လေကြောင်း
-
Mar- 2025 -31 Marchသတင်း
နိုင်ငံတဝန်း ငလျင်ဘေးသင့်ချိန် ကချင်မှာ စစ်တပ်ကလေကြောင်းအပြင် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေ
နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန် ကချင်ဒေသထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အပါ မြို့တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်တွေရပ်ဖို့ တရားဝင်ပြောဆိုတာတွေမရှိပေမယ့်…
Read More » -
19 Marchသတင်း
ကချင်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ ထုတ်ပြန်ပါတယ်။ ဒီသေဆုံးမှုစာရင်းတွေဟာ ဖေဖော်ဝါရီလအတွင်း မိုးမောက်နဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဖြစ်တယ်လို့ KHRW က မတ်လ…
Read More » -
19 Marchသတင်း
စင်းခန်းနဲ့ ခူးလီကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၇ ဦးသေဆုံး
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနဲ့ ခူးလီ ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့်ထိခိုက် သေဆုံးမှုရှိခဲ့ပါတယ်။ KIA ရဲ့ သိမ်းပိုက်နယ်မြေဖြစ်တဲ့ စင်းခန်းနဲ့ ခူးလီကျေးရွာ စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်နေ့ မနက်ပိုင်း ၁၂ နာရီနဲ့ ၁ နာရီဝန်းကျင်ကြား တပြိုင်နက်ထဲဗုံးကြဲတိုက်ခိုက်သွား တာကြောင့် စင်းခန်းကျေးရွာက ၆ ဦးသေဆုံးပြီး ခူလီကျေးရွာကအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မနက်အစောပိုင်း ခူးလီကျေးရွာကို ဗုံးကြဲသွားပြီးနောက် စင်းခန်းကျေးရွာကို ဗုံးကြဲသွားတာကြောင့် ကျေးရွာ နှစ်ခုက အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စင်းခန်းဒေသခံနဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်းကျတယ်။ အဲ့မှာက အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦး ဆုံးသွားတယ်။”လို့ပြောပါတယ်။ စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ KIA တပ်သားနှစ်ဦးဖြစ်တဲ့ ဒရှီလဆိုင်း၊ အင်ခွမ်ဆွတ်ထွယ်ကွမ်လီ နဲ့ ဒေါ်ဝါဝါခိုင်၊ မိတွယ်တာဝင်း၊ အိုင်ကြောနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီ ကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူဆိုသူ စုစုပေါင်း ၇ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် ၇ ဦးသေဆုံးခဲ့တဲ့အပြင် အသက် ၅၃ နှစ်အရွယ် ဦးမောင်ထွန်း၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်လှ၊ အသက် ၇၀ အရွယ် ဒေါ်သန်းတင်၊ အသက် ၄၆ နှစ်အရွယ် ဦးဖုန်စတဲ့ အရပ်သား ၄ ဦးနဲ့ KIA တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စင်းခန်းနဲ့ ခူးလီကျေးရွာတွေမှာ တိုက်ပွဲနယ်မြေဖြစ်တဲ့ ဗန်းမော်မြို့နယ်ထဲကကျေးရွာဖြစ်ပေမယ့် အဲဒီကျေးရွာတွေ မှာ ပြီးခဲ့တဲ့ ၂၀၂၄ မတ်လတွင်း KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲမရှိတောတဲ့ နေရာတွေဒေသဖြစ်ပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။ “စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ မြစ်ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက် တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာလည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲမြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်းဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်းဖြစ်နိုင်ပါတယ်”လို့ပြောပါတယ်။ လေယာဉ်ဗုံးကြဲခံရတဲ့ စင်းခန်းကျေးရွာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာလည်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စင်းခန်းကျေးရွာဟာ ဗန်းမော်မြို့ရဲ့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာမှာရှိပြီးတော့ ဒူးလီကျေးရွာက ဒေါ့ဖုန်းယန်ကျေးရွာအနီး အနောက်ဘက်ခြမ်းမှာရှိတဲ့ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။…
Read More » -
Feb- 2025 -25 Februaryသတင်း
ကသာမြို့နယ်က လေကြောင်းတိုက်ခိုက်ခံရမှုမှာ နေအိမ် ၃ လုံးပျက်ဆီးပြီး အရပ်သား ၃ ဦးထိခိုက်
စစ်ကိုင်း–ကချင်အစပ် ကသာမြို့နယ်က ကာကွယ်ရေးတပ်တွေရဲ့ နောက်တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နေအိမ် ၃ လုံးပျက်ဆီးကာ အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃ ဦးဟာ ကာကွယ်ရေးတပ်ဖွဲ့ နောက်တန်းစခန်းအနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒဏ်ရာကတော့ မစိုးရိမ်ရဘူးလို့…
Read More » -
20 Februaryသတင်း
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှာ ကလေးအပါအဝင် အရပ်သားသေဆုံး ထိခိုက်မှု များပြား
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှာ စစ်ကောင်စီက လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အောက် ကလေးသူငယ် ၃ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေ ကနေ သိရပါတယ်။…
Read More » -
10 Februaryသတင်း
လန်ဆယ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်
ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ ထိခိုက်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား တွေနေထိုင်တဲ့ ဘက်ကို တိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက…
Read More » -
6 Februaryသတင်း
ကချင်မှာ အာဏာသိမ်း လေးနှစ်တာအတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦး ခန့်အထိ ရှိခဲ့
စစ်တပ် အာဏာသိမ်းကာလ လေးနှစ်အတွင်း ကချင်ဒေသမှာ စစ်တပ်ရဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့ လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ Myanmar Pace…
Read More » -
Jan- 2025 -31 Januaryသတင်း
အင်းတော် မြို့သိမ်းတိုက်ပွဲ ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိ
စစ်ကိုင်း–ကချင်အစပ်၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ကာကင်းစခန်း ၂ ခုကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူသုံးပြီး ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့သူတွေလည်းပရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကပြောပါတယ်။ “မနေ့ကတော့ ရထားတဲ့ ကာကုန်း၂ခုကို…
Read More » -
21 Januaryသတင်း
စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၄၇၈ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးမှုဖြစ်စဥ်တွေဟာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် မတရား သတ်ဖြတ်တာ၊ မြေမြုပ်မိုင်း၊…
Read More » -
6 Januaryသတင်း
ကချင်မှာ တစ်နှစ်တာအတွင်း အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကို KHRW ထုတ်ပြန်
ကချင်ပြည်နယ်တစ်ခုလုံး ၂၀၂၄ တစ်နှစ်တာ ပဋိပက္ခအတွင်း အရပ်သားသေဆုံးသူ ၁၄၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၆၇ ဦး နဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၁၉ ဦး ရှိတယ်လို့ Kachin Human Rights Watch-KHRW အဖွဲ့က ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ထိခိုက်သေဆုံးမှု ဖြစ်စဉ်တွေမှာ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊…
Read More »









