နယ်စပ်ဂိတ်

  • Feb- 2026 -
    27 February
    သတင်း

    ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား

    KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး  ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်  ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ  ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။  လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့  မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။ ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။ ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။ “မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။  လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။  ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Oct- 2025 -
    29 October
    သတင်း

    တရုတ်အစိုးရနဲ့ ညှိနှိုင်းမှုရရှိပြီး နယ်စပ်ဂိတ်တွေ ဖွင့်လိုက်တာမဟုတ်ကြောင်း KIO ပြော

    ကချင်ပြည်နယ်ထဲက တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လိုက်တာဟာ တရုတ်အစိုးရနဲ့ သဘောတူညီချက်၊ တစ်စုံတရာ ညှိနှိုင်းမှုရလို့ ဖွင့်ပေးလိုက်ခြင်းမဟုတ်ဘူးလို့ KIO ပြောပါတယ်။ တစ်နှစ်ဝန်းကျင်ခန့် ပိတ်ထားတဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ လိုင်ဇာ၊ ပန်ဝါ၊ ဖီမော် စတဲ့နယ်စပ်ဂိတ်တွေကို အောက်တိုဘာလ…

    Read More »
  • Jan- 2025 -
    2 January
    သတင်း

    ကချင် နယ်စပ်ဒေသ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်ဖို့ KIO ဥက္ကဋ္ဌ ဖိတ်ခေါ်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ရရှိထားတဲ့ နယ်စပ်ဒေသတွေမှာ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ လူထုအင်အား ပူးပေါင်းပါဝင်မှု အများအပြား လိုအပ်နေတယ်လို့ KIO ဥက္ကဋ္ဌ နှစ်သစ် မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ စစ်ဆင်ရေးဟာ ၂၀၂၄ ခုနှစ်အတွင်း ကချင်နဲ့ တရုတ်ထိစပ်တဲ့ နယ်စပ်တစ်ကြောက လွယ်ဂျယ်၊ ကန်ပိုင်တည်၊…

    Read More »
  • Dec- 2024 -
    16 December
    သတင်း

    အိန္ဒိယ-မြန်မာ ပန်ဆောင်နယ်စပ်ဂိတ်ပြန်ဖွင့်ပေမယ့် ကန့်သတ်ချက်ရှိနေ

    နာဂလက်နက်ကိုင်ပဋိပက္ခကြောင့် ၇ နှစ်ကျော်ကြာ ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ် ပြန်ဖွင့်လိုက်ပြီလို့ တမူးဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်နေ့  အိန္ဒိယ-မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်တယ်လို့ တမူးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖွင့်တော့ပြန်ဖွင့်ပြီ ဒါပေမယ့် အရင်လိုကြီးတော့မဟုတ်သေးဘူး။ အရင်က ဆိုင်ကယ်တွေနဲ့သွားလို့ရတယ် အခုကဆိုင်ကယ်တွေကိုနယ်စပ်စည်းအထိပဲ အိန္ဒိယထဲထိမရဘူးတဲ့”လို့ အသက် ၃၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။ မြန်မာပြည်ဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ကနေ အိန္ဒိယဘက်ခြမ်း နယ်စပ်မြို့ဖြစ်တဲ့ နမ်ပေါင်မြို့အထိ မိုင် ၂၀ ခန့်ဝေးပြီး ကိုဗစ်မတိုင်မှီ နမ်ပေါင်မြို့အထိ ဆိုင်ကယ်နဲ့ကုန်ပစ္စည်းသွားဝယ်လို့ရပေမယ့် ဒီတစ်ကြိမ်ပြန်ဖွင့်ရာမှာတော့ ဆိုင်ကယ်နဲ့ခွင့်မပြုပဲ ခြေလျှင်နဲ့သွားဝယ်နေရတယ်လို့  သိရပါတယ်။ “ဆိုင်ကယ်ကိုတော့ပန်ဆောင်ငါးမိုင်ဂိတ်မှာထားထားရတယ် အရင်လိုပဲ သောကြာနေ့တစ်ရက်ပဲသွားလို့ရတယ်…

    Read More »
  • Nov- 2024 -
    26 November
    သတင်း

    ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ တစ်သျှူငှက်ပျောကား သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်က ကုန်ကားမဝင်သေး

    မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်မှာ တစ်သျှူးငှက်ပျောကား သွားလာခွင့်ရရှိနေပြီဖြစ်ပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မြန်မာပြည်ဘက် ဝင်ရောက်တာမရှိသေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပိုင်တည် မြို့သိမ်းတိုက်ပွဲကြောင့် ပိတ်ထားတဲ့ နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့  KIA ဘက်က ပြန်ဖွင့်လိုက်ပြီး တစ်သျှူငှက်ပျောကားတွေကို သွားလာခွင့်ပြုနေပြီလို့ ကန်ပိုင်တည်ဒေသခံတစ်ဦး KNG ကိုပြောပါတယ်။ “KIA တွေက သစ်သျှူးငှက်ပျောတင်တဲ့ ကားတွေကိုပြန်သွားခိုင်းနေပြီ။ တရုတ်ဘက်က ကုန်ကားတွေပြန်ဝင်ဖို့ စောင့်နေတဲ့အခြေအနေမှာဟုတ်တယ်။ တကယ့်လို့ KIA ဘက်က သစ်သျှူးကားတွေ သွားခွင့်ပေးနေပေမယ့် တရုတ်ဘက်က ကုန်ကားတွေ မဝင်လာရင်တော့ KIA ဘက်ကလည်း ပြန်ပိတ်လိုက်မလားတော့မသိဘူး”လို့ပြောပါတယ်။ မြို့သိမ်းတိုက်ပွဲမဖော်ဆောင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လစပြီး ကချင်အထူးဒေသ ၁ နယ်မြေတွင်းရှိ ကံပိုင်တည်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ဆဒုံးမြို့ကို KIA သိမ်းပိုက်လိုက်တဲ့အတွက် နယ်စပ်ဂိတ်ကို ဩဂုတ်လကနေ အောက်တိုဘာလ ၂၂ ရက်နေ့ထိ စစ်ရေးအခြေနေကြောင့် တစ်လကျော်ပိတ်ထားခဲ့ပါတယ်။ သို့သော် စစ်တပ်ထိန်းချုပ်မှုရှိနေသေးတဲ့ ကံပိုင်တည်နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကန့်အသတ်နဲ့ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။ မြို့ကို KIA သိမ်းပိုက်ပြီး တစ်ပတ်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့စတင်ကာ တရုတ်ဘက်ခြမ်းထွက်မယ့် တစ်သျှူးငှက်ပျောကားတွေကို  KIA ကထွက်ခွင့်ပေးလိုက်ပြီး ဂိတ်ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။ ဒေသခံတွေပြောဆိုချက်အရ လတ်တလောမှာ တစ်သျှူးငှက်ပျောကားတွေ ဝင်ထွက်သွားလာခွင့်ရနေပမေယ့် တရုတ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်မယ့် ကုန်ကား၊စက်သုံးဆီကားတွေတော့ ဝင်ခွင့်မရသေးဘူးလို့လည်း သိရပါတယ်။ ကန်ပိုင်တည်ဒေသခံ တစ်ချို့ရဲ့ ပြောဆိုချက်အရ KIO အစိုးရရဲ့ အုပ်ချုပ်ယန္တရားစတင်လည်ပတ်တာနဲ့ တရုတ်ဘက်က ကုန်ကားတွေဝင်ရောက်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ “တရားဝင်ပြောဆိုတာမျိုးတော့မဟုတ်ဘူး။ အပြင်မှာ အချင်းချင်းပြောဆိုနေကြတာက ဒီရက်ပိုင်း KIO ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်နေပြီ။ အဲဒါပြီးတာနဲ့ ကုန်တင်ကားတွေလည်း အရင်ကလို ပြန်ပြီး လည်ပတ်တော့မယ်လို့ ကြားသိထားတယ်။ အခုတောင်မှ ကုန်ကားတစ်ချို့ နည်းနည်းပါးပါးသွားလာနေပြီ”လို့ နောက်ထပ် ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလ မကုန်ခင်ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ ယခင်ကလို ပြန်ပြီး လည်ပတ်နိုင်ဖို့အခြေအနေရှိတယ်လို့ ကုန်ပိုင်တည်ဒေသခံ သုံးသပ်နေကြတာလည်းဖြစ်ပါတယ်။ KIO အစိုးရအနေနဲ့ ကန်ပိုင်တည်မြို့မှာ အုပ်ချုပ်ရေးယန္တရားစတင်ဖော်ဆောင်တော့မယ်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။ တရုတ်အစိုးရဘက်ကနေ ဒီကနေ့ အထိ ကချင်ပြည်နယ်ထဲကို စားသောက်ကုန်ပစ္စည်းနဲ့ စက်သုံးဆီတွေ တင်သွင်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားမြို့အပါ တခြား မြို့နယ်အသီးသီးမှာ ကုန်ပစ္စည်းပြတ်လပ်နေတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်တဲ့အခက်အခဲကို ပြည်သူတွေ နေ့စဉ် ရင်ဆိုင်ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ နေ့မှာ KIA က ပန်ဝါမြို့သိမ်းလိုက်တဲ့နောက် နာရီပိုင်းအတွင်းမှာပဲ ကန်ပိုင်တည်နယ်စပ်ဂိတ်အပါ ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ် – မြန်မာ နယ်စပ်ဂိတ်အားလုံးနီးပါး တရုတ်အစိုးရဘက်က ပထမအကြိမ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2024 -
    24 October
    သတင်း

    ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ

    ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့်  ကချင်အထူးဒေသ ၁ ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။ KIA ထိန်းချုပ်မှုအောက် တရုတ်–မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ ၁ အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ ကမ့်ဖန့်နယ်စပ်ဂိတ်ရှိပါတယ်။ အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ ၁ အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကမ်းဖန့်ဂိတ်နဲ့အမှတ် ၇ နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပါတယ်။  သို့သော် ဖီမော်မြို့နယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဖီမော်ဒေသခံအမျိုးသားတစ်ဦး  KNG ကိုပြောပါတယ်။ “ ဖီမော်နယ်စပ်ဂိတ်ကတော့ဖွင့်ပါတယ်။ ဒီမှာတော့ ပစ္စည်းပုံမှန်ယူနေကြတယ်။ ပန်ဝါဘက်ကပိတ်သွားပေမဲ့ ဒီမှာတော့ပုံမှန်အတိုင်းပဲ။ ဖီမော်မှာက ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းတွေရှိတယ်။ ဒါတွေလည်း ဆက်လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။ ကချင်အထူးဒေသ ၁ ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကမ့်ဖန်နယ်စပ်ဂိတ်၊ အမှတ် ၇ နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊  တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိတ်တွေမှာ ၂၀၂၀ ကိုဗစ်ကူးစက်ရောဂါဖြစ်ချိန်ကစလို့ တရုတ်နိုင်ငံထဲကိုတော့ မြန်မာနိုင်ငံသားတွေကို ဒီနေ့အထိပေးမဝင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်ပြည်သားတွေတော့ ဒီဂိတ်တွေမှာအဝင်အထွက်လုပ်လို့ရတယ်။ မြန်မာပြည်သားတွေတော့မရဘူး။ ဒီဘက်ကမှာ တရုတ်ကနေဈေးရောင်းတဲ့သူတွေ၊ သံသတ္တုလုပ်တဲ့သူတွေ၊ ကျောက်ဖြူလုပ်ငန်းလုပ်တဲ့ သူတွေတော့ဝင်လာကြတယ်။ မြန်မာပြည်သားတွေကတော့ ကိုဗစ်ပြီးကတည်းကပဲဝင်လို့မရတော့တာ”လို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။ ကချင်အထူးဒေသ ၁ နယ်မြေတစ်ဝှိုက်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တောက်လျှောက် အရှိန်မြင့်လာတာနဲ့ အတူ ကံပိုင်တည်နယ်စပ်ဂိတ်မြို့ကိုပါ KIA ပူးပေါင်းတပ်ဘက်က ဆက်လက်သိမ်းပိုက်ဖို့ ဦးတည်နေပြီး တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာပိတ်လိုက်ထားပါတယ်။ တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြို့တွေကို KIA မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့တစ်ပြိုင်နက်ထဲ တရုတ်နိုင်ငံဘက်က KIA ကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာမျိုးလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ပြည်တွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်စွက်ဖက်နေတယ်လို့  နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ထပ်လောင်း ပြောဆိုထားပါတယ်။ By – အမိုး

    Read More »
  • Apr- 2024 -
    12 April
    သတင်း

    လွယ်ဂျယ်နယ်စပ်ဂိတ်ဖွင့်လိုက်ပြီး KIO အစိုးရ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်

    ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားပြီဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတရားဝင်တံခါးပေါက်ကို စတင်ဖွင့်လိုက်ပြီး KIO ရဲ့ အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီလို့ သိရပါတယ်။ တိုက်ပွဲကြောင့် ၂ ပတ်အကြာပိတ်ထားတဲ့ နယ်စပ်ဂိတ်တံခါးပေါက်နဲ့ ဆေးရုံးတွေကို KIO ရဲ့ အုပ်ချုပ်မှုအောက် ဧပြီလ ၁၁…

    Read More »
  • 9 April
    သတင်း

    KIA သတိပေးထားတဲ့နောက်ဆုံးရက်မတိုင်မှီ လွယ်ဂျယ်စစ်တပ်တရုတ်သို့ထွက်ပြေး

    “စစ်သားတွေကို မနေ့ကနောက်ဆုံးထွက်ဖို့ သတိပေးထားတယ်။ မထွက်ရင် ပစ်မယ်ဆိုပြီး KIA က အင်အားတွေ ထပ်တိုးထားပြီးတော့ ဝိုင်းရံထားတာဟုတ်တယ်။ သူတို့ဘက်ကလည်း ကြောက်လာလို့ထင်တယ်။ မနေ့ညက အကုန်ထွက်သွားကြပြီ”လို့ပြောပါတယ်။

    Read More »
  • Sep- 2023 -
    25 September
    သတင်း

    တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ

    မြန်မာ–တရုတ်နယ်စပ် မူဆယ်မြို့၊ နယ်စပ်ဂိတ်ဖွင့်ပြီးနောက် မြန်မာနိုင်ငံသားထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ သိရပါတယ်။ နယ်စပ်ဝင်ထွက်ခွင့် TBP ကတ်ပြုလုပ်ဖို့  စက်တင်ဘာလ ၁၇ ရက် ကနေ  ၂၉ ရက်နေ့အထိ တုံကင်လက်ခံရရှိထားတဲ့ လူဦးရေ ၆,၅၀၀ ပြည့်သွားပြီလို့ ဖြစ်တယ်လို့ မူဆယ် နယ်စပ်ဖြတ်ကျော်ရေး ကူညီပေးနေသူတစ်ဦးက KNG ကို…

    Read More »
  • Jul- 2023 -
    19 July
    သတင်း

    နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီအသစ်ထုတ်းပေးမှု ပိတ်ထားဆဲဖြစ်ပြီး ပွဲစားတွေကို ၁၀ သိန်းအထက် ပေးဆောင်နေရ

    ကချင် – တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှာ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီ အသစ်လုပ်ပေးတာကိုပိတ်ထားပြီး ပွဲစားကနေတစ်ဆင့် ကျပ်ငွေ ၁၀ သိန်းအထက် ပေးဆောင်မှသာ သွားလာခွင့်ရရှိနေတဲ့အတွက် ပိတ်ဆို့နေတဲ့ခရီးသည်ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စာအုပ်က ရမလား ရမလားဆိုပြီးစောင့်နေကြတာ လကျော်ရှိလာတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့မစောင့်နိုင်တဲ့…

    Read More »
Back to top button