သတင်း

ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ KIO ဥက္ကဌပြော

၂၀၂၃ ခုနှစ်မှာ မပြီးပြတ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးအင်အားစုတွေ အတူတကွ တက်ညီလက်ညီ ခုခံတော်လှန်မှုကြောင့် ၂၀၂၄ ခုနှစ်မှာ ထူးခြားတဲ့ ပြောင်းလဲမှုဖြစ်လာနိုင်တယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဟာ ၂၀၂၃ ခုနှစ်အတွင်း အတိုင်းအတာတစ်ခုကျော်လွန်ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် လက်ရှိမှာ စစ်ကောင်စီတပ်က စစ်ရှုံးရှုံးနေပြီး ခံနိုင်ရည်ကုန်ခမ်းလာတဲ့ အခြေအနေမှာ ရောက်ရှိသွားပြီဖြစ်တယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့ KIO ဥက္ကဋ္ဌ ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ခံနိုင်စွမ်းမရှိတော့ဘူး။ စစ်ရှုံးရှုံးနေပြီလို့ မြင်နေရပြီ။ ဒီလိုအပြုအမူတွေကြောင့် ၂၀၂၄ မှာက ပြောင်းလဲမှုတစ်ခု ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်လို့ပြောပါတယ်။

 ၂၀၂၃ ခုနှစ်ထဲမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာဒေသအသီးသီးမှာ စခန်းသိမ်းတိုက်ပွဲတွေ စတင်ဆင်နွှဲခဲ့တာ ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်တွဲညီညီနဲ့ ဘုံရန်သူကို စစ်ရှိုန်မြင့်တင်သွားကြဖို့ မိန့်ခွန်းမှာ တိုက်တွန်းပြောဆိုထားပါတယ်။

KIO ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းထဲမှာ ၂၀၂၃ အောက်တိုဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO ထိန်းချုပ်နေရာ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုအများအပြားရှိခဲ့တဲ့အတွက် တစ်နိုင်ငံလုံးက စစ်ကောင်စီကို ပြစ်တင်ရှု့ချမှုတွေ ပြုလုပ်နေသလို ပြည်သူလူထုတွေလည်း မေ့ပျောက်မသွားကြဖို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ရှောင်ပြည်သူတွေကို သတ်ဖြတ်နေသလို မြန်မာတစ်နိုင်ငံမှာရှိတဲ့ ပြည်သူလူထုတွေကိုပါ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်နေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လူစိတ်မရှိတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button