ဆော့လော်

  • Oct- 2024 -
    14 October
    သတင်း

    ချီဖွေ – ပန်ဝါဒေသ တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူတွေစစ်ရေးသတိထားနေထိုင်ဖို့ KIO ပြော

    ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော်နဲ့ ပန်ဝါဒေသတွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးအထူးသတိထားပြီးနေထိုင်ကြဖို့ KIO သတိပေးလိုက်ပါတယ်။ ပန်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ၁၀၀၂ တပ်ရင်းရှိရာ လုပြည်ကျေးရွာ(ဒေသအခေါ်) လောက်ပြည်ရွာမှာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီဘက်နေ တိုက်ပွဲဖြစ်နေတဲ့ နေရာကို ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးကို အထူးဂရုစိုက်ပြီး နေထိုင်ကြဖို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ဒေသတွေမှာ စစ်ရေးတင်းမာနေသလို ထိတွေ့တိုက်ပွဲတွေလည်း နေ့တိုင်းရှိနေပါတယ်။ ဒါကြောင့် အားလုံးသတိထားနေထိုင်ဖို့ပြောချင်ပါတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်းကို  KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ စတင်တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး ဒီကနေ့ အထိ တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။ အဲဒီ လောက်ပြည်ကျေးရွာရှိ ၁၀၀၂ တပ်ရင်ဟာ ကချင်အထူးဒေသ(၁) ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့တစ်ခုလုံးကို ကာကွယ်ပေးနေတဲ့ ရှေ့တန်း တပ်ရင်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လောက်ပြည် တပ်ရင်းလက်မလွတ်ရေးအတွက် လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလို ဆက်ပြောပါတယ်။ “ပန်ဝါမရောက်မှီ လုပြည်နယ်ခြားစောင့်တပ်ရင်းမှာ မနေ့ကလည်း တစ်ရက်လုံးတိုက်ပွဲဖြစ်တယ်။ ဒီကနေ့မှာလည်း မနက်ပိုင်း ၈ နာရီကနေ Y – 12 လေယာဉ် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်”လို့ပြောပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ဖုန်းအင်တာနက် အခက်အခဲတွေကြောင့် တိုက်ပွဲဲဖြစ်ပွားတဲ့ အခြေနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ KIA ပူးပေါင်းတပ်တွေဟာ စက်တင်ဘာလ ၂၉၊ ၃၀ ရက်တွေမှာ ပြည်သူ့စစ်အဖွဲ့အဓိက ထိန်းချုပ်ထားတဲ့ ချီဖွေနဲ့ ဆော့လော်မြို့ နှစ်ခုကို အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ သိမ်းပိုက်မှု တစ်ပတ်ကျော်အတွင်းမှာပဲ KIA ရဲ့ စခန်းသိမ်းတိုက်ပွဲဟာ မြေရှားသတ္တုတူးဖော်တဲ့ ပန်ဝါဒေသဘက်ကို ဦးတည်လာနေပြီးတော့ လောက်ပြည် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို ထပ်မံတိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • 14 October
    သတင်း

    ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်း မလုပ်မနေရ ပြည်သူ့စစ်စုဆောင်းနေ 

    ကချင်ပြည်နယ် ကံပိုင်တည်မြို့မှာ ပြည်သူ့စစ်အဖွဲ့က တပ်သားစုဆောင်းတာတွေ အပူတပြင်းလုပ်နေတယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ စက်တင်ဘာ၂၉ ရက်နေ့ ကချင်ပြည်နယ် ချီဖွေနဲ့ ဆော့လော်မြို့ကို KIA ပူပေါင်းတပ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း ကံပိုင်တည်မြို့မှာ တစ်အိမ်တစ်ယောက်နှုန်းမလုပ်မနေရစနစ်နဲ့ တပ်သားသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “တစ်အိမ်တစ်ယောက်နှုန်းနဲ့ အဖိုးကြီးဖြစ်ဖြစ်အဖွားကြီးဖြစ်ဖြစ် မိန်းမယောက်ကျားမရွေးဘူး အကုန်လုံးကို ဖမ်းထားတယ် မိန်းကလေးတွေကိုရော အများကြီးပေါ်တာဆွဲခံထားရတယ်”လို့ ပြောပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဟာ အောက်တိုဘာလ လဆန်းပိုင်းကစပြီး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ်လုပ်ပေးဖိုတောင်းဆိုတာတွေပြုလုပ်ပြီးမှ ရောက်မလာတဲ့ အိမ်တွေကို အိမ်တိုင်ရာရောက်ဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းဖမ်းဆီးတာအပြင် ကံပိုင်တည်မြို့မှာ အနယ်နယ်အရပ်ရပ်က အလုပ်လုပ်ဖို့ရောက်လာတဲ့သူ အသက် ၁၈ နှစ်နဲ့ ၃၀ ဝန်းကျင် လူငယ်၊လူလတ်ပိုင်းတွေကို နေရာဒေသမရွေးဖမ်းဆီးနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လူငယ်တွေ ကုမ္မဏီဝန်ထမ်းတွေရောပါတယ် လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာရောဝင်ဆွဲတယ် ကားမောင်းတဲ့သူတွေကိုတော့ ခေါ်ချင်မှခေါ်တယ်။ ကားတွေတော့ မောင်းတော့ မောင်းနေကြပေမယ့် ကြောက်ကြောက်နဲ့မောင်းနေရတာပေါ့”လို့ ပြောပါတယ်။ လက်ရှိ တပ်သားသစ်ဖမ်းဆီးနေတဲ့အဖွဲ့က  ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ နယ်ခြားစောင့်တပ်လက်အောက်ခံ ဦးဘောမ်လန်းပြည်သူ့စစ်အဖွဲ့လို့သိရပြီး လူမျိုးဘာသာမရွေးဖမ်းဆီးခေါ်ဆောင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ခုလိုအခြေအနေတွေကြောင့် ကံပိုင်တည်ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့နေနေရတဲ့ ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူတွေလည်း အခက်ခဲအမျိုးမျိုးရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေပြောပါတယ်။  ကချင်– တရုတ်နယ်စပ်မှာရှိတဲ့ ကန်ပိုင်တည်မြို့ဟာ ဝိုင်းမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင်၂၀၈.၅၉ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး လူဦးရေအနေနဲ့ ၅၄၆၀ ဦးရှိပြီး ခရစ်ယာန်အများစုနေထိုင်တယ်ဒေသဖြစ်တယ်လို့  မြစ်ကြီးနားခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူးပေါင်းတပ်က ဇွန်လ ၁၀ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ထားပြီး ဝိုင်းမော်– ဆဒုံးမြို့ထိ ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ By – Hope

    Read More »
  • May- 2024 -
    8 May
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဆော့လော်မြို့နယ်မှာ မြို့တွင်းတပ်တစ်ခုသာ ကျန်ရှိ

    ဆော့လော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ဧပြီလ လဆန်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိ ဆော့်လော်မြို့တွင်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့၊ ဆော့လော်မြို့တွင်း အခြေစိုက်…

    Read More »
  • Apr- 2024 -
    29 April
    သတင်းဆောင်းပါး

    ချီဖွေ-ဆော့လော်မြို့နယ်ဘက် စစ်ရေး တင်းမာလာ

    စစ်ရေးလှုပ်ရှားမှု နည်းပါးခဲ့တဲ့ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ် ချီဖွေ၊ ဆော့လော်ဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားတိုးချဲ့လာပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဆော့လောမြို့အနီးရှိ စစ်ကောင်စီ လက်အောက်ခံ မျောမော ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်…

    Read More »
  • 11 April
    သတင်းphoto- ရှေ့တန်းတစ်နေရာက KIA တပ်ဖွဲ့ဝင်များ

    ဆော့လော် ဒု-တပ်ရင်းမှူးကို ဖမ်းဆီးပြီးနောက် ဆော့လော် ပြည်သူ့စစ်စခန်းတစ်ခု KIA တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ဆော့လော်မြို့နယ်််မှာ စစ်ကောင်စီတပ် အဝင်အထွက်ပြုလုပ်နေတဲ့ ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီး ပြည်သူ့စစ်တပ်သား ၆ ဦးနဲ့တကွ လက်နက်ခဲယမ်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ သိရပါတယ်။ ချီဖွေမြို့ကနေ ဆော့လော်ကိုသွားတဲ့ လမ်းပိုင်း၊ ဆော့လော်မရောက်မှီ ၅ မိုင်လောက်အကွာမှာတပ်ချထားတဲ့ မျောမော(Myaw Maw)ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကို KIA က ဧပြီလ ၁၁ ရက်နေ့ ဒီနေ့ မနက်ပိုင်း ၆ နာရီလောက်မှာသွားရောက် တိုက်ခိုက် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကို ပြောပါတယ်။ “သူက စစ်တပ်စခန်း မဟုတ်ဘူး။ ပြည်သူ့စစ်စခန်းကို သွားသိမ်းတာဟုတ်တယ်။ ပြည်သူ့စစ်တပ်သား ၆ ယောက်ကို ဖမ်းဆီးရမိတယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်းပါတယ်။ တခြား ပြည်သူ့စစ်စခန်းတွေလည်း ကျန်သေးတယ်။ အခုသိမ်းလိုက်တဲ့ ပြည်သူ့စစ်စခန်းက ဆော့လော်နဲ့ အနီးဆုံးဖြစ်တဲ့နေရာက…

    Read More »
  • Nov- 2023 -
    3 November
    သတင်း

    ဆော့လော် PDF တပ်သား ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်း

    ကချင်ပြည်နယ် ချီဖွေခရိုင် ဆော့လော်မြို့နယ်မှာရှိတဲ့ ဆော့်လော် PDF တပ်သား  ၈ ဦး စစ်ကောင်စီထံ ဘက်ပြောင်းသွားတယ်လို့ ဆော့်လော်ဒေသခံတွေဆီက ပြောပါတယ်။ အဲဒီ ဆော့လော် PDF တပ်သား ၈ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂…

    Read More »
  • Mar- 2023 -
    23 March
    သတင်း

    အခွန်ကောက်ခံသည့်ဂိတ် များလာသောကြောင့် ဆော့လော်ဒေသခံများ အစားအသောက် အခက်ကြုံ

    ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့ရာတွင် အခွန်ကောက်ခံသည့် ဂိတ်ပိုမိုများလာသောကြောင့် ဆော့လော်မြို့တွင် ကုန်စျေးနှုန်းမြင့်တက်လာသည့် အခက်အခဲကို ဒေသခံများ ရင်ဆိုင်နေရကြောင်း သိရသည်။ မြစ်ကြီးနားမြို့ မှ ဆော့လော်မြို့နယ်သို့သွားရာ လမ်းတစ်လျှောက် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်၊ စစ်ကောင်စီထိန်းချုပ်ရာ ဂိတ်များတွင် ဓာတ်ဆီ နဂါးပုံးတစ်ပုံးကို ၅ ထောင်ကျပ်၊…

    Read More »
  • May- 2022 -
    6 May
    တိုက်ပွဲ

    ဆော့လော်တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှု ရှိသဖြင့် ဒေသခံများ၏ ဖုန်း နဲ့ စကားပြောစက် သိမ်းဆည်း

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇၊ ဆော့လော်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုရှိခဲ့ပြီးနောက် ဒေသခံတွေရဲ့ ဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းများကို စစ်တပ်က သိမ်းဆည်းနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့ ဆော့လော်မြို့နယ်…

    Read More »
  • Apr- 2022 -
    13 April
    သတင်း

    စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့ကို KIA နှင့် PDF တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်း

    ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၆ နယ်မြေ ဆော့လော်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်အောက် ပြည်သူ့စစ်အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF မှ တိုက်ခိုက်ပြီး လက်နက်အချို့ သိမ်းဆည်းရမိကြောင်း သိရသည်။ ဧပြီလ ၁၂ ရက်ညနေပိုင်း ဆော့လော်မြို့…

    Read More »
  • Nov- 2020 -
    24 November
    သတင်း

    ဆန်ပြတ်လတ်နေသော ဆော့လော်မြို့နယ်အတွက် အစိုးရက ထောက်ပံ့ပေး

    Covid-19 နှင့် သဘာဝဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသော ဆော့လော်မြို့နယ်ပြည်သူများအတွက် ပြည်ထောင်စုအစိုးရက ဆန်ထောက်ပံ့ပေးထားကြောင်း သိရသည်။ ပြောင်းဖူးခင်းပိုးဖျက်ခံရခြင်းနှင့် Covid-19 ကြောင့် စစ်ဆေးရေးဂိတ်များတင်းကြပ်သွားပြီးနောက် တရုတ်နိုင်ငံဘက်မှ ဆန်သယ်ယူရန်ခက်ခဲသွားသောကြောင့် ပြည်ထောင်စုအစိုးရထံတောင်းပေးရခြင်းဖြစ်သည်ဟု လက်ရှိ ဆော့လော်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်…

    Read More »
Back to top button