ရွှေကူ
-
Jul- 2026 -8 Julyတိုက်ပွဲ
ရွှေကူမှာ စစ်ကောင်စီတပ် စစ်ကြောင်းအများစု ပြန်ဆုတ်
ရွှေကူမြို့နယ်ထဲမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းအများစုဟာ ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကစပြီး ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူ–ဗန်းမော်လမ်းနဲ့ ရွှေကူ–ငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့တာပါ။ ဒါပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစုက ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတာဖြစ်တယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အားလုံးဆုတ်သွားကုန်ပြီ ရွှေကူဘက်ကိုဆုတ်သွားတာဗျ ငအိုး– ကသာဘက်ကိုပိတ်ထားပေးတယ် ရွှေကူဘက်ပဲဟပေးထားတော့အဲ့ဘက်ကိုဆုတ်သွားတယ် အခု မန်နားလေးနဲ့ ခတ်ခုံကြားမှာ စစ်ကြောင်းတစ်ခုပဲကျန်တယ် အဲ့တာ ဆုတ်သွားရင် ရွှေကူ –ငအိုးလမ်းကစကစ ကင်းစင်သွားပြီ”လို့သူကပြောပါတယ်။ စစ်တပ်က တစ်လနီးပါး ထိုးစစ်ဆင်ခဲ့တဲ့အချိန်အတွင်း ရွှေကူ–ငအိုးလမ်းပိုင်းက စကားကုန်းလမ်းခွဲ၊ ညောင်ပင်ကွေ့၊ ပွိုင့် ၁၁၇ နဲ့ ပွိုင့် ၁၁၅ စတဲ့နေရာတွေကို ယာယီထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတော့ KIA ပူးပေါင်းတပ်တွေက အဲဒီနေရာတွေကို ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းပါ ဆုတ်သွားရင် ရွှေကူ–ငအိုးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ ပြောပါတယ်။ လက်ရှိ ကျန်ရှိနေတဲ့ စစ်ကြောင်းကတော့ မန်နားလေးနဲ့ ခတ်ခုံကြားမှာ အင်အား ၈၀၀ ဝန်းကျင်နဲ့ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးတပ်တွေက အဲဒီစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ “မန်နားလေးဘက်ကို ရှင်းနိုင်ရင် လမ်းပိုင်းတစ်ခုလုံး ကင်းစင်သွားမှာပါ။ ဒီတစ်ရက်၊ နှစ်ရက်အတွင်း အခြေအနေပြောင်းနိုင်ပေမယ့် စောင့်ကြည့်ရဦးမယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရွှေကူတိုက်ပွဲမှာ KIA၊ PDF ပူးပေါင်းတပ်တွေအပြင် AA စစ်ကြောင်းတွေလည်း အားဖြည့်ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ လတ်လောမှတော့ ကျန်ရှိနေတဲ့ စစ်ကြောင်းတွေက ကိုင်းရွာနဲ့ တော်လန်ရွာဘက်ကို မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကိုင်း၊ တော်လန်၊ ရွှေဘုန်းမြင့်၊ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ငှက်တံတား၊ တုံးကောက်၊ စီသာ၊ မန်ဝိန်း၊ စီမူကြီး၊ ဝင်ဝ၊ မန်နားကြီး၊ နောင်လတ်ကြီး၊ ခေါလဲ၊ စင်းဖုတ်၊ စီသောင်နဲ့ တာလီကျေးရွာတွေက ဒေသခံတွေဟာ မေလကုန်နဲ့ ဇွန်လဆန်းပိုင်းကတည်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ By – Zaw Zaw
Read More » -
7 Julyတိုက်ပွဲ
ငအိုး-ရွှေကူကြားက နေရာတစ်ချို့ကို တော်လှန်ရေးပူးပေါင်းတပ်ပြန်သိမ်းပိုက်
ကချင်ပြည်နယ် ရွှေကူမြို့နယ် ငအိုး–ရွှေကူကြားက ရှေ့တန်းနေရာတစ်ချို့ကို ပြီးခဲ့တဲ့လအတွင်း စစ်တပ်ထိုးစစ်ကြောင့် ယာယီ လက်လွှတ်ခဲ့ရပေမယ့် လက်ရှိမှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်ထားနိုင်ပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောပါတယ်။ လက်ရှိ ပြန်သိမ်းပိုက်ထားတဲ့နေရာတွေထဲမှာ…
Read More » -
6 Julyတိုက်ပွဲ
ဗန်းမော်နဲ့ရွှေကူမှာတိုက်ပွဲဆက်ပြင်းထန်နေဆဲလို့ဆို
ကချင်ပြည်နယ်ထဲက ဗန်းမော်နဲ့ရွှေကူမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့ နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မြေပြင်စစ်ကြောင်းထိုးတာ၊ လက်နက်နဲ့ ရိက္ခာတွေကို လေကြောင်းကနေဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။
Read More » -
2 Julyတိုက်ပွဲ
ရွှေကူ–ကသာအစပ် တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ရှိနေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်မှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး ရွှေကူမြို့နယ်ဘက်မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
Read More » -
Jun- 2026 -25 Juneစစ်ပြေးဒုက္ခသည်များ
တောထဲတဲထိုးနေရတဲ့ စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်း တိုက်ပွဲကြောင့်တောထဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရာထိုင်ခင်းနဲ့ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
Read More » -
16 Juneလူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်း
ရွှေကူမှာ စစ်တပ်ဗုံးကြဲလို့ အရပ်သား ၂၀ ကျော်ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရက်တွင်း နေရာ ၃ ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချခဲ့တာကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့က ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ရွှေကူမြို့နယ်၊ ကိုင်းရွာအနောက်ဘက်က ရွှေမျောတွေရှိတဲ့နေရာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးအလုံး ၃၀ ကြဲချခဲ့တာကြောင့် ရွှေမျောလုပ်သားနဲ့ စားဖိုမှူးတွေအပါအဝင် ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ကိုင်းရွာရဲ့အနောက်ဘက်မှာ ရွှေမျောတွေရှိတယ် မျောဆင်းနေတဲ့အချိန် မနက်ပိုင်းလာကြဲသွားတာ၊ အလုံး ၃၀ ရှိတယ်။ တော်သေးတယ် လူတွေပေါ်တည့်တည့်မကျဘူး၊ ကျောက်တုံးတွေပေါ်ကျတာများတယ်။ အဲဒါကြောင့် ကျောက်ခဲစတွေမှန်ကုန်ပြီး ဒဏ်ရာရ ၂၀ ကျော်တယ်” လို့ အသက် ၄၀ ကျော် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီ ရွှေမျောတွေရှိတဲ့နေရာ ဗုံးကြဲခံရမှုမှာ မနေ့ကအထိတော့ ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး တချို့စိုးရိမ်ရတဲ့ အခြေအနေရှိနေကြောင်း သူကဆက်ပြောပါတယ်။ “သေဆုံးသူတော့ မသိရှိဘူး ခုလောလောဆယ် ဒဏ်ရာရတဲ့သူတွေကို ဒီဘက် (ကာကွယ်ရေးတပ်) တွေဘက်က ကားနဲ့လာသယ်ပြီး ဆေးကုပေးနေတယ်။ မိန်းကလေးတွေများတယ် ဒဏ်ရာရတဲ့ထဲမှာ” လို့ အထက်ဖော်ပြပါ အမျိုးသားက ဆက်ပြောပါတယ်။ ထို့အပြင် မနေ့က မွန်းလွဲ ၅ နာရီခန့်အချိန်မှာလည်း ကိုင်းရွာအနောက်ဘက် ရွာနဲ့ကပ်လျက်နေရာကို ဗုံး ၂ လုံး ထပ်မံကြဲချခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ည ၇ နာရီမှာ Y-12 တစ်စီးနဲ့ ရွှေကူမြို့အထက်ဘက်ရှိ လမ်းကူးကျေးရွာကို ဗုံးသီးအလုံးရေ ၄၀ ကျော်ခန့် ကြဲချသွားတဲ့တွက် လူနေအိမ်များအများအပြား ပျက်စီးသွားကြောင်း ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “မနေ့တစ်ရက်တည်း သုံးကြိမ်ကြဲတာလေး။ နောက်ဆုံးက လမ်းကူးရွာထဲကြဲသွားတာ။ တော်သေးတယ် ရွာထဲကလူမရှိလို့၊ အကုန်စစ်ရှောင်ကုန်ပြီ။ လူနေအိမ်ကတော့ ၅ လုံးထက်မနည်း ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။ လမ်းကူးရွာသားတွေဟာ ပြီးခဲ့တဲ့အပတ်ကတည်းက စစ်ရှောင်နေကြတာကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့် လူနေအိမ်များ ပျက်စီးပြီး မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အပတ်ကစပြီး ရွှေကူမြို့နယ်ထဲက KIA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာ ၄ ခု ဖွင့်ပြီး စစ်ကြောင်း ၄ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ “ကားနဲ့မဟုတ်ဘူး၊ စစ်ကြောင်းက ခြေလျှင်တက်လာကြတာ။ ရွှေကူမြို့ကနေပြီးတော့ စစ်မျက်နှာလေးခုဖွင့်တယ်။ တစ်ကြောင်းက ငဘတ်ကြီးကနေ ပလောင်တောင်ကနေ ကိုင်းရွာ၊ တော်လန်ဘက်ကိုတစ်ကြောင်း၊ တစ်ကြောင်းက အူမလမ်းကြောင်းပေါ့ အထက်လေးလမ်းဆုံဘက်ကို၊ တစ်ကြောင်းက ရွှေဘုန်းမြင့်ဘက်၊ နောက်တစ်ကြောင်းက ငါးလမ်းဆုံဘက်ကို ထိုးတယ်” လို့ ရွှေကူနယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီ စစ်ကြောင်း ၄ ကြောင်းထဲမှာ အင်အားအများဆုံးက လက်ရှိ ဗန်းမော်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ အထက်လေးလမ်းဆုံဘက်က စစ်ကြောင်းဖြစ်ပြီး အင်အား ၇၀၀ ခန့် ပါဝင်တယ်လို့ သိရပါတယ်။ စစ်တပ်က အခုလို ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် စီသာ၊ မံဝင်း၊ ကိုင်းရွာ၊ လမ်းကူး၊ တော်လန်၊ မြိုင်သာ၊ ပန်းတင်၊ တုံးကောက်၊ ငှက်တံတား၊ နန့်လန်၊ ဝင်ဝ၊ နောင်လတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွှေကူမြို့ ခ.လ.ရ ၅၆ တပ်ထဲက စစ်ကောင်စီစစ်သားတွေနဲ့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကတည်းက ရွှေကူ– ငအိုးလမ်းကနေတဆင့် ထီးချိုင့်၊ တကောင်းဘက်က ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။ By – Zaw Zaw
Read More » -
15 Juneသတင်း
ရွှေကူမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံရဟုဆို
ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ရွှေကူမြို့ထဲကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရွှေဘုန်းမြင့်ရွာထဲ ဝင်ရောက်လာပြီး အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာထဲမှာတင်မဟုတ်ဘူး၊ ရွာအဝင်မှာပါ သတ်ထားတာတွေရှိတယ်။ တစ်ရက်ထဲမှာပဲ အရပ်သား ၅ ယောက် သတ်ခံရတယ်။ ထောက်ပို့လုပ်တယ်ဆိုပြီး စွပ်စွဲပြီး သတ်ထားတာ”လို့ ဆိုပါတယ်။ သတ်ခံရသူတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦး ပါဝင်တယ်လို့ ကနဦးသိရပြီးတော့ အမည်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ရွာထဲမှာ တခြားဒေသခံတွေကိုလည်း ဖမ်းထားတာတွေရှိနေပြီး တစ်ချို့လည်း လုံခြုံရေးအခြေအနေကြောင့် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်တွေဟာ ရွှေကူမြို့နယ်ထဲက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေဘက်ကို စစ်မျက်နှာလေးခုခွဲပြီး ထိုးစစ်ဆင်နေတယ်လို့ ပြောပါတယ်။ “တိုက်ပွဲကတော့နေ့တိုင်းပဲ မနေ့က (ဇွန် ၁၄ရက်)နေ့ညပိုင်းတော့ခနလေးနားကြတယ် အဓိကတော့အထက်လေးလမ်းဆုံပဲ အဲ့မှာအကြီးအကျယ်ဖြစ်နေတာမနေ့ကအထိတော့ အထက်လေးလမ်းဆုံက စကကဘက်ကရလိုက် ကိုယ့်ဘက်(KIAပူးပေါင်းတပ်)ဘက်ကရလိုက်ပဲ”လို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆိုပါတယ်။ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့ဘက်ကို ရွှေကူတပ်တွင်းနဲ့ ငါးဘတ်ကြီးကုန်းကျေးရွာ နှစ်နေရာကနေ လက်နက်ကြီးပစ်ကူပေးနေတယ်လို့သိရပါတယ်။ လက်ရှိ ရွှေကူမြို့နယ်ထဲက KIAပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ကျေးရွာတွေဘက်စစ်ကြောင်းထိုးနေတဲ့စစ်သားတွေဟာ ရွှေကူ ခ.လ.ရ ၅၆ တပ်ထဲကစစ်သားတွေနဲ့ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကနေစပြီး ရွှေကူ–ငအိုးကားလမ်းကနေတဆင့် တကောင်း၊ထီးချိုင့်ဘက်က ဝင်လာတဲ့စစ်ကောင်စီစစ်သားဖြစ်ကြောင်းသိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲကိုစစ်အင်အားဖြည့်တင်ဖို့အတွက် ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကနေစပြီး ရွှေကူ –ငအိုးကားလမ်းပိုင်းကနေတဆင့် ထီးချိုင့်၊တကောင်းဘက်ကနေ စစ်အင်အားရာနဲ့ချီပြီး ဝင်ရောက်လာနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လက်ရှိရွှေကူ ငအိုးကားလမ်းပိုင်းကို ထိန်းချုပ်ထားနိုင်ရေးအတွက် AA တပ် ကလည်းနောပင်ကြီးလမ်းခွဲကနေ ငအိုးဘက်အထိစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ ရွှေကူမြို့ထဲကိုစစ်အင်းအားဖြည့်ဖို့ ငအိုးဘက်ကနေတက်လာတဲ့စစ်ကောင်စီ စစ်ကားခြောက်စီး ရွှေကူမြို့ထဲကိုဝင်ရောက်သွားတဲ့ နောက် နှစ်မြောက်နေ့ ဇွန်လ ၈ နေ့မှာတော့ KIAက ရွှေကူမြို့ထဲမှာရှိနေတဲ့အရပ်သားတွေအားလုံး မြို့ကနေ ယာယီတိမ်းရှောင်ထားကြဖို့နဲ့ ရွှေကူ ငအိုးကားလမ်းပိုင်းကိုပိတ်လိုက်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ By – Zaw Zaw
Read More » -
10 Juneစစ်ရေး
ရွှေကူမြို့ကို စစ်ကြောင်း ၃ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ပြော
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ KIA ဘက်ကပြောပါတယ်။ KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီတပ်ဘက်က ထီးချိုင့်–ငအိုးဘက်ကနေ စစ်ကြောင်း ၃ ကြောင်းခွဲပြီး အင်အားများစွာနဲ့ ရွှေကူဘက်ကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ပြောပါတယ်။ “အင်အား ၄၀၀၊ ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးတာရှိတယ်။ ငအိုးကနေတက်လာပြီး ရွှေကူဘက်ကို ဦးတည်နေတာဖြစ်တယ်။ ရွှေကူကိုတော့ မရောက်သေးဘူး။ တခြားလမ်းကြောင်းတွေမှာလည်း စစ်ဆင်ရေးလုပ်နေတယ်။ စစ်ကြောင်း ၃ ခုနဲ့ လှုပ်ရှားနေတာပါ”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဘက်က ရွှေကူမြို့တွင်းကို တိုက်ရိုက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် လမ်းကြောင်းတစ်လျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကြောင်း ၃ ကြောင်းလုံး တပြိုင်နက်တည်း လှုပ်ရှားနေတဲ့အခြေအနေကြောင့် ဒေသတစ်ဝှိုက်မှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေပြီး စစ်ရေးအခြေအနေကလည်း ယနေ့အထိ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် ငအိုး–ရွှေကူလမ်းပိုင်းထဲက ၅ လမ်းဆုံရွာအနီးမှာလည်း စစ်ကောင်စီတပ်ဘက်က ရှေ့တန်းတပ်ဖွဲ့တွေ ခြေကုပ်ယူထားတဲ့ အခြေအနေရှိနေတယ်လို့ KIA ဘက်က ထပ်မံပြောပါတယ်။ အဆိုပါနေရာဟာ လမ်းကြောင်းအရေးပါတဲ့ ချိတ်ဆက်လမ်းဆုံတစ်ခုဖြစ်ပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုအတွက် အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။ “ရွှေကူရောက်ပြီဆိုရင် သူတို့ဘက်က ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ဦးတည်ချက်ရှိတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောဆိုပြီး လက်ရှိစစ်ရေးလှုပ်ရှားမှုတွေဟာ အဆိုပါလမ်းကြောင်းကို ထိန်းချုပ်နိုင်ရေး ဦးတည်နေတယ်လို့ သုံးသပ်ပါတယ်။ ဒီအခြေအနေကြောင့် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း လမ်းကြောင်းတစ်ဝှိုက်မှာ ကြားဖြတ်တားဆီးမှုနဲ့ ခုခံတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပြီး ယနေ့မနက်ပိုင်းအထိ ၅ လမ်းဆုံအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရ စစ်ကြောင်းတွေဘက်က ရှေ့ဆက်တိုးလာတာ မတွေ့ရဘဲ ငအိုး–ရွှေကူလမ်းမကြီးတစ်လျှောက်နေရာတွေမှာ ခြေကုပ်ယူထားတဲ့ အနေအထားဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါ့အပြင် စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံပြည်သူတွေကိုလည်း လုံခြုံရေးကို ဦးစားပေးပြီး သက်ဆိုင်ရာထုတ်ပြန်ချက်တွေကို လိုက်နာဖို့နဲ့ လိုအပ်ပါက စစ်ရှောင်ပြင်ဆင်ထားဖို့ KIA ဘက်က တိုက်တွန်းထားပါတယ်။ “တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တဲ့အခြေအနေပါ။ ပြည်သူတွေက လုံခြုံရေးကို အရင်ဆုံးထားပြီး စဉ်းစားဖို့လိုပါတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ လက်ရှိအခြေအနေအရ ငအိုး–ရွှေကူဒေသတစ်ဝှိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်တင်းမာနေပြီး အချိန်မရွေး တိုက်ပွဲကျယ်ပြန့်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။ ရွှေကူမြို့နယ်တစ်ခုလုံးအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ဆက်လက်ထိန်းချုပ်ထားပြီး တော်လှန်ရေးအင်အားစုတွေကတော့ မြို့နယ်အတွင်း ကျေးရွာအချို့ကို စိုးမိုးထားနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ရွှေကူ–ငအိုး–ဗန်းမော်လမ်းကြောင်းဟာ ကချင်ပြည်နယ်အတွင်း စစ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ချိတ်ဆက်လမ်းကြောင်းတစ်ခုဖြစ်ပြီး လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဘက်က မြို့တွင်းကို ထိန်းချုပ်ထားသော်လည်း မြို့နယ်အတွင်း ကျေးရွာအချို့ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ By – အမိုး
Read More » -
5 Juneစစ်ရေး
တစ်လကျော်ကြာ ထိုးစစ်ဆင်နေပေမယ့် ရွှေကူမြို့ထဲ စစ်ကြောင်းမဝင်နိုင်သေး
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတစ်လျှောက်မှာ ဒီနေ့အထိ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စစ်ကြောင်းဟာလည်း ရွှေကူမြို့ထဲကို အခုချိန်ထိ ဝင်ရောက်နိုင်ခြင်း မရှိသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More » -
May- 2026 -18 Mayတိုက်ပွဲ
ရွှေကူမှာ တိုက်ပွဲဖြစ်နေ
ကချင်ပြည်နယ် ရွှေကူမြို့အထွက် ၅ လမ်းဆုံစခန်းကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် မေလ ၁၇ ရက်နေ့ မနေ့ကစလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More »