တိုက်ပွဲသတင်း

စင်းခန်းရဲစခန်းနဲ့ ကာကင်းဂိတ်တွေကို KIA မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာထဲက စစ်ကောင်စီ ရဲစခန်းနဲ့ကာကင်းဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ကျေးရွာကိုထိန်းချုပ်လိုက်ပြီလို့သိရပါတယ်။

ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်အစပ်မှာရှိတဲ့ စင်းခန်းကျေးရွာထဲက စစ်ကောင်စီရဲစခန်းနဲ့ ကာဂင်းဂိတ်တွေကို KIAKPDF နဲ့ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက ဒီနေ့မနက် ၅ နာရီအချိန်မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းနဲ့ကာကင်းဂိတ်အချို့သိမ်းပိုက်ရရှိထားတဲ့အပြင် ကျေးရွာကိုလည်းအပြည့်အဝထိန်းချုပ်လိုက်ပြီလို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

စင်းခန်းက ကျပြီ ရသွားပြီ။ ကျွန်တော်တို့ မနက်က ၅ နာရီစတာလေး အများကြီးတော့မပစ်လိုက်ရဘူး နည်းနည်းလေးပစ်လိုက်တော့သူတို့ လက်နက်ချသွားတယ်။ သူတို့ထွက်ပေါက်မရှိဘူးလေ ထွက်ပေါက်တွေအားလုံးကိုပိတ်ထားလိုက်တော့သူတို့လက်နက်ချရုံကလွဲ ပြီးတခြားမရှိဘူးလေ ရသွားပြီသေချာသွားပြီစင်စခမ်းကလို့ သူကပြောပါတယ်။

ဧရာဝတီမြစ်ကူးတံတားပေါ်မှာထိုင်တဲ့ ကာကင်းဂိတ်၊ စင်းခမ်းချောင်းကူးတံတားပေါ်မှာထိုင်တဲ့ ကာကင်းဂိတ်တွေနဲ့ ရဲစခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စခန်းသိမ်းပြီးနောက် ဒီနေ့မနက် အစောပိုင်းအထိနယ်မြေရှင်းလင်းရာ ခြောက်ဘီးကားတစ်စီးစာ လက်နက်ခဲယမ်းသိမ်းပိုက်ရရှိထားပြီး နယ်မြေရှင်းလင်းရေး တွေဆက်လက်လုပ်ဆောင်နေဆဲ လို့သိရပါတယ်။

စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲ အပြီးမှာ စစ်ကောင်စီတပ်က ရွှေကူမြို့ ငဘတ်ကြီးကုန်းကနေလက်နက်ကြီးတွေပစ်ကူခဲ့သလို လေယာဥ်နဲ့လည်းဓာတုဗုံးလို့ယူဆရတဲ့အရာတွေ ကြဲခဲ့တယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူကဆက်ပြောပါတယ်။

ရွှေငဘတ်ကြီးကုန်းနဲ့ရွှေပျံတော်ဆိပ်ကနေလည်းလက်နက်ကြီးတွေပစ်တယ် ပြီးတော့ အခုလေးတင်ပဲ လေယာဥ်တစ်စီးနဲ့ တာဝါတိုင်ကုန်အပေါ်က တောင်ထိပ်ကို လေယာဥ်နဲ့ကျဲသွားတယ် ပူဖောင်းပုံစံအလုံးအလုံး ကြီးတွေချသွားတယ် ဓာတ်ငွေ့လား ဘာဖြစ်မလဲမသိဘူးလို့ သူကပြောပါတယ်။

စင်းခန်းကျေးရွာကို ထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် စင်းခန်းကျေးရွာနဲ့ တစ်မိုင်ကျော်အကွာမှာရှိတဲ့ ဥဒေါင်းတောင်ပေါ်က တာဝါတိုင်ကုန်းစခန်းကျန်ရှိနေတာကြောင့် ဆက်ပြီးတိုက်ပွဲ ပြင်းထန်နိုင်တယ်လို့သိရပါတယ်။

စင်းခန်းကျေးရွာဟာ ဗန်းမော် ရွှေကူနယ်ကြားက ဧရာဝတီမြစ်ကြောင်းပေါ်မှာရှိတာဖြစ်ပြီး စစ်ကောင်စီတပ်အတွက် ဗန်းမောက်၊ မံစီဘက်ကို ရေကြောင်းနဲ့ ထောက်ပို့လမ်းကြောင်းအသုံးပြုရာမှာ အရေးပါတဲ့နေရာမှာရှိနေတာဖြစ်ပါတယ်။

စင်းခန်းကျေးရွာစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကသေဆုံးမှု၊သုံ့ပမ်းဖမ်းဆီးရရှိထားမှုနဲ့လက်နက်ခဲယမ်းသိမ်းဆည်းမှုအခြေအနေအသေးစိတ်ကို ဆက်ပြီးစုံးစမ်းနေဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button