ရှမ်းပြည်

  • Nov- 2023 -
    29 November
    သတင်း

    ကွတ်ခိုင်မှာ စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ခိုမုန်းကျေးရွာမှာ စစ်တပ်သတင်းပေးဆိုသူတစ်ဦး ပစ်သတ်ခံရကြောင်း ခိုမုန်းဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်သတ်ခံရသူဟာ ခိုနမ့်ဖတ်ကာ ခလရ ၁၂၃ နဲ့ နမ့်ခိုင်စစ်တပ်စခန်းတွေကို ပုံမှန်သတင်းပေးနေတဲ့ ဓါတ်ဆီဆိုင်ပိုင်ရှင်အမျိုးသား တစ်ဦး နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်သတ်သွားတာဖြစ်…

    Read More »
  • 28 November
    သတင်း

    လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ  သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။ “စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက…

    Read More »
  • 20 November
    သတင်း

    နမ့်ဆန်မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦးသေဆုံး၊ နေအိမ် ၂၅ လုံး ထိခိုက်ပျက်ဆီး

     ရှမ်းပြည်မြောက်ပိုင်း တ​အောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့သစ်ကြီးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် သားအဖနှစ်ယောက် သေဆုံးခဲ့ပြီးတော့ နောက်ထပ်အရပ်သား၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂၅ လုံးထိခိုက်ပျက်ဆီး ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မနေ့ည ညပိုင်း ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီကဂျက် လေယာဥ်တစ်စီးနဲ့ ပေါင် ၅၀၀ လောက်ရှိတဲ့ ဗုံးအသုံးပြုပြီးဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းကတာဝန်ရှိသူတစ်ယောက်က အခုလို ပြောပါတယ်။ “ဂျက်လေယာဥ်နဲ့လာချတာ ကျမတို့သိသလောက်ဆိုရင်…

    Read More »
  • Oct- 2023 -
    31 October
    သတင်း

    မန်တုံမြို့နယ်က ရှေ့တန်းစခန်းကို KIA ဘက်ကတိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက်၊ မန်တုံမြို့နယ်၊ မိုင်းမော် (မန်ဟိုင်း) ရွာမှာတပ်စွဲတဲ့  စစ်ကောင်စီရဲ့ အချက်အချာကျ ရှေ့တန်းစခန်းကြီးကို KIA တပ်မဟာ ၄  တပ်ရင်း ၈ တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၂၉ ရက် မနက်ကစပြီး မန်ဟိုင်း စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၈ တပ်ဖွဲ့က နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီမခွဲခင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာ KNG ကို ပြောပါတယ်။ “စစ်တပ်ရဲ့ ရှေ့တန်း စခန်းကြီးဖြစ်တယ်။ တပ်ရင်း ၈ တပ်ဖွဲ့တွေ ၂ ရက်ကြာလောက် တိုက်ခိုက်လိုက်ရတာပေါ့။ မနေ့ည ၆ နာရီမခွဲခင် သိမ်းလိုက်နိုင်တာပေါ့။ ရိက္ခာအစားသောက်တွေ အမြောက်အများ သိမ်းယူနိုင်တယ်၊ လက်နက်ကြီး လက်နက်ငယ် အမြောက်အများလည်း သိမ်းပိုက်နိုင်တယ်ပြောတယ်”လို့ရှေ့တန်းသတင်းရင်းမြစ် ဖြစ်သူ မန်တုံဒေသခံတစ် ဦးက ပြောပါတယ်။ သိမ်းပိုက်လိုက်တဲ့ စခန်းကနေ လက်နက်ရိက္ခာပစ္စည်း အမြောက်အများသိမ်းယူရရှိထားပြီး စစ်တုံ့ပန်း ၃ ယောက်ခန့်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ တပ်စခန်းကြီးဟာ မန်တုံမြို့အခြေစိုက် ခလရ ၃၂၄ အောက် မိုင်းမော်(ခေါ် ) မန်ဟိုင်းရွာတောင်ကုန်းက ရှေ့တန်းစခန်းကြီး ဖြစ်ပြီး နှစ် ၄၀ ခန့် ကြာပြီဖြစ်တဲ့ တပ်စခန်းဖြစ်သလို အင်အား ၇၀–၈၀ ပုံမှန်တပ်စွဲထားတဲ့ စခန်းကြီးတစ်ခုဖြစ်ကြောင်း ပြောပါတယ်။ “အဲ့ဒီစခန်းကျသွားတာ စစ်တပ်ဘက် တော်တော်ကြပ်သွားပြီ။ KIA ဘက်ကတော့ အရေးကြီးတဲ့ အောင်ပွဲပေါ့။ အဲ့ဒီ မိုင်းမော်…

    Read More »
  • 27 October
    သတင်း

    ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA ပြော

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး”မှာ ညီနောင်မဟာမိတ် ၃ဖွဲ့နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်းပါဝင်တိုက်ခိုက်နေတယ်လို့ သိရပြီး ဘုံရန်သူတူရင် ဘယ်ဒေသမှာမဆို တိုက်ပွဲဖော်ဆောင်သွားမယ်လို့ BPLA က KNG…

    Read More »
  • 23 October
    သတင်း

    မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီရုပ်အလောင်း ၃ လောင်းဟာ သားအဖတော်စပ်သူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါ…

    Read More »
Back to top button