KIO ထိန်းချုပ်ရာနယ်မြေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသူတွေကို ပြန်ဖြေဆိုခွင့်ပြုမည်

ကချင်လွတ်လပ်ရေးအစိုးရ KIO ထိန်းချုပ်နယ်မြေ အထက်တန်းကျောင်းတွေမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်သူ ၆၀ရာခိုင်နှုန်းကျော်ထိရှိတယ်လို့ KIO ပညာရေးဌာနကနေ ထုတ်ပြန်ထားပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကိုတော့  မေလ ၁ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပြီး ဆယ်တန်းဖြေဆိုသူ စုစုပေါင်း ၃၁၂၆ ဦးထဲက ၁၈၉၃ ဦးဖြေဆိုအောင်မြင်ကာ ၁၂၃၃ ဦး ဖြေဆိုမှုကျရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဆယ်တန်းဖြေဆိုမှုကျရှုံးထားတဲ့သူတွေကို ဇွန်လ ၅ရက်နေ့မှာ ပြန်ဖြေဆိုဖို့ အခွင့်အရေးပေးမှာဖြစ်တယ်လို့ KIO ပညာရေးဌာနအတွင်းရေးမှူး ဆရာကြီးနော်ထွယ်က ခုလိုပြောပါတယ်။

၂၀၂၂၂၃ ပညာသင်နှစ်ရဲ့ ဆယ်တန်းစနစ်ဟောင်းကနောက်ဆုံးဟုတ်ပြီ နောက်နှစ်၂၀၂၄၂၅ပညာသင်နှစ်မှာတော့ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ ကျတဲ့သူတွေကို ကျတဲ့ ဘာသာကိုဘဲ ပြန်ဖြေဖို့ အခွင့်အရေးပေးတာ ဟုတ်တယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးထားသူတွေကို ဘာသာရပ်အားလုံးဖြေဆိုခိုင်းမှာမဟုတ်ဘဲ ကျရှုံးထားတဲ့ဘာသာရပ်တွေကိုသာ အဓိကဖြေခိုင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စာမေးပွဲ ဖြေဆိုမှုမှာကျရှုံးထားသူတွေအနေနဲ့ ပြန်ဖြေဆိုမယ်ဆိုပါက မိမိဖြေဆိုခဲ့တဲ့ကျောင်း ဒါမှမဟုတ် နီးစပ်ရာကျောင်းတွေမှာ ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။

ခုလိုပြန်ပြီး အခွင့်အရေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ လာမယ့် ၂၀၂၄၂၅ပညာသင်နှစ်ကနေစပြီးတော့ စနစ်သစ် ၁၁ တန်းနဲ့ ၁၂ တန်းကို စတင်သင်ကြားရတော့မှာ ဖြစ်တဲ့အတွက် ဖြေဆိုခွင့်ပြုတာဖြစ်တယ် လို့ ဆရာကြီးနောထွယ်က ခုလိုဆက်ပြောပါတယ်။

သူတို့အတွက် အချိန်ကုန်မှာကိုလည်းစိုးရိမ်သလို သူတို့ကိုထောက်ပံ့ပေးနေရတဲ့ မိဘတွေအတွက်လည်း တွေးပြီးတော့ ကျွန်တော်တို့ အခုလိုဆုံးဖြတ်ရတာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

ဒါအပြင် KIO  အစိုးရကနေ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကတော့ Ngum la( အင်ဂွန်လ) Awng Lawt( အောင်လောဒ်) Mungmyit Sinli ရှမ်းမြောက်ဒေသ၊ Mungbaw( မှုန်းဘော်)  Mai Ja Yang (မိုင်ဂျာယန်) Laiza(လှိုင်ဇာ) Alen Bum(အလန့်ဘွမ်) စတဲ့ ဒေသတွေက ကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

KIO ပညာရေးဌာနရဲ့စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၂၂၀၂၃ ပညာသင်နှစ်မှာလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုတဲ့ကျောင်းသား၊သူ ၂၇၃၅ ဦးရှိခဲ့ပြီး ၁၄၃၇ ဦးအောင်မြင်ခဲ့ပါတယ်။

By – Hope

Show More
Back to top button