ဆယ်ကျော်သက်အရွယ်တွေနဲ့…
Read More » -
Oct- 2023 -24 Octoberသတင်း
မူးယစ်ဆေးသုံးစွဲတဲ့ ဇနီးမောင်နှံ နှစ်ဦးကို ရွာနှင်ဒဏ်ပေး
ဝိုင်းမော်မြို့နယ် နေရပ်ပြန် ဂါးရာယာန်ကျေးရွာမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်တဲ့ ဇနီးမောင်နှံဆီကနေ မူးယစ်ဆေးသုံးစွဲတဲ့အချက်အလက်တွေ့ရှိခဲ့တာကြောင့် ရွာနှင်ဒဏ်ပေးလိုက်တယ်လို့ ဂါရာယာန်ရွာက တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်ညမှာ ကဇူးကျေးရွာမှာတပ်ထိုင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒဘတ်ကျေးရွာကနေ ဂါးရာယန်ရွာဘက်လာတဲ့ ဇနီးမောင်နှံ နှစ်ဦးကိုစစ်ဆေးမေးမြန်ကြည့်ရာမှာ သက်သေနှင့်တကွ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဂါးရာယာန်ရွာလူကြီးက ကိုပြောပါတယ်။ “ညသန်းခေါင်…
Read More » -
20 Octoberသတင်း
နန်းယွန်း အထက ကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ပိုဆိုးလာ
နန်းယွန်းမြို့ အထက်တန်းကျောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့ ကျောင်းသား၊သူ တစ်ချို့ရှိနေသလို ဘိန်းဖြူကြောင့် ကျောင်းသား ၁ ဦး ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီအထက်တန်းကျောင်းမှာ ၂၀၂၃ ခုနှစ်ပညာသင်နှစ်ထဲ ဘိန်းဖြူနဲ့စိတ်ကြွဆေးပြားများသုံးစွဲသူတွေများလာနေပြီး ကျောင်းသားတွေကိုယ်တိုင်ရောင်းချပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ယောကျာ်းလေးတစ်ယောက်က ကျောင်းထဲမှာ ပေါ်တင်ရောင်းတာ သူ့သူငယ်ချင်းတွေကို ဒါသုံးရင်။ စာကျက်လို့လည်း ကောင်းတယ်ဆိုပြီး ရောင်းတယ်၊ နောက်ဆုံး သူ့ကိုတော့ထုတ်လိုက်တယ်၊ ရွာကလူတွေကအတော်လေးကို ဆိုးတယ်၊ အခုဖိုးသမားတွေရှိတာနဲ့ဘာမှ ထားထားလို့မရဘူး သူခိုးတွေကတော့ ဖိနပ်ကအစ ခိုးနေတာ၊ ကျောင်းထုတ်ခံရတဲ့တခြား သူတွေရှိ တယ်၊ဖိုးထိုးမှားလို့ တစ်ယောက်သေသွားတာရှိတယ်။…
Read More » -
Jul- 2023 -27 Julyဆောင်းပါး
အပျော်ကနေ ဘဝပျက်ခဲ့ရသူ
လူတစ်ကိုယ်စာလောက်ရှိတဲ့ ဝါးထရံကာအခန်းကျဉ်းလေးထဲမှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက်ဟာ ဒူးတစ်ဖက်ထောင်ပြီး ဖယောင်းတိုင်ထွန်းထားတဲ့စားပွဲရှေ့မှာ ခါးကုံးကုံးနဲ့ ထိုင်နေပါတယ်။ ရှုပ်ပွနေတဲ့ အဲဒီအခန်းကျဉ်းလေးမှာ သူနေထိုင်တာဟာ ဆယ်စုနှစ်တစ်စုရှိလာပြီလို့ ပြောပါတယ်။ ပိန်ချုံးလှတဲ့ ခန္ဓာကိုယ်မှာ အင်္ကျီမကပ်တဲ့အပြင် စားပွဲပေါ်မှာတင်ထားတဲ့ခဲပြားပေါ်က အဖြူရောင်အမှုန့်တွေကို…
Read More »









