သတင်း

နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ် မီးရှို့ ဖျက်ဆီးခံရ

ပူတာအိုခရိုင် နောင်မွန်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုကို ယမန်နေ့ည (အောက်တိုဘာလ ၃၁ရက်) ၁၂ နာရီ ဝန်းကျင်ခန့်တွင် တစ်စစီ မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း သိရသည်။

ကျန်မာရေးအပါအဝင် စုပေါင်းဂိတ်တစ်ခုဖြစ်သော အဆိုပါစခန်းကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သွားရောက် မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“နောင်မွန်မြို့အဝင်ဂိတ် မီးရှို့ဖျက်ဆီးသွားတာက မှန်ပါတယ်။ အဲ့ဒီဂိတ်မှာက ကျန်မာရေး စစ်ဆေးပေးတယ်။ ခရီးသွားပြည်သူတွေကို မှတ်ပုံတွေစစ်တယ်။ နောက်ဌာနဆိုင်ရာဖြစ်တဲ့ မီးသတ်နဲ့ရဲလည်းရှိတယ်။ စုပေါင်းဂိတ်လို့ပြောလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာ ကိုဗစ်ပိုပြီး စစ်ကြတယ်။ မီးရှို့ဖျက်ဆီးတာက ဘယ်အဖွဲ့အစည်းက လာရောက်ရှို့သွားတာကို အသိဘူးရလို့ပြောတယ်” ဟု ပြောဆိုသည်။

နောင်မွန်မြို့တွင် ယခုလို မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နောင်မွန်ဒေသသည် စစ်ကောင်စီလက်အောက် ဌာနေပြည်သူ့စစ်အဖွဲ့က စိုးမိုးကာ အုပ်ချုပ်သည့် နယ်မြေလည်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့်အပတ်ကလည်း စစ်ကောင်စီ ပြည်နယ် ဥက္ကဋ္ဌ ဦးခက်ထိန်နန်မှ အဆိုပါဒေသသို့ သွားရောက်ကာ စည်းရုံးမှုများပြုလုပ်ခဲ့သည်။

Related Articles

Back to top button