ပူတာအို
-
May- 2026 -25 Mayသတင်း
ကျောင်းအပ်နှံရေးပွဲအကြောင်းပြပြီး မြစ်ဆုံလူထုတွေ့ဆုံပွဲပြုလုပ်
ကချင်ပြည်နယ် ပူတာအိုမြို့မှာ မေလ ၂၂ ရက်နေ့ မနေ့ကကျင်းပခဲ့တဲ့ “ကျောင်းအပ်နှံရေးနေ့” အခမ်းအနားအတွင်း ကျောင်းသား၊ ကျောင်းသူတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ မြစ်ဆုံစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ တက်ရောက်စေခဲ့တယ်လို့ တက်ရောက်ခဲ့တဲ့ ကျောင်းသားမိဘတွေဆီကသိရပါတယ်။
Read More » -
17 Mayမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် မချမ်းဘော့မြို့ခံတွေ စည်ပင်ရေ ဝယ်သုံးသူ များလာ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက မချမ်းဘော့မြို့မှာ ရွှေအလွန်အကျွံတူးဖော်မှုကြောင့် မြို့ခံတွေ သောက်သုံးရေ ခက်ခဲလာပြီး စည်ပင်ရေ ဝယ်သုံးရတဲ့သူတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။
Read More » -
14 Mayသတင်း
ပူတာအိုမြို့လယ်ခေါင်မှာ ရဲကင်း ထိုင်ပြီး အခွန်ကောက်နေမှုကြောင့် ဒေသခံများ အခက်တွေ့
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး အခွန်ကောက်ခံနေမှုကြောင့် အခက်အခဲကြုံနေရတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ဆိုပါတယ်။ ပူတာအိိုမြို့ လေယာဥ်ကွင်းရပ်ကွက်ထဲက သားအဖ သုံးယောက်ရုပ်တုအနီးရှိ မြစ်ကြီးနား–ပူတာအိုကားလမ်းနဲ့ ပူတာအို–ခေါင်လန်ဖူး၊ နောင်မွန်သွားတဲ့ သုံးလမ်းဆုံနေရာမှာ စစ်ကောင်စီ…
Read More » -
Apr- 2026 -27 Aprilသတင်း
ပူတာအို-မြစ်ကြီးနားလမ်းပိုင်း ခရီးသွားများသတိထားသွားလာကြဖို့ပြော
ပူတာအို - မကနလမ်းပိုင်းမှာ ဒီရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးလှုပ်ရှားနေတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။
Read More » -
20 Aprilမြေယာနှင့် သဘာဝပတ်ဝန်းကျင်
ပူတာအိုဒေသရဲ့ အထင်ကရ မူလာချောင်းမှာရွှေတူးဖော်တာကို တားမြစ်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ် ပူတာအိုဒေသရဲ့ အထင်ကရချောင်းတစ်ခုဖြစ်တဲ့ မူလာချောင်းထဲမှာ ရွှေအလွန်အကျွံတူးဖော်နေတာတွေကိုတားမြစ်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
Read More » -
20 Aprilသတင်း
ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်း အမြန်ပြုပြင်ပေးဖို့ဒေသခံတွေတောင်းဆို
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးဒေသရှိ ရီဒမ်းမှ ခေါင်လန်ဖူးမြို့ကိုဆက်သွယ်ထားတဲ့ ကျောက်ချောလမ်းဟာ မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းပြိုကျပျက်စီးနေတဲ့အတွက် သက်ဆိုင်ရာအာဏာာပိုင်တွေအနေနဲ့ အမြန်ဆုံးပြုပြင်ပေးကြဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။
Read More » -
3 Aprilသတင်း
ပူတာအိုမှာ နွားတွေအနာဖြစ်ပြီး သေဆုံးမှုရှိနေ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေမှာ ဒီရက်ပိုင်း နွားတွေအနာဖြစ်ပြီးသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ မတ်လကစပြီး ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့မြို့နဲ့နီးတဲ့ ခင်ဖန်၊ ဂျူဗလီ၊လမယ်ဂါဂျီစတဲ့ရွာတွေဘက်မှာ နွားတွေသေဆုံးမှုဆက်တိုက်ဖြစ်နေကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ပြီးခဲ့တဲ့တစ်ပတ်လောက်ပဲရှိအုံးမယ် ကုန်ပေါ်(ကောင်ကထောင်ရပ်ကွက်)မှာတစ်ကောင်သေတယ် နောက်ပြီး ခင်ဖန်ဘက်မှာလည်းတစ်ကောင်သေနေတယ်တဲ့ ဟိုရက်လည်းသုတ္တန်ဘက်ကထင်တယ်…
Read More » -
Mar- 2026 -23 Marchသတင်း
ပူတာအို-မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်
ကချင်ပြည်နယ်အတွင်း လေကြောင်းလိုင်းအားလုံးရပ်နားသွားတဲ့နောက် ပူတာအို– မြစ်ကြီးနားကားခ ကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမားတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး မြစ်ကြီးနား လေကြောင်းလိုင်းအားလုံးရပ်နားလိုက်ပြီးနောက် မြစ်ကြီးနား–ပူတာအိုကြား ခရီးသည်တစ်ဦးကို ကားခကျပ်သုံးသိန်းအထိမြင့်တက်သွားကြောင်း ကားသမားတစ်ဦးက KNG ကိုပြောပါတယ်။ “ကားခက…
Read More » -
20 Marchသတင်း
ပူတာအို-ခေါင်လန်ဖူးကားလမ်းပိုင်း မြေထပ်ပြိုလို့ ဒေသခံတွေသွားလာရေးပိုခက်ခဲလာ
ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်း မနှစ်ကမြေပြိုတဲ့နေရာတွေမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားလာရေးပိုခက်ခဲသွားကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်မှာတစ်ကြိမ်၊ ဇွန်လမှာတစ်ကြိမ် နှစ်ကြိမ်တိတိကားလမ်မြေပြိုမှုဖြစ်ခဲ့တဲ့ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းကို ဒီနေ့ထိလမ်းပြုပြင်နိုင်ခြင်းမရှိတဲ့အတွက် ဆိုင်ကယ်နဲ့သာသွားလာနေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာပဲ ဒီနှစ် မတ်လမှာ မြေထပ်ပြိုသွားတာကြောင့် ဒေသခံတွေသွားရေးလာရေးပိုမိုခက်ခဲသွားကြောင်း ခေါင်လန်ဖူးမြို့ခံအမျိုးသမီးတစ်ဦး KNGကိုပြောပါတယ်။ “မနှစ်ကပြိုသွားတဲ့ဟာ အခုထိိမပြင်ပေးဘူးလေ အစိုးရက အဲ့ကြောင့်ကားသွားလို့မရဘူး ဆိုင်ကယ်နဲ့ပဲသွားရတာ အခုဆိုင်ကယ်ပဲသွားလို့ရတဲ့နေရာတွေလည်းထပ်ပြိုသွားတယ် ဒီလမှာပဲ။ အဲ့ကြောင့်ဆိုင်ကယ်သမားတွေလည်းမသွားနိုင်ဘူး တချို့နေရာတွေကဆိုင်ကယ်ထမ်းရတယ်ဆိုတော့ ပူတာအိုဆင်းဖို့လည်းမလွယ်တော့ဘူး”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ပုံမှန်အားဖြင့် နွေရာသီနဲ့ဆောင်းရာသီကာလတွေမှာ ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းဟာ ကုန်ကားကြီးတွေအထိသွားလာလို့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်မှာ မြေပြိုမှု ၂ နှစ်ဆက်တိုက်ဖြစ်ခဲ့တဲ့အပြင် ဒီနှစ်မှာလည်း ထပ်ပြုသွားတာကြောင့် လတ်တလော ပူတာအို–ခေါင်လန်ဖူးလမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ခက်ခက်ခဲခဲသွားလာနေရပြီး လမ်းခရီး ၃ ညထက်မနည်းကြန့်ကြာတယ်လို့ သိရပါတယ်။ “ဒီရက်ပိုင်းကတော့လမ်းမှာ သုံး၊လေးည ညအိပ်ရတယ် လမ်းကထပ်ပြိုထားလို့ ပိုဆိုးသွားတာ မနှစ်က နည်းနည်းသွားလို့ရတဲ့နေရာ ဒီနှစ်ဆိုင်ကယ်ထမ်းတင်ရတဲ့နေရာတွေဖြစ်လာတယ်။ အဲ့မှာကယ်ရီခကလည်းပိုစျေးတက် သွားတာပေါ့ လမ်းခရီးလည်းကြာ ငွေကြေးလည်းပိုကုန်ဖြစ်နေတာ”လို့နောက်ထပ် ဒေသခံတစ်ဦးပြောပါတယ်။ လက်ရှိပြိုထားတဲ့နေရာတွေဟာ မနှစ်ကပြိုထားတဲ့ ပူတာအို–ခေါင်လန်ဖူးကြားရှိ ရီဒမ်းဂိတ်အကျော်နေရာတွေနဲ့ ဆန်းလွန်းချက်တောင်ကြားတစ်လျှောက်နေရာတွေမှာထပ်ပြိုထားကြောင်းသိရပါတယ်။ ဒီလမ်းပိုင်းဟာ သုံးကြိမ်တိတိပြိုထားပေမယ့် ဒီနေ့ထိပြုပြင်ပေးခြင်းမရှိတဲ့အတွက် တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ အမြန်ပြုပြင်ပေးဖို့ ဒေသခံပြည်သူတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတောင်းဆိုမှုတွေရှိလည်းရှိနေပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာခက်ခဲတာ ကုန်ကားတွေအဝင်ပြတ်တောက်သွားတာတွေကြောင့် ခေါင်လန်ဖူးဒေသခံအတွင်း အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ဒါပေမယ့် ရှိန်းခေါင်– ခေါင်လန်ဖူးလမ်းပိုင်းကလည်း ခက်ခဲတဲ့တွက် ကုန်တွေကို ခေါင်လန်ဖူးမြို့ထဲရောက်ဖို့ ဆိုင်ကယ်၊ လားတွေနဲ့အဆင့်ဆင့်သယ်ယူရတာကြောင့် ခေါင်လန်းဖူးမြို့ထဲကုန်စျေးကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရကြောင်းသိရပါတယ်။ ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ မိုးရွာသွန်းမှုကြောင့် ရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီး လနဲ့ချီ အသွားအလာပြတ်တောက်မှုတွေကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။ By – Zaw Zaw
Read More » -
18 Marchသတင်း
ပူတာအိုမှာ ၁၂ တန်းကျောင်းသူနှစ်ဦး ကားတိုက်ခံရ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူနှစ်ဦး ကာတိုက်ခံရပြီး အခြေနေစိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ မတ်လ ၁၇ ရက်နေ့ မနေ့ညနေပိုင်း ၄ နာရီခွဲဝန်းကျင် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ရှိ အထက်တန်းကျောင်းမှာ ၁၂ တန်းစာမေးပွဲဖြေပြီး အိမ်ပြန်လာတဲ့ကျောင်းသူနှစ်ဦးကို အိမ်စီးကားတစ်စီးက ဝင်တိုက်ခဲ့ကြောင်း ပူတာအိုမြို့ခံအမျိူးသားတစ်ဦးကKNG ကိုပြောပါတယ်။ “ကားက ညာလမ်းကနေလာတာ ကျောင်းသူမ နှစ်ယောက်က ဘယ်လမ်းဘက်မှာ ဆိုင်ကယ်စီးပြီးလာနေတဲ့အချိန် ကားအရှိန်ပြင်းပြင်းနဲ့ မူမှန်ပဲမောင်းနေတော့ကြောက်ပြီး လမ်းဘေးမှာဆိုင်ကယ်ကိုရပ်ထားလိုက်တာဆက်မသွားဘူး။ အဲ့ရပ်ထားတာကိုမှကားသမားကမူးတော့ဝင်တိုက်မိတာ”လို့ မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ လုံးစွပ်ရပ်ကွက် နဲ့ ကောင်ကထောင်ရပ်ကွက်ကြားက ဇေယျာမင်းဆီပန့်ဆိုင်ရှေ့ ရှိလုံးစွတ်ချောင်းအနီးမှာဖြစ်သွားတာလို့သိရပြီး ကျောင်းသူနှစ်ဦးကို အရေးပေါ်ဆေးရုံတင်ထားကြောင်းသူကဆက်ပြောပါတယ်။ “ကလေးမနှစ်ယောက်ကရပ်ထားတယ်ဆိုပေမယ့် ကားက အရှိန်ပြင်းတော့ လွင့်ထွက်သွားတာ နှစ်ယောက်စလုံး ဆိုင်ကယ်လည်းအကုန်ကျိုးပဲ့သွားတာလူကတော့စိုးရိမ်ရတယ်။ အခြေနေကဆိုးတော့ ချက်ချင်းတော့ဆေးရုံတင်ပေးကြတယ် ကားကတော့ တံတားအောက် ချိုင့်ခွက်ထဲကျသွားတာ ကားလည်းရှေ့ခြမ်းရစရာမရှိအောင်ဖြစ်သွားတယ်”လို့ သူကဆက်ပြောပါတယ်။ ကျောင်းသူမနှစ်ဦး 125 ဆိုင်ကယ်စီးလာတာဖြစ်ပြီး ကား(Honda Fit)တစ်စီးကအရှိန်ပြင်းပြီးမူမမှန်ပဲ မောင်းနေတာကိုတွေ့ရတာကြောင့်ကြောက်လန့်ပြီးရပ်ထားစဥ်ဝင်တိုက်ခံရတာလို့သိရပါတယ်။ ကားမောင်းသူကတော့ အသက် ၂၀ အရွယ် ယောကျာ်းလေးတစ်ဦးဖြစ်ပြီး ဆိုင်ကယ်ဝပ်လျော့တစ်ခုမှာအလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာသိပ်မပြင်းထန်တဲ့အတွက် ရဲစခန်းကိုတန်းခေါ်သွားကြတယ်လို့ ဒေသခံတွေပြောပါတယ်။ ကားတိုက်ခံရတဲ့ကျောင်းသူမ နှစ်ဦးရဲ့ အမည်နဲ့နေရပ်လိပ်စာကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ပူတာအိုမြိုဟာ ခရိုင်အဆင့်မြို့ဆိုပေမယ့် မြို့တွင်းလမ်းမကြီး ကျဥ်းမြောင်းတာ၊ ဒေသခံတွေ ယာဥ်အသိပညာနည်းပါးတာ၊ အရက်မူးလွန်ပြီး ကား/ဆိုင်ကယ် မောင်းနင်မှုတွေကြောင့် ယာဥ်တိုက်မှုတွေမကြာခနဖြစ်ပွားလျက်ရှိပြီး ယခုနှစ် ဇန်နဝါရီ လကနေ မတ်လ အထိ ယာဥ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဦးအထိရှိပြီလို့သိရပါတယ်။ By – Zaw Zaw
Read More »









