စစ်ကောင်စီ
-
Jun- 2024 -3 Juneသတင်း
ကသာမှာထိတွေ့မှုဖြစ်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရ ပါတယ်။ ကသာမြို့နယ်ရဲ့ ၃ မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။…
Read More » -
May- 2024 -24 Mayသတင်း
စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ် မြစ်ဆုံစီမံကိန်းကို စစ်ရေးထွက်ပေါက်အဖြစ်အသုံးပြုလာနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေဆို
စစ်ကောင်စီတပ်အနေနဲ့ ဆယ်စုနှစ်ကြာရပ်နားထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ ဖွဲ့စည်းကြောင်းထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကိုနိုင်ငံရေးအာရုံလွဲဖို့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးဖို့အကြောင်းရှာနေတာဖြစ်တယ်လို့ ကချင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းပြည်သူအားလုံးရဲ့ကန့်ကွက်မှုကြောင့် ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ထုတ်ပြန်ခဲ့တာ ခုဆိုရင် ၁၃ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်တပ်က မေလ ၁၇ ရက်နေ့မှာတော့ စီမံကိန်းစတင်ဖို့ ဦးဆောင်အဖွဲ့ဖွဲ့ပြီး မြစ်ဆုံရေကာတာတည်ဆောက်ရေးစီမံကိန်းကြီးကို တစ်ဖန်ပြန်ပြီးစတင်လာနေတာဘဲ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိ ကချင်ပြည်နယ်မှာ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအရှိန်မြင့်တက်နေပြီး စစ်တပ်ဘက်က စစ်ရေးမှာရှုံးပွဲမလှ ရှုံးနေတာကြောင့် ဒီမြစ်ဆုံစီမံကိန်းကြီးကိုအကြောင်းပြပြီး ပြည်သူတွေကို အာရုံလွှဲတာဖြစ်နိုင်သလို တစ်ဖက်မှာ တရုတ်ရဲ့အကူညီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အကြောင်းဖြစ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေပါတယ်။ ”စစ်ရှိန်ရနေခိုက် စစ်ကောင်စီဟာ ဧပြီလ ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းပြန်လည်စတင်ဖို့ ဦးဆောင်ကော်မတီ (၁၁)ဦးပါကို ဖွဲ့စည်းလိုက်တယ်။ KIA က မေလ (၄) နေ့မှာ စစ်ဆင်ရေးဒုတိယလှိုင်းကို ပြန်စတင်ခဲ့တယ်။ စခန်းကြီးစခန်းငယ်ပေါင်း တော်တော်များများ သိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီအခြေအနေမှာ စစ်ကောင်စီက မေလ (၁၇)ရက်နေ့မှာ မြစ်ဆုံစီမံကိန်းဦးဆောင်ကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တယ်။ ဒီအချက်ကို ကြည့်လိုက်ရင် တရုတ်ရဲ့ အကူအညီကို ယူပြီး စစ်ရှိန်ရပ်ဖို့ အလောတကြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဓိက စီမံကိန်းဧရိယာဖြစ်တဲ့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်တွေမှာ စစ်မဖြစ်ဖို့ နည်းလမ်းရှာဖွေတာများလားလို့ တွေးနေမိတယ်။” လို့ သုံးသပ်ပြောဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၄ ရက်နေ့မှာ မြစ်ဆုံစီမံကိန်းစတင်ဖို့ အဖွဲ့ဝင် ၁၁ ဦးပါဝင်တဲ့ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့သိရပြီး ထုန်ပြန်ချက်ကိုတော့ မေလ ၁၇ ရက်နေ့ တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ စစ်ရေးအရှိန်မြင့်နေတဲ့ ကချင်ဒေသမှာ စစ်တပ်အနေနဲ့ ခုလိုမြစ်ဆုံစီမံကိန်းကို တစ်ဖန်ပြန်ပြီး အသက်သွင်းလာတာဟာ တရုတ်ရဲ့မျက်နှာသာရချင်တဲ့အတွက်ဖြစ်နိုင်ပြီး တစ်ဖက်မှာစစ်ရှုံးနေတဲ့ စစ်တပ်အတွက် စစ်ရေးထွက်ပေါက်ဖြစ်အောင် ဖန်တီးနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ပြောဆိုနေကြပါတယ်။ လက်ရှိကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေး ၂ ကျော်အတွင်း စခန်းကြီးငယ် တစ်ရာကျော်နဲ့မြို့ ၆ မြို့ကိုသိမ်းပိုက်ရရှိထားပြီး စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သလို မြို့တော်မြစ်ကြီနားရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ်တစ်လျှောက်လုံမှာလည်း စစ်ရေးပြင်းထန်နေပြီး ဝိုင်းမော်မြို့စောင့်တပ်ဖြစ်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဒီစီမံကိန်းကိုပြန်စတင်လာတာဖြစ်သလို ပြည်သူတွေကို စစ်ရေးထက် မြစ်ဆုံအရေး အာရုံလွှဲအောင်လုပ်နေတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ခုလိုပြောပါတယ်။ “အဲဒါ သူတို့လုပ်နေကြဘဲ လုံးဝအခြေနေဆိုးနေပြီဆိုရင် ဘယ်နည်းလမ်းထုတ်သုံးမလဲ သူတို့မှာ အစီစဉ်ရှိပြီးသား ခုအခြေနေက ဒီလောက်တိုက်ပွဲဖြစ်နေတာကို မြစ်ဆုံပြန်စဖို့ဆိုတာ ဖြစ်လည်းမဖြစ်နိုင်သလို ဘယ်တော့မှလည်းဖြစ်လာမယ့်ဟာလည်း မဟုတ်ဘူး။ဒါကို သိသိနဲ့ပြည်သူတွေ မြစ်ဆုံလို့ကြားရင် အာရုံပြောင်းသွားကြမလားပေါ့ ဒါကသူတို့နည်းဘဲလေ”လို့ပြောပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲက အဲဒီစီမံကိန်းဦးဆောင်အဖွဲ့တွေရဲ့ လုပ်ငန်းတာဝန်တွေကတော့ တရုတ် SPIC Yunnan International Power investment ကုမ္မဏီနဲ့အတူ ပူးပေါင်းပြီး ရေကာတာဆောက်လုပ်ဖို့ နည်းပညာဆိုင်ရာဖြေရှင်းချက်များနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းကို စီမံဆောင်ရွက်ဖို့နဲ့ တရုတ်နဲ့ မြန်မာကြား စီမံကိန်းကိစ္စညှိနှုင်းဆောက်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့ ဆောက်ရွက်ပေးရန်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး မြစ်ဆုံဒေသခံလူငယ်တစ်ယောက်ကတော့ မြစ်ဆုံစီမံကိန်းကြီး ထာ၀ရရပ်တန့်သွားဖို့ ဘယ်အစိုးရခေတ်ပဲရောက်ရောက် မိမိအသက်ရှင်နေသရွေ့ ကန့်ကွက်ကာကွယ်သွားမယ်လို့ အခုလို ပြောပါတယ်။ “မြစ်ဆုံရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီး ဆိုးကျိုးဘယ်လိုတွေဖြစ်လာနိုင်တယ်ဆိုတာ ဘာမှမသိသေးတဲ့အရွယ်မှာ ပြောင်းရွှေ့ခံခဲ့ရတယ်။ ဒီနေ့ကျမ သိလာချိန်၊ မြစ်ဆုံရေကာတာက မြန်မာနိုင်ငံအတွက် ဘယ်လောက်ထိ ဆိုးကျိုးရှိတယ်ဆိုတာ ကျမတို့သိလာချိန်မှာတော့ ဘယ်သူဘာပဲပြောနေပါစေ ဒေသခံပြည်သူလူငယ်တစ်ယောက်အနေနဲ့ နောက်နောင်လာမဲ့ညီငယ်၊ညီမငယ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီးအမြဲတမ်း အမြင်ဖွင့်သွားမယ် ကာကွယ်ရမယ်၊ ရေကာတာလုပ်ဆောင်လာရင် လုံး၀ကန့်ကွက်လိုက်ရမယ်၊ကျမတို့ ဘာမှမသိခင်မှာ ပြောင်းရွှေ့ခံခဲ့ရတာတောင် တော်ပြီ။ အခုတော့ ဒါကို လုံး၀မပြုလုပ်ဖို့ ကာကွယ်ရမယ်။ ဒါကြောင့် ကိုယ်အသက်ရှင်နေသရွေ့ ဒီမြစ်ဆုံရေကာတာနဲ့ပတ်သက်ပြီး ဆက်တိုက်ကန့်ကွက် ကာကွယ်သွားမယ်။” ဟု မြစ်ဆုံဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးက မေခမြစ်နဲ့ မလိခမြစ်နှစ်ခုဆုံရာနေရာမှာတည်ဆောက်ဖို့ ပြင်ဆင်နေကြတဲ့ မြစ်ဆုံစီမံကိန်းဟာ မေခမြစ်မှာ ရေအားလျှပ်စစ် ထုတ်လုပ်ဖို့ဆည်ကြီး ၅ ခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ–မေခ မြစ်နှစ်ခုဆုံရာ ဧရာဝတီမြစ်အစနဲ့ လေးမိုင်ကွာတဲ့ နေရာမှာတစ်ခု စုစုပေါင်းဆည် ၇ ခု တည်ဆောက်ဖို့ လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံက တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္မဏီ (China Power Investment…
Read More » -
23 Mayသတင်း
ပူတာအိုမှာ စစ်ကောင်စီက Smart Card စတင်လုပ်ပေးနေ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီက စမတ်ကဒ်လို့ခေါ်တဲ့ UID ကဒ်ကို စတင်လုပ်ပေးနေပြီလို့သိရပါတယ်။ စစ်ကောင်စီရဲ့ Electronic Identification ( E-ID) စနစ်ကနေ ပေါ်ထွက်လာတဲ့ စမတ်ကဒ် (ခေါ် ) UID စလစ်ကို ပူတာအိုဒေသခံတွေက ဧပြီလ လကုန်ပိုင်းကတည်းကစလုပ်ပေးနေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုတ်တယ် ၄ လပိုင်းကုန်ကတည်းကနေ စလုပ်ပေးနေပြီ အဓိကတော့ ကျောင်းသား၊သူတွေ မဖြစ်မနေလုပ်ရမယ့်သဘောမှာရှိတယ်”လို့ ပြောပါတယ်။ E-ID ဆိုတာ နိုင်ငံတွင်းမှာနေထိုင်သူတွေအားလုံး ကိုယ်ရေးအချက်လက်ဖောင်ဖြည့်ခိုင်းပြီး ဓါတ်ပုံရိုက်၊လက်ဗွေနှိပ်၊မျက်စိစကမ်ဖတ် (Scan) အစရှိတဲ့ ဇီဝအချက်အလက် ကိုယ်ရေးအချက်လက်ကောက်ယူမှတ်ပုံတင်ထားတာဘဲဖြစ်ပါတယ်။ ဒီစမတ်ကဒ်ဟာ မှတ်ပုံတင်အလားတူ ကိုယ်နယ်စပ်ဖြတ်ကျော်တာ၊နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လုပ်တဲ့အခါ မဖြစ်မနေလိုအပ်တဲ့ကဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိပူတာအိုဒေသကနေ ပြည်ပကိုကျောင်းသွားတက်မယ့်လူငယ်တွေ၊ စစ်ကောင်စီအစိုးရနဲ့ချိတ်ဆက်ပြီးပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတဆင့်ပြည်ပသွားရောက်အလုပ်သွားလုပ်မယ့်လူငယ်တွေနဲ့ အစိုးရဝန်ထမ်းတွေ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ စမတ်ကဒ်ကိုလုပ်နေကြပြီလို့ ဒေသခံတွေကဆိုပါတယ်။ “ဘယ်မှမသွားမလာ ဒီမှာပဲနေမယ့်သူတွေကတော့လောလောဆယ်မလုပ်လည်းရတယ်အေးဆေးပဲ ဒါပေမယ့် Non CDM တွေ ပြီးရင် စက်မှုတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေနဲ့ တခြားပေါ့ပြည်ပကိုကျောင်းတက်ဘာတက်အလုပ်သွားလုပ်တဲ့သူတွေကတော့မဖြစ်မနေကိုလုပ်ရတာ မလုပ်လို့မရဘူး သွားဖို့ဆိုရင်ပေါ့”လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ အဲ့ဒီစမတ်ကဒ်တွေကို ပူတာအိုမြို့နယ် လ.ဝ.က ရုံးကနေပြုလုပ်ပေးနေတာဖြစ်ပြီး လူတစ်ဦးချင်းစီရဲ့ကိုယ်ရေးအချက်အလက်ကို လ.ဝ.ကရုံးမှာတင်သိမ်းဆည်းထားတာမျိုးမဟုတ်ပဲ ကွန်ပျူတာဆာဗာမှာထည့်သွင်းသိမ်းဆည်းရတာကြောင့် ခုရက်ပိုင်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေလို့ ရက်ပိုင်းရပ်နားထားတယ်လို့လည်းသိရပါတယ်။ “အခုက ပြည်ပကျောင်းသွားထားတာတို့ အလုပ်သွားလုပ်ခိုင်းတာတို့ဆိုရင်ဒီစမတ်ကဒ်ရှိမှရတယ်ကော မှတ်ပုံတင်တောင်အဲ့လောက်အရေးမပါတော့ဘူး သမီးတစ်ယောက်ထိုင်ဝမ်ကို ကျောင်းထားမလို့တရုတ်ကျောင်းတက်ဖို့အပ်တာ စမတ်ကဒ်အရင် လုပ်ရမယ်တဲ့အဲ့တာမရှိရင်မရဘူးတဲ့ အ့ကြောင့်မလုပ်သေးပဲခြေနေစောင့်နေတာ သူတို့က အင်တာနက်ရမှလုပ်လို့ရတယ်တဲ့ အင်တာနက်လိုင်းတောင် MPT လိုင်းရမှပဲတဲ့တခြားဖုန်းလိုင်းတွေနဲ့လုပ်မရဘူးMPT ကအခုလိုင်းပျောက်တာတစ်ပတ်လောက်ရှိပြီ MPT လိုင်းရမှလုပ်ပေးမယ်ပြောတယ်တဲ့”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ပူတာအိုဒေသက ဒေသခံတွေမှတ်ပုံတင်အစား စမတ်ကဒ်တွေပြုလုပ်ကြဖို့စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ /ရပ်ကျေးတာဝန်ရှိသူတွေကနေတဆင့်ပြည်သူတွေဆီကို ဒီနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းကနေစအသိပေးထားခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
21 Mayသတင်း
မြစ်ကြီးနားမြို့ပေါ် စစ်ကောင်စီတပ်စစ်ဆေးရေးတွေတင်းကြပ်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြစ်ကြီးနားမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်းစစ်ကောင်စီတပ်ဘက်က လုံခြုံရေးတွေတိုးမြှင့်ပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့စစ်တပ်စခန်းတစ်ချို့နဲ့ ကာကင်းစခန်းအပါအဝင် ရွှေညောင်ပင်ရွာက ခမရ ၃၂၁ တပ်ရင်းတို့ကို ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေက တစ်ပြိုင်တည်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီနေ့ကစ မြစ်ကြီးနားမြို့ပေါ်မှာ စစ်ဆေးရေးတွေတင်းကြပ်လာတာဖြစ်ပြီး စိမ်းမြဧရာပန်းခြံတစ်ဝှိုက်နဲ့ မြို့ထဲကိုလာတဲ့ လမ်းမကြီးတွေရဲ့ လမ်းထောင့်တိုင်းမှာလိုလို ယူနီဖောင်းအပြည့်နဲ့ စောင့်ပြီးစစ်ဆေးဖမ်းဆီးနေတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ယောက်ကပြောပါတယ်။ “ရဲတွေကတော့ ကားကြီးတွေပေါ့ လူကြီးကားကားအမြင့်တွေ လန်ခရူဇာတို့ဘာတို့တွေကိုပေါ့ စိမ်းမြဧရာ ကစားကွင်းနားတွေ မြို့ပတ်ပတ်လည်လို့ပြောလို့ရမှာပေါ့ကွာ မြို့ထဲကိုလာတဲ့နေရာ သံလမ်းကူးနားလောက် မှာ ယူနီဖောင်းကအပြည့်နဲ့ မျက်မြင်တောင်မှ ၁၀ ယောက် ၁၅ ယောက် ထောင့်တိုင်းထောင့်တိုင်းမှာ ရှိတယ်”လို့ ပြောပါတယ်။ မေလ ၂၁ ရက်နေ့ ဒီနေ့နေ့လည်ပိုင်းမှာ မြစ်ကြီးနား မြို့သစ်ကြီးရပ်ကွက်အပါအဝင် နေရာအတော်များများမှာ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေပြီး လူငယ်တစ်ချို့ဖမ်းဆီးခံသွားရတယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူး။ တစ်ဖက်မှာ ဝိုင်းမော်မြို့နယ်အတွင်းဖြစ်နေတဲ့တိုက်ပွဲအတွင်း မြစ်ကြီးနားမြို့ဘက်အခြမ်းကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ကူနေသလို လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေပါတယ်။ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲဟာ ဝိုင်းမော်မြို့ဘက်နဲ့နီးလာတာနဲ့အမျှ ဝိုင်းမော်မြို့တွင်းက ဒေသခံတစ်ချို့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်တာမျိုးတွေ လည်းမြင်လာရတယ်လို့ ဝိုင်းမော်မြို့ခံတစ်ယောက်ကပြောပါတယ်။ “ကေအိုင်အေနဲ့စစ်တပ်နဲ့ကလည်းနီးလာတော့ ပြည်သူတွေကစိုးရိမ်ပြီးမြစ်ကြီးနားကိုပြောင်းကြတာပေါ့ အိမ်တွေပိတ်ပြီးပေါ့ အိမ်စောင့်လောက်ပဲကျန်တော့တာ မြို့လုံးဝစွန့်ကြတာလည်းမဟုတ်ဘူး မြို့ကတော် တော်တော့ခြောက်ကပ်သွားပြီ” လို့ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ဘက်ခြမ်းကနေ ပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မော်ဖောင်းရွာအနောက်ဖက်ကအမြှောက်တပ် နဲ့ ကြက်ပေါက်ခြံ ရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးရုံး မှာ လက်နက်ကြီးအထိုင်ချပြီးပစ်ခတ်နေတာလို့ မြစ်ကြီးနားမြို့တွင်းက ကာကွယ်ရေးတပ်ဘက်ကပြောပါ တယ်။ “သူတို့ပစ်တဲ့လက်နက်ကြီးကတော့ ၁၂၀ မမ များတယ် သူတို့ပစ်နေတာကိုအသံနားထောင်ရင် သိသာ တယ်။ ပြီးတော့ နေရာတွေကတော့ ကြက်ပေါင်ခြံရပ်ကွက်က ကြံ့ခိုင်ရေးရုံးမှာလက်နက်ကြီး ထောင်ထားတယ် လည်းကြားတယ်၊ ပြီးရင် အမြှောက်တပ်က လက်နက်ကြီးတွေကိုလည်း မပခထဲ ရွှေ့ထားတယ်ပြောတယ်” ကချင်လွတ်လပ်ရေးတပ်တော် KIA နဲ့ ပူးပေါင်အဖွဲ့တွေဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့အထိ ရွှေညောင်ပင် ခလရ ၃၂၁ တပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒဘတ်ချောင်းအနီးတစ်ဝှိုက်မှာရှိတဲ့ စခန်း ၉ ခုလောက်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ စစ်ဆင်ရေးအရ ဝိုင်းမော်မြို့ပေါ် ဘက်ကို စစ်ရေးကဦးတည်လာနေပြီးတော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တွေကသုံးသပ်နေကြပါတယ်။ By – အမိုး
Read More » -
7 Mayသတင်း
စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။ ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIA၊KPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅…
Read More » -
6 Mayသတင်း
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။ အဲဒီနောက် ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…
Read More » -
2 Mayသတင်း
ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က…
Read More » -
Apr- 2024 -17 Aprilသတင်း
KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ
ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ထဲမှာ မြစ်ကြီးနားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်က ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(က) စတဲ့ ပုဒ်မ ၃ ခုအတွက် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းကျခံရတဲ့ တစ်နှစ်နဲ့ ၄ လ အကြာမှာ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုဝင်တွေက KNG ကိုပြောပါတယ်။ “ဒီကနေ့လွတ်မြောက်လာတဲ့ထဲမှာပါလာပြီ။ အခုလိုလွတ်မြောက်လာတာက ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။ တစ်နှစ်နဲ့ ၄ လ မှာ လွတ်မြောက်လာတာဖြစ်ပါတယ်။ အကျဉ်းကျခံထားရတဲ့ သူတွေ အားလုံးလွတ်မြောက်ဖို့လည်းမျှော်လင့်ပါတယ်”လို့ပြောပါတယ်။ အခုလို ဆရာဆမ်ဆွမ်လွတ်မြောက်လာဖို့ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ညှိနှိုင်းကြိုးစားလုပ်ဆောင်မှုတွေကြောင့် တစ်နှစ်ကျော်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ လွတ်မြောက်လာတဲ့ ဆရာခလမ်ဆမ်ဆွမ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ဘာသာရေးဆရာတစ်ချို့နဲ့ သွားရောက်ကြိုဆိုခဲ့ကြတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စီးဖို့ စောင့်ဆိုင်းနေတဲ့ အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ကြီးဂွမ်မော်တွေ့ဆုံးမှု၊ အာရှအတွင်းက လူငယ်တွေရဲ့ ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေပြောဆိုမှု၊ NUG အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှု စတဲ့ စွပ်စွဲချက်တွေကြောင့် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
17 Aprilသတင်း
ပယင်းမှော်ဒေသကို ထိန်းချုပ်ထားတဲ့ နွယ်ဂျယ်ဘွမ့်တပ်စခန်းကို KIA သိမ်းပိုက်
“တပ်စခန်းက တအားတော့မကြီးဘူး ပြောရရင်ရှေ့တန်း တပ်စခန်းပုံစံလောက်ပဲပယင်းမှော်ကြည့်တဲ့ တပ်စခန်းဟုတ်တယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ဗဟိုက ညွန်ကြားချက်နဲ့ လုပ်ဆောင်နေတယ်လို့ပဲ မြင်ပါတယ်”လို့ပြောပါတယ်။
Read More » -
Mar- 2024 -26 Marchသတင်း
မန္တလေး-ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆေးရေးတွေတင်းကြပ်
မန္တလေးကနေ စစ်ကိုင်း– ကချင်အစပ်ဘက်ကိုတက်လာတဲ့ ကားတွေကိုစစ်ကောင်စီတပ်ဘက်က လမ်းခုလတ်တွေမှာအထိုင်ချပြီးစစ်ဆေးရေးတွေတင်းကြပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ မန္တလေးနဲ့ ရွှေဘိုကြား သူတို့စိုးမိုးမှုအားကောင်းတဲ့ရွာတွေမှာ အထိုင်ချပြီးတော့ မန္တလေးကနေ ကချင်ပြည်နယ်အထက်ဘက်ကိုတက်လာတဲ့ကားတွေကိုအဓိကထားစစ်ဆေးတာမျိုးတွေရှိတယ်လို့ လမ်းပိုင်းအခြေနေသိရှိသူဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့မနက်ဆို ရွှေဘို–မန္တလေးလမ်းပိုင်းက အုန်းတောဘက်မှာစစ်ဆေးတယ်လို့ကြားတယ် ဒီရွာက သူတို့ရဲ့စိုးမိုးနယ်မြေကောင်းတဲ့နေရာတွေပေါ့ အဲ့နေရာတွေမှာစစ်ဆေးနေတယ်လို့ကြားပါတယ်။”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က အဓိက အထိုင်ချစစ်ဆေးတဲ့နေရာတွေကတော့ စစ်ကိုင်းမြို့ အုန်းတောရွာဆိုတဲ့ အမြှောက်တပ်ရှိတဲ့ရွာနဲ့ ရွှေဘိုမြို့အထွက် ရွှေဘို–မြစ်ကြီးနားလမ်းမပေါ်က ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်မှာလည်း ပုံမှန်စစ်ဆေးရေးတွေတင်းကြပ်လေ့ရှိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က အဲ့ဒီနေရာတွေမှာ မကြာခဏစစ်ဆေးလေ့ရှိပြီး စစ်ကိုင်းနဲ့ကချင်အစပ် ဒေသဘက်ကိုလာတဲ့ ကုန်ကားတွေကိုအဓိကစစ်ဆေးတယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ “စစ်ဆေးတာကတော့ စစ်ရေးအခြေနေတင်းမာမှုမရှိတဲ့အချိန် ပြည်သူတွေကိုဒုက္ခရောက်အောင် လုပ်တာပေါ့ စစ်ဆေးတာကလည်းအစုံပဲ ကောလင်းခရိုင် ဘက်ကို ဝင်မယ့်ကားတွေကိုသူတို့ စစ်ဆေးတယ်လို့ကြားရပါတယ် မသင်္ကာရင်သိမ်းတာတွေရှိတယ်လို့ကြားရတယ် မကြာခဏ စစ်ဆေးတာပါ” လို့ပြောပါတယ်။ ဒီလမ်းပိုင်းတွေကို စစ်ကောင်စီတပ်ဘက်က စစ်ဆေးတဲ့အခြေနေနဲ့ပတ်သက်လို့လည်း ကောလင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution-KR ကလည်း မန္တလေး–ရွှေဘိုလမ်းပိုင်းမှာ စစ်ကောင်စီတပ်က တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတွေအကြား ကချင်နဲ့စစ်ကိုင်းအစပ်ဒေသမှာ နှစ်ဖက် စစ်ရေးတွေတင်းမာလျှက်ရှိပြီး အဓိကတော့ ကောလင်းနဲ့ထီးချိုင့်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်ပွား နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းတိုက်ပွဲမှာဆိုရင် ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ဖွဲ့ဝင် ၂ ယောက် တိုက်ပွဲအတွင်းကျဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ် ယောက်လည်း ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။ By – အမိုး
Read More »









