လမ်းပိုင်းပျက်စီး
-
Jul- 2026 -17 Julyသတင်း
မိုင်ဂျာယန်လမ်းပိုင်းပျက်စီးနေမှုကြောင့် ဒေသခံနဲ့ ကုန်သည်တွေသွားလာရေးခက်ခဲနေ
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မန်ဝိန်းကြီး–မိုင်ဂျာယန်လမ်းပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရွံ့ဗွက်ထူပြီး လမ်းပျက်စီးနေတာကြောင့် ခရီးသွားပြည်သူတွေနဲ့ ကုန်စိမ်းရောင်းဝယ်သူတွေ သွားလာရေးအခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Read More » -
17 Julyသတင်း
တောင်ပြိုမှုကြောင့် ဆဒုံး–ကန်ပိုင်တီလမ်း ခရီးသွားလာလို့မရသေးဟုဆို
ကချင်ပြည်နယ် ဝိုင်းမော်–ဆဒုံး–ကန်ပိုင်တီလမ်းမှာ တောင်ပြိုမှုတွေကြောင့် လမ်းပိတ်နေပြီး ခရီးသွားလာလို့ မရသေးဘူးလို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောပါတယ်။
Read More » -
9 Julyသတင်း
မြေပြိုမှုကြောင့် လမ်းပိုင်းတစ်ချို့နဲ့ နေအိမ်များပျက်စီးမှုရှိနေ
ကချင်ပြည်နယ်််အတွင်း ဒီရက်ပိုင်းမိုးသည်ထန်စွာရွာသွန်းနေတဲ့တွက် မြေပြိုမှုတွေဆက်တိုက်ဖြစ်နေပါတယ််။
Read More » -
Jun- 2026 -20 Juneသတင်း
မိုးအဆက်မပြတ်ရွာလို့ လူနေအိမ်တစ်ချို့ရေနစ်မြှုပ်ပြီး လမ်းပိုင်းပျက်စီး
ဖားကန့်မြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့မှာ ရေဝင်ရောက်ပြီး လူနေအိမ်တွေ နစ်မြှုပ်သွားခဲ့သလို နန့်တိန့် ကားလမ်းပိုင်းလည်း သွားလာလို့မရအောင် ဆိုးရွားစွာပျက်စီးနေတယ်လို့ သိရပါတယ်။
Read More » -
3 Juneသတင်း
ပူတာအို–ခေါင်လန်ဖူးလမ်း သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း တစ်နေရာမှာ သစ်ပင်အိုကြီးတစ်ပင် လှဲကျပြီး သစ်ပင်ပိမိခဲ့ရာကနေ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More » -
Apr- 2026 -20 Aprilသတင်း
ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း အမြန်ပြုပြင်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသရှိ ရီဒမ်းမှ ခေါင်လန်ဖူးမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ချောလမ်းဟာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပြိုကျပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာအာဏာာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
Read More » -
Nov- 2025 -28 Novemberသတင်း
ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီးနေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ
ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့…
Read More » -
Jul- 2025 -3 Julyသတင်း
မဆွန်စွပ်ရွာအနီး မြေပြိုလို့ ပူတာအို – မြစ်ကြီးနားလမ်းပိုင်း ကုန်ကားကြီးတွေပိတ်မိနေ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုကားလမ်းပိုင်းရှိ မဆွန်စွပ်ကျေးရွာအနီးမှား ကားလမ်းမြေပြိုနေတာကြောင့်ကုန်ကားကြီးတွေ သွားလာလို့မရ ပိတ်မိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို–မြစ်ကြီးနားကား လမ်းပိုင်းမှာမြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပြီး မဆွန်စွပ်ကျေးရွာအနီးမှာ ဆိုးဆိုးဝါးဝါးမြေပြိုသွားတာဖြစ်တယ်လို့ ကားသမားတစ်ဦး KNGကိုပြောပါတယ်။ “လမ်းက ကျဥ်းကျဥ်းလေးပဲကျန်တော့ မိုးဆက်ရွာလို့ထပ်ပြိုရင်တော့…
Read More » -
Jun- 2025 -24 Juneသတင်း
နောင်မွန် – ပူတာအိုလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်စီးနေပြီး ညအိပ်ခရီးဖြင့်သွားလာနေရ
ကချင်ပြည်နယ်အထက်ပိုင်း နောင်မွန် – ပူတာအိုကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့အတွက် ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြို့ခံတွေဆီကနေ သိရပါတယ်။ ဇွန်လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်–ပူတာအိုကားလမ်းပိုင်း ဆိုးဆိုးဝါးဝါးပျက်ဆီးနေပြီး လက်ရှိချိန်ထိပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ညအိပ်ခရီးဖြင့်သွားလာနေရတယ်လို့ နောင်မွန်မြိုအခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ကုန်ကားကြီးတွေတော့လာလို့မရဘူး ဖောဝီး(Four-Wheel ) ကားတွေပဲလာတယ်။ လမ်းမှာ တစ်ည၊နှစ်ညအိပ်ရတယ် မိုးအရမ်းရွာတဲ့နေ့တွေဆို နှစ်ညလောက်အိပ်မှပဲဒီကိုရောက်တာ”လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တစ်လနီးပါးကြာမိုးရွာသွန်းမှုကြောင့် ပူတာအို– နောင်မွန်လမ်းပိုင်းရှိ နောင်မွန်နဲ့ မဂွေဇကြား လမ်းပြိုတာ၊ တံတားကျိုးတာတွေ ဖြစ်ပေါ်နေပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ နောင်မွန် – ပူတာအိုကားလမ်းပိုင်းမှာမောင်းနှင်နေတဲ့ကားသမားတစ်ဦး KNG ကိုပြောပါတယ်။ “မဂွေဇဟိုဘက်ကပိုဆိုးတာပေါ့။ ဒီခြမ်းကအဲ့လောက်မဟုတ်ဘူး လမ်းကတစ်လမ်းလုံးလိုပဲပြိုထားတယ် တချို့နေရာက ဘတ်ဖိုးတွေနဲ့ဆွဲတင်ရတယ်ကားကို လူနဲ့တွန်းရတဲ့နေရာရှိတယ် အဖွဲ့တွေရှိတယ် ပိုက်ဆံပေးရတယ် ဘတ်ဖိုးသမားတွေကို”လို့ ပြောပါတယ်။ နောင်မွန်–ပူတာအိုကားလမ်းပိုင်းဟာ ပုံမှန်အားဖြင့်ကား၊ဆိုင်ကယ်နဲ့တစ်ရက်ခရီးသာဖြစ်ပေမယ့် လက်ရှိမှာတော့လမ်းပိုင်းပျက်စီးမှုကြောင့် တစ်ညကနေ နှစ်ညအထ်ိညအိပ်ရတယ်လို့သိရပါတယ်။ အခုလိုလမ်းပိုင်းပျက်းစီးပြီးခက်ခက်ခဲခဲသွားလာနေရတာကြောင့် ကားခတွေလည်း ယခင်ကထက်မြင့်တက်လာပြီး အတက်ခရီးသည် တစ်ဦးကိုကျပ် ၉၀၀၀၀( ကိုးသောင်း) အဆင်းခရီးသည်တစ်ဦးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) အထိရှိတယ်လို့သိရပါတယ်။ အလားတူ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နည်းနေတဲ့အတွက် ကုန်စျေးတက်တာ ၊ကုန်စည်ပြတ်လပ်တာမျိုးတွေလည်းကြုံတွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “ကြက်ဥကတော့တစ်လုံးတစ်ထောင် ရှားတယ် မရှိသလောက်ပဲ။ ခရမ်းချဥ်သီးကတော့ တစ်ပိဿကို တစ်သောင်းခွဲ ဟိုတလော တစ်သောင်းပဲတန်ဆာခအရမ်းတက်တယ် လမ်းမှာလည်းကားဆွဲခတွေပေးရတော့ ဘာမဆိုစျေးတက်နေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိပျက်စီးနေတဲ့ နောင်မွန်–ပူတာအိုလမ်းပိုင်းဟာလည်း တချို့နေရာတွေ ဆိုးဆိုးဝါးဝါးမြေပြိုထားတာကြောင့် လမ်းပိုင်းပြန်ကောင်မွန်ဖို့ အချိန်တစ်လနီးပါးလောက်ကြာမြင့်နိုင်ကြောင်းသိရပါတယ်။ နောင်မွန်–ပူတာအိုလမ်းပိုင်းနဲ့ အလားတူ နောင်မွန်မြို့နယ်ထဲက ပန်နန်းဒင်မြို့အဝင်တံတား၊ တဆူထုတံတား၊ ဂဝိုင်တံတား၊မရီမိုင်းတံတားအပါတံတားကြီး ခြောက်စင်းအထိ ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေကြိုးတံတားမရှိပဲ ခက်ခက်ခဲခဲသွားလာနေရတယ်လို့ သိရပါတယ်။ “ပန်နန်းဒင်တံတားလည်းမပြီးသေးဘူးဟိုဘက်လည်းတစ်စင်းမှမဆောက်သေးဘူးမိုးကရွာတုန်းဆိုတော့ အခုကတံတားမရှိတော့ ကြိုးတစ်ချောင်းကိုချောင်းဟိုဘက်ကမ်းဒီဘက်ကမ်းသွယ်တန်းပြီးတော့အဲ့ကြိုးမှာထိုင်ခုံချည်ပြီးစွန့်စွန့်စားစားသွားနေရတယ်”လို့ နောက်ထပ်နောင်မွန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ နောင်မွန်မြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိတာဖြစ်ပြီး လမ်းပိုင်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်တာကြောင့် နှစ်စဥ်မိုးရာသီကာလမှာ လမ်းပိုင်းမြေပြိုတာတွေခကြာခနကြုံတွေ့လျက်ရှိကြောင်းသိရပါတယ်။ By…
Read More » -
17 Juneသတင်း
မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။ မန္တလေး – မြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ…
Read More »