သတင်း

ကသာမှာထိတွေ့မှုဖြစ်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာထိတွေ့မှုဖြစ်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီကသိရ ပါတယ်။

ကသာမြို့နယ်ရဲ့ ၃ မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ထိတွေ့မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက် ကပြောပါတယ်။

သူတို့မြို့ပြင်ဘက်တွေထွက်နေကြတာ အဲ့တာ ကသာမြို့အောက်ဘက်အခြမ်းမှာတော့ထိတွေ့မှုဖြစ်တယ် ဒီမနက်ပဲ သူတို့မြို့ထဲကထွက်လာကြတာ အင်အားက ၇၀လောက်ရှိတယ် ထိတွေ့မှုဖြစ်တာပေါ့လို့ပြောပါတယ်။

တိုက်ပွဲက မနက် ၈ နာရီကနေ နာရီဝက်ကြာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ကသာမြို့အောက်ဘက်ခြမ်း ဝဲကြီးရွာ အနီးတစ်ဝှိုက်မှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

ကသာမြို့ပေါ်မှာအထိုင်ချတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြို့နဲ့ ၃ မိုင်ပတ်ဝန်းကျင်ကို အင်အားအလုံးအရင်း သုံးပြီးတော့ မကြာခဏစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော့ ကသာကာကွယ်ရေးတပ်တွေနဲ့ထိတွေ့မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

သူတို့က  မြို့နယ် ၃ မိုင်အတွင်းကိုပတ်နေတာပဲ ထွက်လာတိုင်းလိုလို ကျနော်တို့နဲ့ထိတွေ့မှုကဖြစ်တာ ပေါ့ ပြီးခဲ့တဲ့အပတ်ကပဲကို နှစ်ကြိမ်ဖြစ်ခဲ့သေးတယ်။ သူတို့ကမြို့ထဲမှာနေပြီး ပတ်ဝန်းကျင်တွေကို ကင်းပတ် စစ်ကြောင်းထိုးတာလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ကသာမြို့နယ် မြို့ပြင်က ပေါမမြိုင်ရွာမှာလည်း ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက် ကပြောပါတယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီး ဖြစ်ပါ တယ်။

By –

Show More

Related Articles

Back to top button