ဖားကန့်
-
May- 2026 -13 Mayသတင်း
ဖမ်းဆီးခံထားရတဲ့ ‘မိုင်’ ဆေးခန်းက ဒေါက်တာနဲ့ လူနာတွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ
ဖားကန့်မှာ ဧပြီလအတွင်း စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင် (Mai) ဆေးခန်းက ဒေါက်တာရာဇာထွန်းအပါအဝင် ဆရာဝန်တစ်ချို့နဲ့ ဦးဇော်မိုးတို့ လွတ်မြောက်လာခြင်းမရှိသေးဘဲ သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၁ ရက်နေ့ စစ်ကြောင်းထိုးလာချိန် လုံးခင်း…
Read More » -
11 Mayသတင်း
ဖားကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို စစ်တပ်က သယ်ထုတ်ယူ
ဖားကန့်မှာ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့မှာ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
Read More » -
7 Mayသတင်း
ဖားကန့် တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများ
ဖားကန့် ၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဧပြီလတွင်း လုံးခင်း၊ ဂေါက်ကွင်း၊ ဆေးရုံနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားဝင်ရောက်တပ်စွဲနေတဲ့ စစ်ကြောင်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေဘက်နေ တန်ပြန်တိုက်ခိုက်နေတာ ၄ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။ “စစ်တပ်က စစ်အင်အားဖြည့်တင်းလာလို့ နယ်မြေမတိုးလာနိုင်အောင် လုံးခင်း၊ မှော်ဆီစာ တဝိုက်ကို KIA နဲ့ PDF တပ်တွေက ဝိုင်းပတ်ပြီး ပိတ်ဆို့ထားတယ်။ စစ်တပ်ဘက်က စစ်အင်အား ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ မှော်ဆီစာ ဘုရားကုန်းနဲ့ ဂေါက်ကွင်း၊ ဆေးရုံတစ်လျှောက်၊ Sky Hotel နားတွေမှာပါ နေရာယူထားကြပြီး တဖြည်းဖြည်းနဲ့ စစ်ကြောင်းထိုးနေတာပေါ့။ ဖားကန့် ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေပစ်ကူနေတာ”လို့ ဖားကန့် တော်လှန်ရေးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လုံးခင်းကျေးရွာအုပ်စုရဲ့ စစ်ရေးအတွက် အရေးပါတဲ့ တောင်ကုန်းနေရာ ၃ ခုလောက်မှာ တပ်စွဲထားပြီးနောက် မေလဆန်းပိုင်းမှာပဲ KIA နဲ့ PDF တပ်တွေ စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်နေသလို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။ လုံးခင်းဆေးရုံကုန်းနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်တဲ့ ၄ ရက်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၁၂ ဦးခန့် ရှိတယ်လို့ ဆက်ပြောပါတယ်။ “စစ်ဖြစ်နေတာ ဒီကနေ့အထိ တိုက်ပွဲဖြစ်နေတာ ၃ ရက်၊ ၄ ရက်လောက်ရှိလာပြီ။ အဓိကတော့ စစ်ကြောင်းထိုးနေလို့ဖြစ်တာ။ ဆေးရုံကုန်းတစ်ဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေဘက်ကနေ နယ်မြေကျွမ်းကျင်တဲ့အခါကျတော့ ဒရုန်းတွေနဲ့ သေချာစောင့်ကြည့်ပြီးပစ်တဲ့အခါကျတော့ စစ်တပ်ဘက်က အထိအခိုက်များတယ်။ အခုထိ မကောက်ရသေးတဲ့ အလောင်းတွေ ၈ လောင်းလောက်ကျန်သေးတယ်။ ကောက်ရတဲ့အလောင်းဆိုရင် ၄ လောင်းရှိတယ်”လို့ပြောပါတယ်။ မေလ ၃ ရက်နေ့ ကနေ ၆ ရက်နေ့အထိ…
Read More » -
7 Mayသတင်း
ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ
ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။
Read More » -
4 Mayသတင်း
ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေ
ဖားကန့်မြို့ လုံးခင်းကျေးရွာ ဆေးရုံကုန်းအနီးမှာ ဒီမနက် ၄ နာရီလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More » -
Apr- 2026 -28 Aprilသတင်း
ဆရာဝန်အပါဖမ်းဆီးခံထားရသူ အများပိုင်းလွှတ်မြောက်ခြင်းမရှိသေး
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်းတစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက ဖမ်းဆီးခံရသူတွေ အများပိုင်းလွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။
Read More » -
27 Aprilသတင်း
စစ်တပ်က မြို့တွင်းထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက်သတိနဲ့သွားလာဖို့ပြော
ဖားကန့်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေက မြို့တွင်းဘာသာရေးကျောင်းနဲ့အထပ်မြင့်တွေမှာနေရာယူထားတဲ့အတွက် ပြည်သူတွေသတိထားသွားလာကြဖို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။
Read More » -
26 Aprilသတင်း
ဖားကန့်မှာ ဦးဇော်မိုးကို စစ်တပ်ကဖမ်းဆီး
ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့က ဦးဇော်မိုးဆိုသူကိုဖမ်းဆီးထားပြီး ဒီကနေ့ထိလွှတ်ပေးခြင်းမရှိသေးသလို မိသားစုဝင်တွေနဲ့လည်းတွေ့ခွင့်မပေးဘူးလို့ ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။
Read More » -
22 Aprilသတင်း
ဖားကန့်မှာ ဆေးရုံတစ်ခုစီးနင်းခံရပြီး ဆရာဝန်အပါ အယောက် ၂၀ ခန့်ဖမ်းဆီးခံရ
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက လုံးခင်းကျေးရွာအုပ်စု၊ အောင်ရာရွာရှိ မိုင်ဆေးရုံက ဒေါက်တာ ရာဇာထွန်းနဲ့ ဆေးဝန်ထမ်း အယောက် ၂၀ ဦးကို ဖမ်းဆီးရိုက်နက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More » -
13 Aprilသတင်း
ဖားကန့်မှာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ
ဖားကန့်မြို့နယ် မရှီကထောင် ဆုတောင်းတောင်အနီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်တပ်တို့ စစ်ဆိုင်ထားတဲ့အခြေနေမှာ စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က စစ်ရေးစတင်လှုပ်ရှားလာတဲ့အတွက် ဒီနေ့တစ်ကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဧပြီလ…
Read More »








