ဗန်းမော်
-
Dec- 2023 -26 Decemberသတင်း
ဗန်းမော်မှာ ကျပ်သိန်း ၁၆၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
ကချင်ပြည်နယ် ဗန်းမော်မြို့ သာစည်ရပ်ကွက်မှာ ဆိုင်ကယ်မောင်းနှင်းလာတဲ့ပြည်သူ ၂ ဦးဆီကနေ ကာလတန်ဖိုးကျပ်သိန်း ၁၆၀ ရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့တယ်လို့ CCDAC Myanmar က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ ဗန်းမော်မြို့ သာစည်ရပ်ကွက်…
Read More » -
18 Decemberသတင်း
KIA ဌာနချုပ်အနီး စစ်ရိက္ခာပို့ပြီး ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်း ခိုက်ခံရပြီး တိုက်ပွဲဖြစ်ပွား
မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယန်အထက်မှာ စစ်ရိက္ခာသယ်ပို့ပြီး ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ တွေက ပြောပါတယ်။ ဒေါ့ဖုန်ယန် ခလရ ၁၄၂ တပ်ရင်းကနေ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာရှိတဲ့ ခယာဘွမ့် (Hka Ya Bum)၊ ဖွန်းပရန်ဘွမ့် (Hpun…
Read More » -
5 Decemberသတင်း
ဗန်းမော်မြို့ထဲ ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေ
ကချင်ပြည်နယ် ဗန်းမော်မြို့ထဲ ကုန်စည်စီးဆင်းတဲ့ ကားလမ်းမကြီး ၂ ခုစလုံး ပိတ်ခံလိုက်ရတဲ့နောက် ကုန်ကားအဝင်နည်းသွားတဲ့အတွက် ကုန်ဈေးနှုန်း၊ ဓာတ်ဆီဈေးတွေ မြင့်တက်နေပြီး ပြည်သူတွေသွားလာရေးမှာလည်း ခက်ခဲနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းကစပြီး ဗန်းမော် –…
Read More » -
1 Decemberသတင်း
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့တစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း တစ်ထောင်ကျော်ရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လတာအတွင်း ကာလတန်ဖိုး သိန်းပေါင်း ၁၄၁၄ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေဟာ နိုဝင်ဘာလက ၂၆ရက်နေ့က ဗန်းမော်မြို့ ရွှေပြည်သာရပ်ကွက်သစ်ရပ်ကွက် မြို့ရှောင်လမ်းမှာ ငွေကျပ် ၃၉သိန်းတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ပြားနဲ့ နိုဝင်ဘာ၂၂ရက်နေ့ကလည်း ငွေကျပ်တန်ဖိုး သိန်း ၁၃၇၅တန်ဖိုးရှိတဲ့ ဘိန်းဖြူအလေးချိန် ၅.၅ကီလိုကို မိုးညင်းမြို့နယ် နန့်စီးအောင်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နည်နေရာအနှံ့မှာ မူးယစ်ဆေးဝါးသုံးစွဲသူပိုများလာပြီး အဲဒီထဲမှာ ဆယ်ကျော်သက်အရွယ်တွေနဲ့…
Read More » -
Nov- 2023 -29 Novemberသတင်း
မိုင်းခေါင်စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှာရှိတဲ့ KBC စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တာဝန်ခံ ကပြောပါတယ်။ မံစီမြို့နဲ့အလှမ်းဝေးတဲ့ မိုင်းခေါင်ရွာဟာ စစ်ရေးအခြေအနေတွေကြောင့် သွားလာရေးအခက်အခဲတဲ့အပြင် စစ်ရှောင်တွေဟာအပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ရန် ခက်ခဲလာတာကြောင့် စားဝတ်နေရေးအတွက်ရုန်းကန်နေရတယ်လို့ မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက KNG ကိုပြောပါတယ်။ “အရင်ကထက်လည်း ကုန်ဈေးနှုန်းတွေ တက်လာတယ်၊ အခုဆိုပိုက်ဆံရှာရတာလဲခက်၊ ရှာဖွေစားသောက်ဖို့ ကလည်းခက်၊ အဲ့တာကြောင့် အစားအသောက်ဆိုရင်လည်းဖြစ်သလို ဖြေရှင်းနေကြတာပေါ့” လို့ပြောပါတယ်။ မိုင်းခေါင်ဘက်က စစ်ရှောင်တွေဟာအနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ မြေယာတွေငှားပြီး လယ်ယာစိုက်ခင်းလုပ်ရင်းရင်း တစ်ဖက်မှာလည်း နေ့စားအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် နေ့စားအလုပ်တွေကို ရှာလုပ်လို့ရခဲ့ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အပြင်ထွက်…
Read More » -
11 Novemberသတင်း
မိုးမောက်မြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးပစ်သတ်ခံရ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကြံခင်းကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကြံခင်းကျေးရွာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးနိုင် အသက် ၅၀ ကျော်ကို နိုဝင်ဘာ ၉ ရက်နေ့ မနက် ၉ နာရီခွဲအချိန်မှာ သေနတ်ကိုင်ဆောင်ထားတဲ့အမျိုးသားတစ်ဦးက လာရောက် ပစ်သတ်သွားတာဖြစ်တယ်လို့ မိုးမောက်မြို့ ခါနန်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အုပ်ကြီးက လက်ဖက်ရည်ထိုင်သောက်နေတာ မနက်အစောပိုင်းပေါ့ အဲ့မှာ အမျိုးသားတစ်ယောက်ကလာပြီးမှ…
Read More » -
Oct- 2023 -31 Octoberသတင်း
ကန်တော်ယန်အထိုင်တပ်စခန်းကို သိမ်းပိုက်လိုက်ပြီလို့ KIO ပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူပြော
မြစ်ကြီးနား– ဗန်းမော်လမ်းမပေါ် ရှိ ဆယ်စုနှစ်တစ်စုကြာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ရဲ့ ကန်တော်ယန် (Gangdau Yang) ဗျူဟာကုန်း စစ်တပ်ရဲ့အထိုင်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA က ဒီကနေ့ မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ…
Read More » -
24 Octoberသတင်း
ဗန်းမော်မှာကျင်းပမယ့် မနောပွဲကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ လာမယ့်နိုဝင်ဘာလအတွင်းကျင်းပသွားမယ့် မနောပွဲတော်အပေါ် ကန့်ကွက်မှုတစ်ချို့အပါအဝင် လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ မနောပွဲကျင်းပမယ့်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗန်းမော်ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့်ရိုးရာ ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနဲ့ ကချင်ဘာသာရေးပေါင်းစုံက တာဝန်ရှိသူများက အောက်တိုဘာလ ၂၁ ရက်နေ့ ထပ်ပြီးအစည်းအဝေးနွေးဆွေးခဲ့ရာမှာ ပွဲကိုရက်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “မနောပွဲပြုလုပ်ဖို့…
Read More » -
20 Octoberသတင်း
ဗန်းမော်မှာ စစ်တပ်ကမြို့အဝင်အထွက်တင်းကြပ်လို့ စစ်ဘေးရှောင်တွေ အခက်ခဲဖြစ်နေ
ဗန်းမော်မြို့အဝင်အထွက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတာကြောင့် ဗန်မော်မြို့တွင်းက စစ်ဘေးရှောင်တွေ လုပ်ကိုင်စားသောက်ရန် အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ အရင် ဗန်းမော်မြို့ပြင်ထွက်ပြီး တောင်ယာလုပ်ငန်းတွေအပြင် ရွှေလုပ်ကွက်တွေမှာ နေ့စားဝင်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းလို့ရပေမယ့် ဒီနှစ်အစောပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ မြို့အဝင်အထွက်မှာ အင်အားဖြည့်တင်းပြီးလမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာ မသင်္ကာရင်ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတဲ့အတွက် စစ်ဘေးရှောင်များ မြို့ပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံတစ်ယောက်က ပြောပါတယ်။ “ကျွန်တော်တို့အခုချိန်မှာ သွားရေးလာရေးတွေအရမ်းခက်ခဲနေတယ်၊လုပ်ကိုင်စားသောက်ဖို့အပြင်လည်းမထွက်နိုင်ဘူး၊ စစ်ကောင်စီတပ်ဘက်ကဖမ်းလိုက်၊ KIA ဘက်က တပ်သားလိုက်စုနဲ့ အဲတာတွေကြောင့် မြို့ပြင်မထွက်ဘဲကျပန်းအလုပ်တွေလုပ်ပြီး ဘဲနေနေကြပါတယ်”ဟုပြောပါတယ်။ လက်ရှိစစ်ဘေးရှောင်တွေဟာ ဗန်းမော်မြို့တွင်းမှာဘဲ ကြုံရာကျပန်း အလုပ်တွေသာလုပ်ကိုင်ပြီး နေထိုင်စားသောက်ဖို့အတွက် ဖြေရှင်းနေကြရတယ်လို့ ရောဘတ်စစ်ရှောင်စခန်းတာဝန်ခံက KNG ကိုပြောပါတယ်။ စစ်ရှောင်တွေအတွက် WFP ( ကမ္ဘာ့စားနက်ရိက္ခာ)…
Read More » -
20 Octoberသတင်း
ဗန်းမော် အောင်သီရိရတနာဆိုင် ဓားပြတိုက်ခိုက်ခံရ
ကချင်ပြည်နယ် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိတဲ့ အောင်သီရိရတနာဆိုင်မှာ ကာလတန်ဖိုးသိန်းတစ်သောင်းနီးပါးရှိတဲ့ ရွေထည်လက်ဝတ်ရတနာတွေ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဆိုင်ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ ဒီကနေ့မနက် ၈ နာရီလောက်မှာ maskတပ်ထားတဲ့ လူ ၆ ယောက် ဆိုင်ကယ် ၃ စီးနဲ့ဝင်ရောက်လာပြီး ဆိုင်ရှင်အမျိုးသမီးကိုသေနတ်ထောက်ပြီး လုယူသွားတာဖြစ်တယ်လို့ ဆိုင်ဝန်ထမ်းတစ်ယောက်က KNG ခုလိုပြောပါတယ်။ “သေနတ်နဲ့ဝင်လာပြီးတော့…
Read More »









