ကချင်
-
Jun- 2025 -6 Juneသတင်း
ကချင်မှာတစ်လအတွင်း အရပ်သား ၃၈ ဦး သတ်ဖြတ်ခံရတယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ပြော
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုကို မတရားသတ်ဖြတ်ခြင်းနှင့်ဖမ်းဆီးခြင်းများကို ဆက်လက်ကျူးလွန်နေပြီး ပြီးခဲ့တဲ့မေလတစ်လအတွင်း အရပ်သား ၃၈ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ ကချင်လူ့အခွင့်ရေးစောင့်ကြည့်တဲ့အဖွဲ့ (KHRW )က ဇွန်လ ၂ ရက်နေ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲက အရပ်သား ၃၀ ဦးဟာ မေလ ၈ ရက်နေ့ ဗန်းမော်ြမို့ပေါ်ဘုန်းကြီးတစ်ခုမှာခိုလှုံနေတဲ့ ဒေသခံစစ်ရှောင်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေကယ်ထုတ်နေချိန် စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဥ်မှာသေဆုံးခဲ့ရတာလို့ KHRW ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် နောက်ထပ်သေဆုံးခဲ့ရတဲ့ဖြစ်စဥ်တွေကတော့ ဖားကန့်မြို့နယ် ဆိုင်းဖရာရွာ၊ လုံးခင်းရွာ နဲ့ မိုးညှင်းမြို့နယ် ဟဲပါရွာတို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးတဲ့ချိန်ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာတွေ့ရပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြောင့်ဘေးလွှတ်ရာကိုစွန့်ခွာရသူတွေလည်းများလာသလို နေစရာအခက်အခဲ အကြပ်အတည်းဖြစ်လာပေမယ့် နိုင်ငံတကာအကူညီတွေက ပိုလျော့နည်းလာတယ်လို့ KHRW ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါတယ်။ “အရပ်သားပြည်သူတွေထွက်ပြေးနေတဲ့နေရာတွေမှာနေဖို့နေရာ Shelter တွေကမရှိသလောက်ဖြစ်နေပြီ။ တော်တော် ခက်ခဲနေတဲ့အခြေနေပါ။ နောက်တစ်ခုကတော့ အခြေခံအစားအသောက်၊ နိုင်ငံတကာကနေလူသားချင်းစာနာမှုအကူညီလည်း မရှိသလောက်နည်းသွားပါပြီ”လို့ ကိုဂျေကော့ကဖြည့်စွက်ပါတယ်။…
Read More » -
May- 2025 -12 Mayသတင်း
ကချင်မှာ နှစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကြိမ်၂၀ ဖြစ်ပွား
ကချင်ပြည်နယ်မှာ စစ်ကောင်စီကနေပြီးတော့ နှစ်လအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၂၀ နှစ်ပြုလုပ်ခဲ့တယ်လို့ KHRW(Kachin Human Rights Watch) အဖွဲ့က KNGကိုပြောပါတယ်။ ဒီလူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ မတ်လနဲ့ ဧပြီလနှစ်လအတွင်း မြစ်ကြီးနားမြို့,၊ ဖားကန့်မြို့နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။…
Read More » -
Mar- 2025 -31 Marchသတင်း
နိုင်ငံတဝန်း ငလျင်ဘေးသင့်ချိန် ကချင်မှာ စစ်တပ်ကလေကြောင်းအပြင် မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေ
နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန် ကချင်ဒေသထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အပါ မြို့တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်တွေရပ်ဖို့ တရားဝင်ပြောဆိုတာတွေမရှိပေမယ့်…
Read More » -
30 Marchသတင်း
ငလျင်နောက်ဆက်တွဲ ကချင်၊ မန္တလေးနဲ့ စစ်ကိုင်း က တက္ကသိုလ်ဝင်တန်း အဖြေလွှာတွေ မီးထဲပါသွားတယ်လို့ စစ်ကောင်စီထုတ်ပြန်
စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲမှာ မန္တလေးတက္ကသိုလ်ပင်မဆောင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ်အပါအဝင် မန္တလေးနဲ့စစ်ကိုင်းကတက္ကသိုလ်ဝင်စာမေးပွဲအခြေလွှာအားလုံးမီးထဲပါ သွားတယ်လို့ စစ်ကောင်စီက မတ်လ ၂၉ ရက် မနေ့ညကဘဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများဖြစ်တဲ့ ကချင်ပြည်နယ်က ၈၆၉၉ ဦးရဲ့ ဖြေလွှာတွေအပါအဝင် မန္တလေးတိုင်း က…
Read More » -
19 Marchသတင်း
ကချင်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ ထုတ်ပြန်ပါတယ်။ ဒီသေဆုံးမှုစာရင်းတွေဟာ ဖေဖော်ဝါရီလအတွင်း မိုးမောက်နဲ့ ဖားကန့်မြို့နယ်မှာ စစ်ကောင်စီကနေပြီးတော့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေဖြစ်တယ်လို့ KHRW က မတ်လ…
Read More » -
Dec- 2024 -13 Decemberသတင်း
ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ
ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။ တရုတ်–ကချင်နယ်စပ်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်၊ ပန်ဝါမြို့နယ်စပ်ဂိတ်၊ ကံပိုင်တည်နယ်စပ်ဂိတ်၊ ဖီမော်နယ်စပ်ဂိတ် စတဲ့ဂိတ်…
Read More » -
Sep- 2024 -3 Septemberသတင်း
ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ ၂ ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး
Read More » -
Aug- 2024 -28 Augustသတင်း
နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်
နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။ “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…
Read More » -
26 Augustသတင်း
အင်းတော်မြို့သိမ်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်နေ
“လေယာဥ်ကတော့မနက်တိုင်း၊နေ့တိုင်းကြဲ ညကိုလဲလာကြဲတယ်။ပြီးရင်လေထီးနဲ့အထုပ်တွေချ နေ့တိုင်းပဲ။ လက်နက်ကြီးတွေဟောင်ဝစ်ဇာတွေနဲ့ကတော့ အထိုင်တပ်ဂျပန်လှိုဏ်ဂူကနေပစ်တာပေါ့။ လေယာဥ်က တော့ နေ့တိုင်းပေါ့ ဒီမနက်လည်းကြဲပြီးသွားပြီ” လို့ပြောပါတယ်။
Read More » -
26 Augustသတင်း
စစ်ကိုင်း- ကချင်အစပ်ကားလမ်းမကြီးပိတ်ထားတဲ့ ကချင်ပြည်နယ် ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေဆဲ
ကချင်– စစ်ကိုင်းအစပ်ဒေသတစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ကားလမ်းပိုင်းသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်ကားအဝင်မရှိတော့တဲ့ ကချင်ပြည်နယ်မှာ ကုန်စျေးနှုန်းတွေ တစ်ရက်ထက် တစ်ရက်ပိုမြင့်တက်လာနေတယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၂၂ ရက်နေ့ကစပြီး ကချင်– စစ်ကိုင်းအစပ်ဖြစ်တဲ့ ကသာခရိုင် အင်းတော်– ထီးချိုင့်– ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အင်းတော်လမ်းပိုင်း သွားလာခွင့် နှစ်ဖက်လက်နက်ကိုင်တပ်က ပိတ်ထားတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေကပြောပါတယ်။ ဒါကြောင့် ကချင်ပြည်နယ်အတွင်းသို့ အခြေခံစားသောက်ကုန်တွေတင်သွင်းတဲ့ အဓိကလမ်းမကြီးပိတ်ထားတာကြောင့် ကုန်ကားတွေအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှုန်းတွေ တစ်ရက်ကို ပျှမ်းမျှ ၅၀၀ နှုန်းနဲ့စျေးတက်နေတယ်လို့ ကချင်ပြည်တွင်းနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦးရေ ၁ သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်အတွင်း မြို့ ၃ မြို့ရဲ့ အခြေံစားသောက်ကုန်စျေးနှုန်းတွေကို စုစည်းထားပါတယ်။ မြစ်ကြီးနားမြို့ အခြေခံကုန်ဈေးနှုန်း ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လက်ရှိကုန်ဈေးနှုန်းတွေဟာ နေ့တိုင်း ကျပ်ငါးရာ နဲ့ တစ်ထောင်ဝန်းကျင်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေကပြောပါတယ်။ “တစ်ရက်ကို ၅၀၀လောက်ဈေးတက်နေတော့ ကျွန်မတို့လို ဈေးဝယ်ရောင်းတဲ့သူတွေအတွက်ကတော့ အရင်းရှုံးသွားတာပေါ့။ ဥပမာ ခါတိုင်း နှစ်သိန်းလောက်ဘဲ ရောင်းတာကနေ နှစ်ဆလောက် လေးသိန်းလောက်လောက်ထိရောင်းနိုင်မှ အဆင်ပြေတယ်“လို့ ဈေးဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ထဲကို အခြေခံစားသောက်ကုန်ဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ၃ ကြောင်းရှိပါတယ်။ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်း၊ ဗန်းမော်– လွယ်ဂျယ်လမ်း၊ ဗန်းမော်– မန္တလေး ရေကြောင်းလမ်းရှိပါတယ်။ သို့သော် လက်ရှိ ဗန်းမော်– မန္တလေးကုန်ကြောင်းလမ်းဟာ တိုက်ပွဲကြောင့် ပိတ်ထားသလို ဗန်းမော်– လွယ်ဂျယ်လမ်းကလည်း စစ်ရေးအခြေနေကြောင့် သွားလာရခက်ခဲနေပြီး ဗန်းမော်– မန္တလေးရေကြောင်းလမ်းဟာ အာဏာသိမ်းပြီးနောက် ကုန်သင်္ဘောဝင်ရောက်ခြင်းမရှိတော့ပေ။ ဩဂုတ်လ ၂၂ ရက်နေ့ ကချင်– စစ်ကိုင်းအစပ်မှာ တိုက်ပွဲမဖြစ်ခင် ဗန်းမော်မြို့ထဲ ကုန်ကားတွေအဝင်ရှိပေမယ့် လတ်တလော ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ကုန်ကားအဝင်မရှိတော့တဲ့အတွက် ကုန်စျေးနှန်းတွေမြင့်တက်နေတယ်လို့ ဗန်းမော်မြို့ ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မြို့ ကုန်စျေးနှုန်း ဖားကန့်ဒေသမှာ ဩဂုတ်လ တတိယအပတ်ကပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသသို့ သယ်ယူ၊ပို့ဆောင် ရောင်းချပေးတဲ့ ကုန်စိမ်းကားများ ရက်သတ္တပါတ်အတွင်း ဝင်ရောက်မှုမရှိတဲ့အတွက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ လုံးခင်းဈေးထဲမှာ ဈေးရောင်းချသူတစ်ဦး အခုလို ပြောပြပါတယ်။ “အခုက မိုးညှင်း၊ဟိုပင်က ကုန်ကားတွေတော့ ဝင်တယ်၊ အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်တော့ အဲ့ဒီဒေသက ကုန်ပစ္စည်းတွေပြတ်လပ်ပြီး ဈေးတက်ကုန်တာပေါ့” ဟု ဈေးရောင်းချသူတစ်ဦးက ပြောပါတယ်။ အလားတူပဲ ကွမ်းရွက်တစ်ပိသာဈေးမှာ ငွေကျပ် တစ်သိန်းနှုန်း ပေါက်ဈေးရှိနေပြီး၊ကွမ်းရွက်အဝင် မရှိလို့ ဈေးဆိုင်ပိတ်သိမ်းထားရတယ်လို့ ကွမ်းယာရောင်းချသူတစ်ဦးထံမှ သိရပါတယ်။ ခုလို အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ တက်နေပေမဲ့၊ဆန်နှင့်စားဆီကတော့ ဈေးနှုန်းမြင့်တက်လာမှု မရှိသေးကြောင်း လုံးခင်းဒေသမှာရှိတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဆန်၊ဆီနဲ့ သားငါးဈေးက အဲ့လောက်ထိ မတက်သေးဘူး၊အဓိကက အောက်ပိုင်း(မန္တလေး)က ကုန်ကားတွေ မဝင်လာတဲ့အတွက် ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်၊ကြက်ဥတို့က ဈေးတက်ကုန်တာ“လို့ လုံးခင်းဒေသခံ မရီရီ(အမည်လွှဲ)က ပြောပြပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ခံထားရတဲ့အတွက် အင်တာနက်အသုံးပြုခမှာ တစ်နာရီ တစ်သောင်း၊နှစ်သောင်း၊ သုံးသောင်းပေးပြီး အသုံးပြုနေကြရပါတယ်။ ဖားကန့်ဒေသဟာ ကချင်ပြည်နယ်အတွင်းရှိ ကုန်းတွင်းပိတ်ဒေသအဖြစ်တည်ရှိနေပြီး သယံဇာတ တူးဖော်မှု လုပ်ငန်းများအား အဓိကထားလုပ်ကိုင်နေရာ စိုက်ပျိုး၊မွေးမြူရေးလုပ်ငန်းများ အားနည်းသည့်အလျှောက် ကုန်ပစ္စည်း၊စားသောက်ကုန်များအား အောက်ပြည်၊အောက်ရွာ(မန္တလေး)နဲ့ ဒေသတွင်းမြို့များမှ တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။…
Read More »









