မြစ်ကြီးနားမြို့

  • Jul- 2026 -
    15 July
    မူးယစ်ဆေးဝါး

    မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ (၂၁ )အလယ် အိမ်တန်းလျားနှစ်ခုမှာ မူးယစ်ဆေးဝါး အဓိကရောင်းနေကြတယ်လို့ သိရပါတယ်။ “အဓိကတော့ အုပ်ချုပ်ရေးမှူးတွေ ရဲတွေက သိသိကြီးနဲ့ လွတ်ထားကြတာလေ။ ခုဟာက ရက်တစ်ရာစီမံကိန်းပြီးနောက် အရင်လိုပြန် ရောင်းဝယ်နေကြတာ တစ်နေကုန် လမ်းဆုံ၊လမ်းခွတွေမှာ  လူမြင်ကွင်းတွေမှာ ပုံမှန်ရောင်းဝယ်နေကြပြန်ပြီ”ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲတဲ့ ဧပြီလ ၂၀ ရက်နေ့ကနေ ရက်ပေါင်း ၁၀၀ စီမံကိန်းကို ကြေညာခဲ့ပြီး မြစ်ကြီးနားမြို့တွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့ပမေယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ မြစ်ကြီးနားမြို့ပြ ည်သူတွေ ထောက်ပြနေကြပါတယ်။ ဒါကြောင့် လတ်တလော ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလက်လီလက်ကား ရောင်းသူအားလုံးပေါင်းရင် အယောက် ၃၀ ဝန်းကျင်ထိရှိလာနေတယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ပိုမိုထိခိုက်ပျက်စီးလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေဟာ အသက် ၁၂ အရွယ်ကနေ ၁၇ နှစ်အရွယ်ထိ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။ “ခုနောက်ပိုင်းက အသက်မပြည့်တဲ့ကလေးတွေကို အသုံးချပြီး ရောင်းခိုင်းနေကြတာဟုတ်တယ်။ အခြေနေတော့တော်တော်ဆိုးနေပြီ” လို့ နောက်ထပ်ရပ်ကွက်နေပြည်သူတစ်ဦး ထပ်ပြောပါတယ်။ ရမ်ပူရပ်ကွက်တာဝန်ကျ ဒုရဲအုပ်နဲ့…

    Read More »
  • 14 July
    မူးယစ်ဆေးဝါး

    မြစ်ကြီးနားမှာ အသက်မပြည့်တဲ့ ကလေးငယ်များ မူးယစ်ဆေးရောင်းချနေဟုဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ မူးယစ်ဆေးဝါးရောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၁ မှာ မောင်နှမနှစ်ဦးဖြစ်တဲ့ အသက် ၁၂အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ ၁၆ ဝန်းကျင်အရွယ် မိန်းကလေးဖြစ်ကြပြီးတော့ နောက်ထပ်  ၁၆…

    Read More »
  • Jun- 2026 -
    20 June
    သတင်း

    အွန်လိုင်းလေယာဉ်လက်မှတ်ဝယ်ယူရာမှ ကျပ်သိန်း ၅၀ နီးပါး အလိမ်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုကလေယာဉ်လက်မှတ်အတု လိမ်လည်သွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရပါတယ်။ အလိမ်ခံရသူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က လိမ်လည်ခံခဲ့ရတာဖြစ်ပြီး Booking တင်ထားတဲ့ စလစ်အတုများပြသကာ ကျပ်သိန်း ၅၀ နီးပါး လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ “အွန်လိုင်းကနေဖြတ်တာ သူတို့က Booking တင်ပေးထားတယ်။ နာရီဝက်အတွင်း ပိုက်ဆံလွှဲရမယ်လို့ ပြောတယ်။ ကျွန်တော်တို့က ပိုက်ဆံလွှဲလိုက်တယ်။ သူတို့က Booking တင်ထားတဲ့ စလစ်ပြန်ပို့ပေးတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် မသင်္ကာတာကြောင့် တရားဝင် Website တွေမှာ ပြန်လည်စစ်ဆေးကြည့်ရာ လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ ရက်၊ လေယာဉ်ထွက်မယ့်ရက် မကိုက်ညီတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် တစ်ခြားလေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် မြစ်ကြီးနားလေဆိပ်မှာ ပြန်လည်စစ်ဆေး အတည်ပြုကြည့်ရာ လေယာဉ်လက်မှတ်များမှာ အတုဖြစ်နေကြောင်း သိရပါတယ်။ လိမ်လည်သွားတဲ့ Facebook Page မှာ Follower 22K ကျော်ရှိပြီး “Air Ticket ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာန” အဖြစ် ဖော်ပြထားကြောင်း သိရပါတယ်။ အလိမ်ခံလိုက်ရတဲ့ ငွေပမာဏမှာ လေယာဉ်လက်မှတ် ၆ စောင်ဖိုး ကျပ် ၄,၈၃၂,၀၀၀ ဖြစ်ပြီး KPay Account အမည် U Nay Thura Lin၊ KPay ဖုန်းနံပါတ် 09766726649 မှာ လွှဲပေးလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ “လေယာဉ်လက်မှတ် လိမ်ရောင်းတဲ့ Account တွေ ရှိနေလို့ လိုင်းပေါ်တင်ပေးစေချင်တယ်။ တခြားသူတွေ အဲလိုမခံရအောင်လို့” လို့ KNG ကို ပြောပါတယ်။ အလိမ်ခံရကြောင်း သိရှိပြီးနောက်မှာတော့ အဆိုပါ Facebook Page Account ဟာ ကာယကံရှင်ကို Messenger နဲ့ Viber တို့မှ Block သွားခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း လေယာဉ်လက်မှတ် လိမ်လည်ခံခဲ့ရသူ ၅ ဦးအထိ ရှိခဲ့ကြောင်း KNG က စုံစမ်းရရှိထားပါတယ်။…

    Read More »
  • 2 June
    သတင်း

    စည်းကမ်းမဲ့ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် မြစ်ကြီးနားပြည်သူတွေအခက်ကြုံ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း အုပ်စုလိုက် စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုတွေကြောင့် ပြည်သူတွေအတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းကစပြီး မြစ်ကြီးနားမြို့  စီတာပူ၊ကက်သလစ်ဘုရားကျောင်း ကမ်းနားလမ်း၊ လယ်ကုန်းနဲ့ ကချင်စု ကမ်းနားလမ်းတစ်လျှောက်မှာ အုပ်စုလိုက် ဆိုင်ကယ်မောင်းနှင်သူတွေဟာ ညနေပိုင်းရောက်တိုင်း တစ်ပတ်ကို ပျမ်းမျှအားဖြင့် နှစ်ကြိမ်ဝန်းကျင်မောင်းနှင်ကြတယ်လို့သိရပါတယ်။ ခုလို အုပ်စုဖွဲ့မောင်းနှင်မှုတွေကြောင့် လမ်းပိတ်ဆို့မှုတွေ ဖြစ်နေပြီး ရပ်ကွက်နေ ပြည်သူတွေအတွက် လမ်းသွားလမ်းလာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက အခုလို ပြောပါတယ်။ “မြို့ပြင်မှာဆိုရင်တော့ စီးပါ မြို့ထဲမှာဆိုရင်တော့ မကောင်းဘူးလေ အခုချိန်က ကျောင်းတွေလည်း ဖွင့်ထားတော့ နေရာက သူတို့ကိုပဲ ဦးစားပေးနေရတယ်။ သူတို့လာပြီဆိုရင် ဘေးကပ်ပေးရတယ် သက်ကြီးရွယ်အိုတွေဆိုရင်လည်း နားမခံသာဘူး မီးဖွားထားတဲ့ ကလေးမိခင်တွေအတွက်လည်း မကောင်းဘူးလေ”လို့ ဆိုပါတယ်။ အဲဒီဆိုင်ကယ်မောင်းနှင်သူတွေဟာ “ဘီးကြီး” လို့ခေါ်တဲ့ ဆိုင်ကယ်တွေကို အများစု အသုံးပြုကြပြီး တစ်ဖွဲ့ကို အနည်းဆုံး ဆိုင်ကယ် ၁၀ စီးကနေ အစီး ၂၀ အထိ ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် လမ်းကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်ရတဲ့အတွက် တာဝန်ရှိသူတွေက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ “အဓိကတော့ တာဝန်ရှိသူတွေပေါ့။ အဲလို မမောင်းကြဖို့ပေါ့။ တကယ်လို့ မြန်မြန်မောင်းမယ်ဆိုရင်တောင် လူတွေ ထိခိုက်မှုမရှိအောင် ဘယ်လောက်အရှိန်နဲ့ မောင်းရမယ်ဆိုတာမျိုး သတ်မှတ်ပေးသင့်တယ်။ အဲဒါတွေကို သေချာလုပ်ပေးရင်တော့ အဆင်ပြေမယ်လို့ မြင်မိပါတယ်”လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှုနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်သေဆုံးသူတွေ လစဉ်နီးပါး ရှိနေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ကလည်း စံပြရပ်ကွက် နယူးလူကြီးမင်း ကားဝပ်ရှော့ဆိုင်ရှေ့မှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး လမ်းလျှောက်နေစဉ် ဆိုင်ကယ်နဲ့ တိုက်မိပြီး ထွက်ပြေးသွားတာကြောင့် ဦးနှောက်သွေးယိုစိမ့်ဒဏ်ရာ ရရှိခဲ့ကာ မေလ ၄ ရက်နေ့မှာ အဆိုပါဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိခဲ့ပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ် ၃ ဦးလည်း ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ မတ်လအတွင်းမှာလည်း ယာဉ်တိုက်မှုပေါင်း ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်မှုတွေ ရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဇန်နဝါရီလအတွင်းမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာ အများအားဖြင့် အရက်သေစာ သောက်စားပြီး မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။…

    Read More »
  • May- 2026 -
    25 May
    သတင်း

    မြစ်ကြီးနားမှာ သေနတ်ထောက်ပြီး ဓားပြတိုက်ခံရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေခင်းကြောင်တောင် သေနတ်ထောက်ပြီး ဓားပြတိုက်ခံရတယ်လို့ မိသားစုဝင်တစ်ဦး ဆီကနေ သိရပါတယ်။

    Read More »
  • 15 May
    သတင်း

    ရက် ၁၀၀ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း ဆက်လက်ရောင်းဝယ်နေ

    မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ စစ်အစိုးရက ရက် ၁၀၀ မူယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း မူးယစ်ဆေးဝါးပြန်လည် ရောင်းဝယ်နေကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောဆိုနေကြပါတယ်။ မေလ ၉ ရက်နေ့က မီးတပ်အဖွဲ့က လူအင်အား ၁၀ ကျော်…

    Read More »
  • Apr- 2026 -
    21 April
    သတင်း

    မြစ်ကြီးနားမြို့မှာ ရေနစ်သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုတွေ့

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရေနစ်ပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ ပေးဆပ်သူလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။

    Read More »
  • Mar- 2026 -
    17 March
    သတင်း

    မြစ်ကြီးနားမြို့လေဆိပ်ပြန်လည်ဖွင့်လှစ်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့လေဆိပ် ဒီကနေ့မှာဘဲ စတင်ဖွင့်လှစ်ပြီဖြစ်တယ်လို့ လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ “ဒီ‌နေ့ လေဆိပ်တော့ဖွင့်ပြီ လက်မှတ်မရောင်းသေးတဲ့အတွက် ကျွန်တော်တို့ကလည်း မှန်းလို့မရသေးဘူးလေ။ ဒီနေ့လေဆိပ်တော့ဖွင့်ပြီ”လို့ လေကြောင်း ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနားလေဆိပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ…

    Read More »
  • 4 March
    သတင်း

    ကချင်ပြည်နယ်ရဲ့မြို့နယ်တစ်ချို့မှာ ဆီဆိုင်အများပိုင်းပိတ်၊ စက်သုံးဆီအကန့်သတ်နဲ့ဝယ်ယူနေရ

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့အပါအဝင် ဖားကန့်၊ ပူတာအို၊ တနိုင်း စတဲ့မြို့တွေမှာ ဒီကနေ့ မတ်လ ၄ ရက်နေ့ကစလို့ ဆီဆိုင်တွေမှာတန်းစီနေတဲ့လူတန်းရှည်ကြီးတွေတွေ့လာရသလို စက်သုံးဆီဆိုင်တချို့က အကန့်အသတ်ဖြင့်သာဆီကို ရောင်းချ တာ၊ တချို့ဆိုင်တွေဆိုပိတ်ထားရတာတွေရှိလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဖားကန့်မြို့မှာတော့ ဒီကနေ့မတ်လ…

    Read More »
  • Feb- 2026 -
    23 February
    သတင်း

    မြစ်ကြီးနားမှာ ဘိလပ်မြေစျေးစံချိန်တင်မြင့်တက်၊ ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရတယ်လို့ဆို

    ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၈ သောင်းအထိစံချိန်တင်မြင့်တက်သွားတဲ့အပြင် ပြတ်လပ်မှုတွေလည်းရှိနေတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်နားထားရတယ်လို့ မြို့ခံတွေနဲ့ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းနဲ့တခြားသောကုန်ပစ္စည်းတွေဟာ မြစ်ကြီးနားမြို့ကို တရုတ်နိုင်ငံမှ နယ်စပ်မြို့ ကံပိုက်တီ ဂိတ်ကနေလည်းဝင်ရောက်သလို မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကနေလည်းအဓိကဝင်ရောက်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ကုန်ကားတွေကို…

    Read More »
Back to top button