စစ်ကောင်စီတပ်
-
May- 2026 -23 Mayသတင်း
ပယင်းမှော်ဒေသကိုရဖို့ စစ်ကောင်စီပူးပေါင်းတပ်ထိုးစစ်ဆင်ပြီး ဗုံးကြဲတိုက်ခိုက်နေ
ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ဒေသတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More » -
4 Mayသတင်း
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ
ဖားကန့်မြို့ လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ ဒီမနက် ၄ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
Apr- 2026 -29 Aprilသတင်း
စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်မပြည့်တဲ့ကလေးအပါ နှစ်ဦးသေဆုံး
မိုးညှင်းမြို့နယ်၊ နန်းမားမြို့ မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးနဲ့အမျိုးသားတစ်ဦး လက်နက်ကြီးကြကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြို့ခံတွေပြောပါတယ်။ ဧပြီလ ၂၈ ရက်နေ့မနက် ၁၀ နာရီဝန်းကျင် နမ်းမားမြို့ကားလမ်းတစ်လျှောက် နဲ့ဘူတာရုံအနိီးဝန်းကျင်မှာ KIA ပူးပေါင်းတပ်က စစ်ရေးလှုပ်ရှားလာတဲ့တွက် မိုးညှင်းမြို့ စစ်တပ်ရဲ့ အမှတ် ၃၈၅ အမြောက်တပ်ကနေ နမ်းမားဘက်ကို လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေက KNG ကိုပြောပါတယ်။ “KIA တွေက နမ်းမားဘူတာတစ်ဝိုက် စစ်ရေးလှုပ်ရှားပြလာတာတေ့ မိုးညှင်းကနေလက်နက်ကြီးတောက်လျှောက်ပစ်တာဟုတ်တယ်။ လက်နက်ကြီး ၄ လုံးကျတာ ရပ်ကွက်ထဲ တစ်ယောက်တော့ပွဲချင်းပြီးသေတယ်။ ကလေးကတော့ ဆေးရုံမှာသေတယ်”လို့ ပြောပါတယ်။ စစ်တပ်က ပစ်တဲ့လက်နက်ကြီးဟာ တောင်အင်းရွာမှာလက်နက်ကြီးတစ်လုံးကျပေါက်ကွဲခဲ့တာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်သီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အလားတူ နောက်ထပ် ရွှေပြည်အေးရပ်ကွက်မှာလည်း လက်နက်ကြီးကျပေါက်ကွဲတဲ့အတွက် ဦးကျော်လှဆိုတဲ့အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံးသွားသလို ဦးကျော်လှအိမ်ဘေးက လူငယ်တစ်ဦးခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး၊ နောက်ထပ်အမျိုးသမီးတစ်ဦးလည်းကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတွေပြောချက်အရ ပြီးခဲ့တဲ့ ဧပြီလ(၂၃)ရက်နေ့က မိုးညှင်းမြို့နယ်၊ ဘီလူးမြို့၊ အုန်းစံဆိုင်ကျေးရွာမှာရှိတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)ရဲ့ တပ်စခန်း (၂)ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီးနောက် မိုးညှင်းဒေသမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာဖြစ်တယ်လို့သိရပါတယ်။ “ဒီရက်ပိုင်းက သူတို့စခန်းတိုက်ခံရတော့ လက်နက်ကြီးပစ်တာပိုဆိုးလာတယ်။ ပြီးရင် တော်တော်လည်းစစ်တယ် အပြင်သွားတာတို့သတိထားပြီး သွားလာနေရတယ်”လို့ နောက်ထပ်အမျိုးသားတစ်ဦးပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အုန်းစံကျေးရွာမှာရှိတဲ့ ကာကင်းစခန်းနှစ်ခုသိမ်းခံရပြီးနောက် မိုးညှင်း၊နမ်းမားကြား လမ်းတစ်လျှောက်တားဆီးစစ်ဆေးတာတွေလည်းပိုပြီးလုပ်ဆောင်လာတယ်လို့ သိရပါတယ်။ မိုးညှင်းမြို့နယ်ဟာ မြစ်ကြီးနား– မန်းလေးသွားရာလမ်းမပေါ်မှာရှိပြီး SNA တပ်နဲ့ပြည်သူ့စစ်တပ်က အားကောင်းတဲ့ဒေသဖြစ်ပြီး နှစ်ဖက်တပ်အကြားမကြာခနဆိုသလို ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။ By – Zami
Read More » -
26 Aprilသတင်း
ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး
ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။
Read More » -
25 Aprilသတင်း
မြစ်ကြီးနားမှာ ဈေးသည် ၇ ဦးဖမ်းခံရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး တစ်ချို့ကိုတော့ ခံဝန်ကတိတွေထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိတဲ့ မိုးမလင်းဈေးသည်တွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ ရက် ဒီမနက် ၃ နာရီဝန်းကျင် ရမ်ပူ၊ရွှေညောင်ပင်…
Read More » -
Mar- 2026 -27 Marchသတင်း
ထီးချိုင့်မြို့ ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေရောက်ရှိလာ
တရုတ်နီကယ်စက်ရုံရှိတဲ့ စစ်ကိုင်းတိုင်း– ကချင်အစပ်က ထီးချိုင့်မြို့ရဲ့ဧရာဝတီမြစ်ကူးတံတားအထိ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး မြတောင်လမ်းဆုံကို ထိန်းချုပ်သွားပြီလို့ မြေပြင်ကဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ အတည်ပြုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ထီးချိုင့်မြို့ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်း မန္တလေးတိုင်းထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက် ထီးချိုင်မြို့နယ်ဘက်ကို ပြန်လည်စစ်ကြောင်းထိုးလာတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း ထီးချိုင့်မြို့ဧရာဝတီတံတားလို့ခေါ်တဲ့ မြစ်ကူးတံတားပေါ်မှာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသားတစ်ဦးက“ အဲ့ပုံကတော့ ထီးချိုင့်တံတား မြတောင်ဘက်ထိပ်မှာရိုက်ထားတဲ့ပုံပဲ။တကောင်း ကနေရောက်လာတဲ့အဖွဲ့တွေဟုတ်တယ်။ လောလောဆယ်တိုက်ပွဲက ထီးချိုင့်မှာဖြစ်နေသေးတယ်။ အခုရက်ပိုင်းမှာက တိုက်ပွဲ တွေကဖြစ်နေတာ။ တကယ်ဆိုတော်တော် များများနေရာတွေရထားပြီ။ အဲ့ချိန်ဒီစစ်ကြောင်းရောက်လာတာ။”လို့ပြောပါတယ်။ တကောင်းမြို့ကနေ ထီးချိုင့်မြို့နီကယ်စက်ရုံရှိရာ မောင်းကုန်းရွာကိုဦးတည်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၃၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေကခန့်မှန်းပြီး အဲ့ဒီနီကယ်စက်ရုံတစ်ဝှိုက်နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွား ခဲ့ကြတယ်လို့သိရပါတယ်။ ဒါ့အပြင် ထီးချိုင့်မြို့နီကယ်စက်ရုံအပါအဝင် မြို့ကိုထိန်းချုပ်နိုင်ဖို့ဦးတည်နေတဲ့ အဆိုပါစစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတာ၊ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေကြောင့် နီကယ်စက်ရုံတစ်ဝှိုက်က ကျေးရွာတွေဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ တစ်ဖက်မှာ ထီးချိုင့်မြို့နဲ့ကပ်လျှက် ကသာမြို့နယ် ဧရာဝတီမြစ်နဘေးမှာနေထိုင်နေတဲ့ဒေသခံတွေကလည်း ထီးချိုင့်မြို့ကို ရောက်လာတဲ့အဆိုပါစစ်ကြောင်းကြောင့် စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်။ “ဘယ်ကိုဦးတည်နေတယ်ဆိုတာကတော့ တိတိကျကျပြောဖို့တော့ခက်တယ်။ မြတောင်ဘက်ကမ်းအခြေနေကလည်း မြတောင် ကို ကျော်ပြီးတော့အထက်ဘက်ကိုတက်သွားတဲ့ပုံစံမျိုးလည်းမြင်ရတယ်။ ထီးချိုင့်မြို့ထဲကိုလည်း ပေါင်းခဲ့တယ်လို့လည်း ပြောကြတယ်။ ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ထီးချိုင့်မြို့နယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့နဲ့ ထိစပ်နေပြီး ကချင်ပြည်နယ်ကိုလည်း ကုန်းလမ်း၊ ရေလမ်းနဲ့ ဆက်သွယ်နိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့အတွက် စစ်ရေးအရအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ကဆိုကြပါတယ်။ တကောင်းနီးကယ်စက်ရုံကိုတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားတာဖြစ်ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ တရုတ်တို့ဆွေးနွေးကာလည်ပတ်နေတယ်လို့ သတင်းထွက်ခဲ့ဖူးတာဖြစ်ပါတယ်။ By – အမိုး
Read More » -
Feb- 2026 -21 Februaryသတင်း
KIA ထိန်းချုပ်နယ်မြေ နေရာ ၅ ခုကို စစ်တပ်ကတစ်ပြိုင်နက်ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KIO ပြော
စစ်ကောင်စီတပ်တွေ ဒီကနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တစ်တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ဒေသရှိ တပ်မဟာ၊တပ်ရင်းတွေထဲက နေရာ ၅ ခုထက်မနည်းကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သွားခဲ့တယ်လို့ KIO ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ လေကြောင်းတိုက်ခိုက်ခံရတဲ့အခြေအနေနဲ့…
Read More » -
18 Februaryသတင်း
ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကားနှစ်စီးနဲ့ရွာထဲဝင်ရောက်တာဖြစ်ပြီး ဒီကနေ့ညနေပိုင်းအထိ ရွာသားတွေကိုအကာအကွယ်ယူပြီးတပ်ချနေတယ်လို့သိရပါတယ်။ ငါးဘတ်ဝကျေးရွာအထက်ဘက်က တောင်ထိပ် (ဒေသအခေါ် ဘုရားကုန်း)မှာတော့ လက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေက နေရာယူထားပြီး ရွာထဲဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ရွာထဲကနေပြန်လည်ဆုတ်ခွာပေးဖို့သတိပေးထားကြောင်းသိရပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေ ဆုတ်ခွာမပေးပဲရှေ့ဆက်တိုးလာမယ်ဆိုပါက နှစ်ဖက်တိုက်ပွဲဖြစ်လာနိုင်ကြောင်း ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ငါးဘတ်ဝရွာရဲ့ဘုရားကုန်းထိပ်မှာက ကျွန်တော်တို့ထိုင်ထားတဲ့ ရွာနဲ့ ကျနော်တို့ထိုင်တဲ့နေရာက နီးနီးလေးပဲလှမ်းမြင်နေရတယ်။ အခုပစ်မိန့်တော့ပေးထားတယ်သူတို့မထွက်သွားရင်တော့ပစ်တော့မှာခုတော့ငြိမ်နေဆဲ ခြေနေစောင့်ကြည့်နေတုန်း”လို့ သူကပြောပါတယ်။ အဲ့ဒီစစ်ကြောင်းဟာ တပ်မ ၈၈ လို့သိရပြီးရွှေကူမြို့တွင်းအထိုင်တပ်ကနေ ငါးဘတ်ဝဘက်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း စစ်အင်အား ၄၀ ကျော်ပါတဲ့စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ကနေ ငါးဘတ်ဝဘတ်စစ်ကြောင်းထိုးဝင်ရောက်လာစဥ် KIAပူးပေါင်းတပ်က ကြားဖြတ်ပစ်ခတ်မှုကြောင့် မြို့ထဲပြန်ဝင်သွားတာဖြစ်ပြီး ယခုဒုတိယအကြိမ်စစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ရွှေကူမြို့အရှေ့ခြမ်းက စီသာ၊သီသောင်၊ နန့်လန်၊နောင်လတ်ကြီး၊မံဝင်း၊စီမူကြီးစတဲ့ကျေးရွာတွေဘက်မှာ လချီစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာပေါင်း ၁၀ ကျော်ကိုလည်း ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ကျေးရွာ ၁၀ ကျော်ဟာ လက်ရှိအချိန်အထိစစ်ရေးမတည်မငြိမ်မှုတွေကြားမှာ ပြန်လည်ထူထောင်ရေးအတွက်ခက်ခက်ခဲခဲရှုန်းကန်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေကို ၂၀၂၄နှစ်ဆန်းပိုင်းလောက်ကတည်းက ရပ်တန့်ခဲ့ပြီးနောက် ယခုတစ်ကျော့ပြန်စစ်ကြောင်းထိုးတာတွေပြန်လည်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
16 Februaryသတင်း
မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း ကျရောက်ခဲ့တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က လူထုကို အမြင်မှားအောင် လုပ်နေတာဖြစ်ပြီး၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးနဲ့ မသက်ဆိုင်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မလုပ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ KIA က စစ်ရေးနဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပြီး အများပြည်သူ ဒုက္ခရောက်အောင် လုပ်ဆောင်တာ…
Read More » -
5 Februaryသတင်း
ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်ချုပ်နယ်မြေတွေကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်
ကချင်တော်လှန်ရေးနေ့ (၆၅) နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO လိုင်ဇာဌာနချုပ်အနီးတဝိုက်နဲ့ KIA တပ်မဟာနေရာတစ်ချို့ကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်း(အသေခံ)ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဂျန်မိုင်၊ နမ်ဆန်ယန်ရဲ့ နောက်ဘက်ခြမ်း၊ လဇိန်ကုန်း(Lazing…
Read More »









