ABSDF
-
Oct- 2024 -24 Octoberသတင်း
အင်းတော်မြို့နယ် စစ်ဘေးရှောင်တွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေ
စစ်ကိုင်းဒေသကြီး၊ အင်းတော်မြို့အနီးဝန်းကျင် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ အင်းတော် PDF၊ ABSDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ အင်းတော်မြို့ပေါ်အထိရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ဘေးရှောင်နေရတဲ့ အင်းတော်မြို့ခံပြည်သူ၊ မြို့နဲ့ နီးတဲ့ကျေးရွာတွေထဲက စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့စားနပ်ရိက္ခာအကူအညီလိုအပ်နေတယ်လို့ အင်းတော်မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “အခုကနှစ်လကျော်ပြီစစ်ရှောင်နေတာ တစ်လလောက်အထိကတော့မသိသာဘူး ခက်ခဲမှန်း ကြာလာတော့ တစ်နေ့တစ်နေ့ ဘာစားလို့ဘာသောက်ရမှန်းမသိဖြစ်နေကြတာ။ ရွာတွေကလည်းဒီလောက်အကြာပြီးမကျွေးနိုင်ဘူးလေ တစ်ချို့ လူငါးယောက်လောက်ကိုနို့ဆီဗူးနှစ်ဗူးသုံးဗူးလျော့စားနေရတယ်။ တချို့ဆန်ပြုတ်သောက်ရတဲ့ဘဝရောက်နေကြပြီဗျ။ ကျန်တာမထောက်ပံတောင်ဆန်လေးတော့တတ်နိုင်တဲ့လူဝင်ပြီးကူညီကြပါရှင့်”လို့ အသက် ၄၀ ကျော်အရွယ်အင်းတော်မြို့ခံစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။ လတ်တလော စစ်ရှောင်နေတဲ့ စစ်ဘေးရှောင်နေတဲ့ ကျေးရွာတွေဟာ နားနောင်၊ ကျော်ရွာ၊ နားသဲ၊နဘား၊ နန့်ကင်စတဲ့ရွာပေါင်း ၂၀ ကျော်ဝန်းကျင် ပြည်သူ သောင်းဂဏန်း မော်တိတ်ဒေသ အောင်းကုန်း၊နန့်သာ၊ အင်ပင်စတဲ့ကျေးရွာတွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေဟာ ခက်ခက်ခဲခဲနဲ့စစ်ရှောင်နေကြပြီး စက်တင်ဘာလစလို့ ရာသီတုပ်ကွေးဖျားနာသူတွေများလာတာကြောင့် ဆေးဝါးအကူအညီတွေလည်း အရေးပေါလိုအပ်နေတယ်လို့ အင်းတော်မြို့ဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။ “အားလုံးနီးပါးကမော်တိတ်ဒေသထဲ ရှောင်နေကြတာပဲ ဒီချိန်မော်တိတ်ဒေသကအေးနေပြီရာသီကူးရောင်းဆိုတော့ ဖျားတဲ့လူဖျား နှာစေးချောင်းဆိုးကတော့ကလေးလူကြီးအားလုံးဖြစ်နေကြတာ ဆေးကပါရာတောင်မရနိုင်ဘူး ဒီကသမားတော်တွေပေးတဲ့သစ်ဥသစ်ဖုတွေပြုတ်သောက်နေရတာပါ့”လို့ ပြောပါတယ်။ အင်းတော်မြို့နယ်ထဲဆေးဝါးသယ်ယူမယ်ဆိုခွင့်ကို အင်းတော်မြို့အဝင် စစ်ကောင်စီဂိတ်တွေ ခွင့်ပြုချက်ပြရမှသာ သယ်ခွင့်ရနေတာဖြစ်လို့ အင်းတော်နယ်ထဲဆေးဝါးသယ်ယူဖို့ခက်ခဲနေပြီး ဝယ်ယူဖို့လည်းခက်နေတယ်လို့ သိရပါတယ်။ အင်းတော်မြို့ကို စစ်ကောင်စီတပ်ကထိန်းထားဆဲဖြစ်တဲ့အတွက် မြို့ခံတွေနဲ့ ကျေးရွာနေပြည်သူတွေ ရွာထဲ စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဝင်ရောက်သယ်ယူဖို့ ခက်ခဲနေတာကြောင့် အကူအညီများစွာလိုအပ်နေတာလို့ ဆိုပါတယ်။ အင်းတော်မြို့ ရဲစခန်းကို ပြီးခဲ့တဲ့သြဂုတ်လက တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်သိမ်းထားပြီး လက်ရှိ အင်းတော်မြို့တွင်းအထိုင်တပ်စစ်တပ်ကုန်းတစ်ခုနဲ့မြို့နီး ဂျပန်လှိုင်ဂူသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ အင်းတော်မြို့နယ်ဟာ ကချင်နဲ့စစ်ကိုင်းအစပ်မှာရှိပြီး မြစ်ကြီးနား– မန္တလေးပြည်ထောင်စုလမ်းမပေါ်ရှိကာ စစ်ရေးအရ အချက်ချာကျတဲ့မြို့နယ်ဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Nov- 2023 -22 Novemberသတင်း
အင်းတော်မှာ ရွာသားတွေကိုအကာကွယ်ယူပြီး တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ABSDF သွားရောက်တိုက်ခိုက်
စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်သာကျေးရွာ ဘုန်းကြီးကျောင်းတွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကျောင်းသားတပ်မတော် ABSDF ဒီမနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ နန့်သာကျေးရွာထဲမှာ ဒီနှစ်မတ်လကတည်း ဝင်ရောက်တပ်စွဲနေတဲ့ တပ်မ ၇၇ လက်အောက် စစ်အင်အား ၃၀ ကျော်ကို နိုဝင်ဘာ…
Read More » -
May- 2023 -22 Mayတိုက်ပွဲ
အင်းတော်တွင် ABSDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့
ကသာခရိုင် အင်းတော်မြို့နယ် မှော်တိတ်ဒေသတွင် ကျောင်းသားတပ်မတော် ABSDF နှင့် စစ်ကာင်စီတပ်တို့ကြား ယနေ့ နံနက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ တပ်မ ၈၈ နှင့် တပ်မ ၇၇ ပူးပေါင်းတပ် အင်အား ၁၀၀ ကျော်ပါဝင်သော စစ်ကြောင်းသည် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် အင်းတော်မှ ဗန်းမောက်ဘက်သို့ ဝင်ရောက်လာစဥ်…
Read More » -
Jan- 2023 -20 Januaryတိုက်ပွဲ
မိုးတားလေးတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတစ်ဦးကျဆုံးသဖြင့် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထပ်မံပစ်ခတ်နေ
စစ်ကိုင်း–ကချင်အစပ် မိုးတားလေးတိုက်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ABSDF၊ KPDF ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာနေဆဲဖြစ်ကာ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗျူဟာမှူးတစ်ဦးကျဆုံးပြီး လက်ရှိချိန်တွင်လည်း ဂျက်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်နေကြောင်း KPDF ရှေ့တန်းသတင်းရင်းမြစ်မှ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှစကာ ကသာ၊ ချောင်းဝကျေးရွာမှ…
Read More » -
Sep- 2022 -21 Septemberသတင်း
အင်းတော် ၂ ရက်တိုက်ပွဲအပြီး စစ်ကောင်စီ အလောင်း ၁၀ လောင်းရှာတွေ့ဟု ပြည်သူ့ ကာကွယ်ရေးတပ် ပြောဆို
အင်းတော်မြို့နယ်တွင် နှစ်ရက်ကြာတိုက်ပွဲအပြီး စစ်သား အလောင်း ၁၀ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောသည်။ အင်း ၇၀ ခန့်ဖြင့် အင်းတော်မြို့တွင်းမှ နန်းမကျိုင်းရွာဘက်သို့ ဝင်ရောက်လာသော ခမရ ၃၀၁ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF နှင့် ABSDF ပူးပေါင်းတပ်တို့မှ နန်းမကျိုုင်း ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ တစ်ကြိမ်၊ စက်တင်ဘာ ၁၉ ရက်နေ့ တစ်ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်မှ…
Read More » -
May- 2022 -2 Mayသတင်း
စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ ၁၀ ဦးထက်မနည်း သေဆုံး
ကသာမြို့နယ် မင်္ဂလာသုခရွာတွင် ယနေ့ နံနက် ၇ နာရီ ဝန်းကျင်မှစကာ စစ်ကောင်စီတပ် နှင့် ABSDF ၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် မှ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း…
Read More » -
Jan- 2022 -22 Januaryသတင်း
ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း ကသာမြို့နယ် နတ်လိုင်ကျေးရွာအနီး ABSDF နဲ့ စစ်ကောင်စီတို့ ယနေ့နံနက် ၇နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသရင်းမြစ် တာဝန်ရှိသူများများထံမှ သိရသည်။ ” နတ်လိုင်ရွာက အထွက်ကို မနေ့ညကတည်းကစောင့်နေတာ ဒီမနက်တော့ သူတို့လည်း သေနတ်ဖောက်ပြီး ရွာအထွက်…
Read More »