စစ်ဆေးရေးဂိတ်

  • Dec- 2025 -
    5 December
    သတင်း

    ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။ ည ၉ နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း ၅ နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်”လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။ “မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်”သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်”လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2025 -
    8 October
    သတင်း

    မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအစစ်အဆေးပိိုမိုတင်းကြပ်လာ

    ကချင်ပြည်နယ် မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်းက စစ်ကောက်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေမှာ အစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့သိရပါတယ်။ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းမှာရှိတဲ့ မြစ်ဆုံအထက် တန်ဖရဲဂိတ်နဲ့ ပူတာအိုမြို့နယ်ထဲက လုံရှာယန်၊ မူလာရှီးဒီဂိတ်တွေမှာ အခုနောက်ပိုင်းအစစ်အဆေးပိုမိုတင်းကြပ်လာတယ်လို့ ယင်းလမ်းပိုင်းမှာပုံမှန်သွားလာနေတဲ့ ပြည်သူတစ်ဦးပြောပါတယ်။ “အခုနောက်ပိုင်းက ကားနဲ့ခရီးသွားမယ်ဆိုလည်း သတိထားပြီးသွားလာတာကောင်းတယ် တခါတလေဖုန်းတွေစစ်ချင်စစ်တယ် ပိုဆိုးတာကမှတ်ပုံတင်အရမ်းစစ်လာတယ် လေယာဉ်စီးဖို့မှတ်ပုံတင်မရှိလို့ကားနဲ့သွားတာလုပ်လို့မရဘူးပိုစစ်တယ်မှတ်ပုံတင်မပါလို့မရဘူး”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးပြောပါတယ်။ မြစ်ကြီးနားမြို့အထွက် တန်ဖရဲဂိတ်နဲ့ပူတာအိုမြို့အထွက် မူလာရှီးဒီဂိတ်တွေမှာပိုမိုအစစ်အဆေးများပြီး သက်ကြီးပိုင်းတွေမှတ်ပုံတင်မပါလာရင်ညှိနှိုင်းပြောဆိုလို့ရပေမယ့် လူလတ်ပိုင်းတွေ မှတ်ပုံတင်မပါလာရင်ဒဏ်ငွေဆောင်ရတာ၊လှည့်ပြန်ခိုင်းတာတွေရှိနေကြောင်းသိရပါတယ်။ ဒီစစ်ဆေးရေးဂိတ်အားလုံးဟာ စက်တင်ဘာလ ၂၀ ရက်နေ့နောက်ပိုင်းကတည်းက အစစ်အဆေးပိုမိုတင်းကြပ်လာတာလို့သိရပြီး ကုန်ကားတွေပစ္စည်းဖောက်စစ်တာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။ “ဂျက်ဖာတွေဆိုရင်ဖောက်စစ်တယ် အိတ်ဆိုလည်းဖွင့်စစ်တယ် တစ်နာရီ၊တစ်ခါတစ်လေ နာရီဝက်လောက်ကြာတယ်ခါတိုင်းအဲ့လောက်ကြီးမစစ်ဘူး”လို့ ပူတာအိုမြို့ခံတစ်ဦးပြောပါတယ်။ အခုလိုကုန်ကားတွေမှာပါတဲ့ပစ္စည်းတွေကိုစစ်ဆေးတာ ခရီးသည်တွေကိုအသေးစိပ်စစ်ဆေးတာတွေကြောင့် လမ်းခရီးကြန့်ကြာတာမျိုးလည်းကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းမှာ ၂၀၂၄ ခုနှစ်ဧပြီလ မတိုင်မှီအထိ ပုံမှန်အတိုင်းသွားလာလို့ရပေမယ့် ၂၀၂၄ ခုနှစ် မေလမှာ ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့နောက် အစစ်အဆေးပိုမိုတင်းကြပ်လာတာ၊ကားလမ်းဖြင့်လူငယ်တွေခရီးသွားလာခွင့်တားမြစ်ခံရတာတွေရှိလာပါတယ်။ လက်ရှိမှာတော့ပူတာအိုမြစ်ကြီးနားလမ်းပိုင်းထဲမှာ စစ်ကောင်စီတပ်ကထိန်းချုပ်ထားတဲ့နေရာတွေရှိသလို KIA နဲ့ ပူးပေါင်းတပ်တွေကထိန်းချုပ်ထားတဲ့ နေရာလည်းရှိနေပါတယ်။ မြစ်ကြီးနားမြို့နဲ့ မိုင်ပေါင်း ၂၁၈ မိုင်ရှိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုခရိုင်ထဲက မချမ်းဘော့၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့မြို့နယ်တွေဟာ မြစ်ကြီးနားကနေတဆင့်ပူတာအိုကိုတင်သွင်းလာတဲ့ကုန်စည်တွေအပေါ်အားထားနေရတာဖြစ်ပါတယ်။…

    Read More »
  • Jul- 2025 -
    23 July
    သတင်း

    NSCN-K ဂိတ်ကို ရုပ်သိမ်းပေးဖို့သတိပေးထားပေမယ့် ရုပ်သိမ်းခြင်းမရှိလို့ KIA ဖယ်ရှား

    ကချင်ပြည်နယ် တနိုင်းမြို့နယ်၊တလူးကျေးရွာအနီး တနိုင်းချောင်း(Danai Kha)နံဘေးမှာထိုင်ထားတဲ့ NSCN-K(ယုန်းအောင်) တပ်ဖွဲ့ရဲ့စစ်ဆေးရေးနှင့်အကောက်အခွန်ဂိတ်တစ်ခုကို ရုပ်သိမ်းပေးဖို့ KIA က အကြိမ်ကြိမ်သတိပေးအကြောင်းကြားပေမယ့်ရုပ်သိမ်းပေးခြင်းမရှိတာကြောင့် KIA ဘက်က ဖယ်ရှားပေးလိုက်တယ်လို့သိရပါတယ်။ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် တကားကျေးရွာနဲ့နီးတဲ့ တနိုင်းမြို့နယ်ထဲက တလူးကျေးရွာအနီးမှာ တစ်နှစ်ကျော်ကြာ…

    Read More »
  • Dec- 2024 -
    10 December
    သတင်း

    ဖားကန့်မြို့အနီး စစ်တပ် ဂိတ် ၄ ခုမှာ ဖြန်သန်းသွားလာခွင့်ကန့်သတ်ထားလို့ လမ်းသွားလမ်းလာပြည်သူများအခက်တွေ့

    ကချင်ပြည်နယ် ဖားကန့်မြို့အဝင်အထွက် စစ်တပ်ရဲ့စစ်ဆေးရေးဂိတ် ၄  ခုမှာ လုံခြုံရေးတင်းကြပ်ပြီး ဂိတ်ဖြတ်သန်းခွင့်ကို ကန့်သတ်ထားတာကြောင့် လမ်းသွားလမ်းလာပြည်သူတွေအခက်ခဲဖြစ်နေတယ်လို့ ဖားကန့်မြို့နေပြည်သူတွေဆီကနေ သိရပါတယ်။ မြို့အဝင်မှာရှိတဲ့ စစ်တပ်ရဲ့ ယမ်းချက်စစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာထိပ် မျောက်ကုန်းစစ်ဆေးရေးဂိတ်၊ မဇွပ်ယန်ထောင်စစ်ဆေးရေးဂိတ်နဲ့ ၇ မိုင်ရွာ စစ်ဆေးရေးဂိတ်တွေမှာ  ဂိတ်ဖွင့်ချိန်ကန့်သတ်ထားတယ်လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရေမဆေးသမားတွေကညဘက်ပဲထွက်ရှာတာများတယ် တချို့လူသစ်တွေဆိုမသိကြဘူးလေး ဟိုနေ့ညလည်းရေမဆေးသမားနှစ်ယောက် ညမှာ အကြောင်းမသိပဲဖြတ်မိတာ။ ဖမ်းသွားတယ်ပြန်တော့လွတ်တယ် ဒါပေမယ့်သူတို့မှာပါတဲ့ ငွေသုံးသောင်းနဲ့ ကျောက်ကြည့်ဓာတ်မီးတွေတော့သိမ်းသွားတယ်တဲ့”လို့ သူကပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ဂိတ်တွေဟာ မနက် ၆နာရီနဲ့ ည ၆ နာရီအထိသာဖွင့်တာဖြစ်ပြီး အခုလိုအချိန်ကန့်သတ်ထားတာကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေနဲ့အများပြည်သူညဘက်သွားလာရေးခက်ခဲတယ်လို့ ရေမဆေးသမားတွေနဲ့နီးစပ်တဲ့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် မျောက်ကုန်းဂိတ်အနီးမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်ဖြင့် လမ်းသွားလမ်းလာပြည်သူတွေကို မကြာခန ဖမ်းဆီးပြီး ငွေညစ်နေတာလည်းဖြစ်ပါတယ်။ “ကျန်တဲ့နေရာမှာမရှိတော့ဘူး ဖားကန့်အနီးတဝိုက် အဲ့ဂိတ် ၄ ခုပဲရှိတော့တယ် အစစ်အဆေးကတော့မထင်ရင်မထင်သလိုကြမ်းတယ်။ တခါတလေ မူးမူးရူးရူးနဲ့ဆင်းလာပြီးမှရစ်တာ စစ်တာမဟုတ်ပဲရစ်တာကပိုဆိုးတယ်ဗျ ဂိတ်ကလေးညခြောက်နာရီနောက်ပိုင်းဆိုဖြတ်မရတော့ သွားချင်လာချင်လဲသွားလာလို့မရဘူးပေါ့ဗျာ”လို့ အသက် ၃၀ ကျော်အရွယ် ဖားကန့်မြိုခံအမျိုးသားတစ်ဦး ကပြောပါတယ်။ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ ဖားကန့်မြို့အလွန် မြို့ရဲ့အနောက်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး မြို့အဝင်အ ထွက်တွေကို အဲ့ဒီစစ်ဆေးရေးဂိတ်တွေကနေတင်းကြပ်နေတာလို့ သိရပါတယ်။ ဒေသခံတွေပြောပြချက်အရ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ် အင်အား ၃၀ နဲ့၅၀ ဝန်းအမြဲဂိတ်ထိုင်တယ်လို့သိရပြီး ဖားကန့်ကန့်ဗျူဟာကုန်းကစစ်သားတွေနဲ့တပ်အင်အားအမြဲအပြောင်းအလှဲလုပ်တယ်လို့ ဆိုရပါတယ်။ ဖားကန့်မှာ ၂၀၂၄ ခုနှစ်KIA၊KPDFပူးပေါင်းတပ်တွေဟာ  ဖားကန့်မြို့နယ်ထဲက စစ်ကောင်စီတပ်ထိုင်ထားတဲ့ကျေးရွာတွေဖြစ်တဲ့ တာမခံ၊နန့်ယား၊ဆယ်ဇင်း၊ဆိုင်းတောင်၊ဝှေခါ အစရှိကျေးရွာတွေနဲ့ ရှေ့တန်းစခန်းအမြောက်အများကိုသိမ်းပိုက်ထားပြီး လက်ရှိမှာတော့ဖားကန့်မြို့တွင်းတပ်နဲ့အထက်မှာဖော်ပြခဲ့တဲ့နေရာတွေသာကျန်ရှိတော့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jan- 2024 -
    19 January
    သတင်း

    ရွှေကူမှာ စစ်တပ်စခန်းနဲ့ ဂိတ်နေရာ ၄ ခု တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ရွှေကူမြို့မှာ စစ်ကောင်စီတပ်သားတွေရှိနေတဲ့နေရာ ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDFနဲ့ LPDF တွေက တစ်ချိန်တည်းမှာပဲ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ ရွှေကူမြို့အခြေစိုက် ခမရ ၆၀၂တပ်ရင်း၊ အထက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်၊ အောက်လေးလမ်းဆုံစစ်ဆေးရေးဂိတ်အပြင် ငဘတ်ကြီးကျေးရွာ ရဲစခန်းအပါ စုစုပေါင်း ၄ နေရာစလုံးကို ဒီကနေ့ ဇန်နဝါရီလ ၁၉ရက်နေ့ မနက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ မြို့လှ– KPDF နဲ့ ရွှေကူနယ် LPDF ပူးပေါင်းတပ်တွေက တစ်ချိန်တည်းမှာပဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနက် ၄နာရီလောက်ကတည်းကပြင်ဆင်ပြီးမှမနက် ၅နာရိီထိုးတော့ အဖွဲ့တွေခွဲပြီး ငါးနေရာကို ဝင်ပစ်ခဲ့တယ် အထက်လေးလမ်းဆုံနဲ့အောက်လေးလမ်းဆုံဘက်ကို လေးလုံးလေးလုံးစီပစ်ထည့်လိုက်တယ် တပ်ထဲကိုလည်း ၂လုံး ပစ်ထည့်လိုက်တာ။ အခု ပြာယာတွေခတ်နေကြတယ်လို့ ကြားသိရတယ်”လို့ ပြောပါတယ်။ အခုလိုသွားရောက်ပစ်ခတ်ရာမှာတော့ ပဒ်ိန်လက်လုပ်သေနတ်တွေအသုံးပြုပြီးတော့ ၆၀ မမ၊ ၈၀ မမ ဗုံးသီးတွေနဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်ရင်းထဲကို ၂လုံးစီ၊ ဘငတ်ကြီးရဲစခန်းကို ၂လုံးနဲ့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံကို ၄လုံးစီ နဲ့တစ်ပြိုင်နက်တည်းပစ်ခတ်ခဲ့တာလို့သိရပါတယ်။ ရွှေကူနယ်မှာ စစ်ကောင်စီတပ်က ခုရက်ပိုင်း ကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးဖို့ အထက်လေးလမ်းဆုံနဲ့ အောက်လေးလမ်းဆုံဘက်စစ်ရေးလှုပ်ရှားလာနေတာတွေရှိတာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုမရှိမရှိကိုတော့စုံစမ်းနေဆဲလို့သိရပါတယ်။ “ဒီကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့များ) က ဒီဘက်ကိုထွက်ချင်သလိုထွက်ချင်သလိုလာလုပ်နေလို့သွားပစ်တာပါ အဝေးထိန်းနဲ့ပစ်တာဆိုတော့ အထိအခိုက်ရတော့မသိရသေးဘူးအတည်ပြုတုန်း”လို့ အထက်မှာဖော်ပြပါ ရွှေကူနယ် LPDF တာဝန်ရှိသူကဆက်ပြောပါတယ်။ ဒီနေ့မနက် တစ်ချိန်တည်းမှာ နေရာစုံပစ်ခတ်သံတွေကြားခဲ့တာကြောင့်ရွှေကူမြို့ခံပြည်သူအချို့လည်း စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကဆ်ိုပါတယ်။ “မနက်က အိပ်ကောင်းတုန်းမှာ တဒုံးဒုံးနဲ့ကြားလိုက်တော့လန့်သွားတာပါ့ မြို့ကိုများဝင်သိမ်းနေပြီလားပေါ့ ဟိုဘက်အမှတ် ၂ ရပ်ကွက်ထိဝင်လာပြီးမှတောင်ပစ်သွားတာတဲ့ ပြေးတော့မပြေးကြဘူး ခနနဲ့ငြိမ်သွားတယ်လေး”လို့ရွှေကူမြို့ပေါ်က အမျိုးသမီးတစ်ဦး ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်ရှိတဲ့နေရာတွေ ပစ်ခတ်ခံရပြီးနောက် မိနစ်အနည်းငယ်အကြားမှာ ရွှေကူ ခမရ ၆၀၂ တပ်ရင်းနဲ့ ခလရ ၅၆ တပ်ရင်းတို့ကနေ ရွှေကူမြို့အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေဘက်ကို လက်နက်ကြီးလည်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ရွှေကူမြို့ပေါ်က စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေနဲ့ ငဘတ်ကြီးရဲစခန်း၊ ကျောက်ကြီးရဲစခန်းတွေကို KIAတပ်ရင်း ၅ ၊KPDF၊LPDF တပ်တွေက အရင်ကလည်း မကြာခနဒရုန်းနဲ့ဝင်ရောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ By – Zaw Zaw

    Read More »
  • 15 January
    သတင်း

    လုံးခင်းကျေးရွာ အဝင်စစ်ဆေးရေးဂိတ်မှာ ယမ်းကား သုံးဆီးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်အဝင်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ယမ်းကားသုံးဆီးဖမ်းဆီးခံရတယ်လို့  လုံးခင်းမှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ လုံးခင်းကျေးရွာအဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်တဲ့ ယမ်းချက်စစ်ရေးဂိတ်မှာ ဇန္နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ လုံးခင်းကျေးရွာဘက်ကိုဝင်လာတဲ့ ယမ်းကားသုံးစီးစစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့လို့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လုံးခင်းဘက်ကိုအဝင်ပေါ့ဘယ်ကလာတာလည်းတော့မသိရဘူး ၁၂ ဘီးကားကြီးပဲ သုံးစီးဟုတ်တယ်။ ကုမ္ပဏီက ယမ်းကားတွေဖြစ်ဖို့များတယ် တခြားကတော့မဟုတ်လောက်ဘူး”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ယမ်းကားသုံးစီးနဲ့အတူ ကားကမားတွေနဲ့ ကားနောက်လိုက်တွေလည်း ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကုမ္မဏီပိုင်ယမ်းကားဟုတ်မဟုတ်ကို KNGက  သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် တစ်ဖက်မှာတော့ လက်ရှိ ဖားကန့်ဝှေခါတစ်လျှောက်စစ်တပ်နဲ့ KIA တပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ချိန်ဖြစ်တာမို့ ဒီယမ်းကား ၃ စီးဟာ KIA,PDF တွေရဲ့ကားဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ဖားကန့် KPDF တပ်ဖွဲ့ာတာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်ကဖမ်းဆီးထားတဲ့ ယမ်းတင်ကားက သူတို့ဟာမဟုတ်ဘူးလို့ပြောပါတယ်။ “ကျွန်တော်တို့ဘက်ကတော့မဟုတ်ဘူးဗျ ကုမ္ပဏီတစ်ခုခုရဲ့ယမ်းကားပဲ ဖြစ်ဖို့များပါတယ်”လို့ ဖားကန့် PDF အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လုံးခင်းမှာလက်ရှိ ယမ်းချမ်းစစ်ဆေးရေးဂိတ်နဲ့ နှစ်မျက်နှာဘုရားရှေ့စစ်ဆေးရေးဂိတ်နှစ်ခုသာကျန်ရှိတော့ပြီးအဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာအရပ်သားတွေနဲ့ခရီးသည်၊ကုန်ကားတွေကိုအစစ်အဆေးတင်းကြပ်ထားတယ်လို့သိရပါတယ်။ ဖားကန့်မြို့အဝင်မှာရှိတဲ့ လယ်ပြင်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့က ရုပ်သိမ်းခဲ့ ပြီး အဲ့ဒီစစ်ဆေးရေးဂိတ်မှာထိုင်တဲ့စစ်သားတွေဟာ လက်ရှိ ယမ်းချက်ဂိတ်မှာပူးပေါင်းပြီးဂိတ်ထိုင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw

    Read More »
  • Dec- 2023 -
    28 December
    သတင်း

    ဖားကန့်မှာ စစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်တွေအများပိုင်းရုတ်သိမ်း

    ကချင်ပြည်နယ် ဖားကန်​မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပုံမှန်အစစ်အဆေးပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်တွေ အများပိုင်းရုတ်သိမ်းသွားပြီလို့သိရပါတယ်။ ဖားကန့်ဒေသမှာစစ်ကောင်စီတပ်က ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ ဖားကန့်မြို့ဝင်မြို့ထွက်နေရာက စစ်ဆေးရေးဂိတ်၊ လုံးခင်းဘက်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်က စစ်ဆေးရေးဂိတ်တွေ အောက်တိုဘာလကစပြီး ရုတ်သိမ်းသွားပြီဖြစ်တယ်လို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပုံမှန်စစ်ဆေးနေကြနေရာတွေမှာအခုအစစ်အဆေးမရှိတာကြာပြီဗျ။သူတို့တွေငြိမ်နေတာကြာပြီ…

    Read More »
  • Nov- 2022 -
    14 November
    သတင်း

    ဖမ်းဆီးခံထားသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီက ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေ

    အင်းတော်မြို့တွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးကို စစ်ကောင်စီမှ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း အင်းတော် ဒေသခံများထံမှသိရသည်။ ဖမ်းဆီးခံရသည့် လူငယ် ၂၀ ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့ အင်းတော်…

    Read More »
  • Aug- 2022 -
    27 August
    Covid-19

    ဝမ်တိန်မြို့တွင် ကိုဗစ် ပိုးတွေ့ရှိသဖြင့် ကုန်တင်ကား အဝင်အထွက်ကို ယာယီရပ်ဆိုင်း

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ကျင်းစန်းကျော့ နှင့် ထိစပ်နေသည့် တရုတ်ဘက်ဝမ်တိန်မြို့တွင် ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်း ကိုဗစ်ပိုးတွေ့ လူနာ ၁ ဦး တွေ့ ရရှိခဲ့သဖြင့် ဝမ်တိန်အတွင်းရှိ စစ်ဆေးရေးဂိတ်မှ ကုန်တင်ကားအဝင်အထွက်ကို ယာယီရပ်ဆိုင်းထားကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းမှ…

    Read More »
  • May- 2022 -
    28 May
    သတင်း

    မိုးညှင်း-နမ့်စီးအောင် ကြားရှိ စစ်တပ် စစ်ဆေးရေးဂိတ် အားလုံး ပြန်ရုပ်သိမ်း

    ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့် နမ့်စီးအောင်ကြားလမ်းပိုင်း ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များ အားလုံး ပြန်ရုတ်သိမ်းသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ မိုးညှင်း နှင့် နမ့်စီးအောင် လမ်းပိုင်းတွင် ၂၀၂၂ ခုနှစ် ဧပြီလ…

    Read More »
Back to top button